အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊အဗ်နာ ။။
အမေ ဆိုတဲ့ အလ္လာဟ် အရှင်မြတ် ၏ နေအ်မသ်တော်ကြီး တစ်ပါး ကို ခဏ
လေးခံစားလိုက်ရတဲ့ သားသမီးတိုင်း အမေတန်ဖိုးကို ပို သိပါတယ်လေ။
အမေရှိသော် သူတိုင်း ဆက်ပြီး ၎င်း တို့၏ အမေများ အသက်ရာကျော် ရှည်ပါစေ
အမေမရှိသော်သူတိုင်း လည်း ဘဝ အကွေ့တိုင်း ကိုယ်ချင်းစာ တတ်တဲ့သူများနှင့်
တွေ့ကြပါစေ။
သားသမီးတိုင်း မိမိတို့ရဲ့ ဘဝကို ရင်းပေးခဲ့ကြတဲ့ မိဘ နှစ်ပါး ကို ကိုယ် စိတ် နှလုံးဖြင့်
မပြစ်မှား ၊ မိကြစေဖို့စေတနာ ရင်း နဲ့ ဒိုအာလုပ်ပါတယ် ။လောက မှာ မျက်နှာမြင်တိုင်း ချစ်ခင်တတ်တာ
အသံကြားတိုင်း သနားတတ်တာ
မေတ္တာဓာတ် အပြည့်နဲ့ ထုံမွန်းနေအောင်ပြုစူပျိုးထာင်
လေကျင့် သွန်သင် ပေးတာ
အပြစ်မယူ ဘဲ ခွင့်လွတ်တတ်တာ
ကလဲ့စားမချေတတ်တာ
အမြဲတမ်း အရင်းသာစိုက်ပြီး အမြတ် မယူတတ်တာ....
မိဘ တွေပါ
ဆင်စီးပြီးမြင်းရံတာတွေ့ခြင်ပြီး ၊ဆင်နင်းပြီးမြင်းကန်တာမမြင်လိုတာ
မိဘတွေပါ။
မိဘဆိုးတယ်ဆိုတာ သူစိမ်းကောင်းသလောက်ပါဘဲ ။
အမွေမလိုပါဘူးအမေဘဲလိုတာပါ။
အမေ၊အဖေ၊ညီအစ်ကိုမောင်နှမ တွေနဲ့ ပတ်သက်လာရင်
ယုတ်စွာ အမျိုးအရင်းတွေဖြစ်ပါစေ၊ဦးလေး ၊အဒေါ်
အဖိုး၊အဖွား၊မောင်နှမ၊ညီအစ်ကို ၊ညီအစ်မဝမ်းကွဲနေရင်
တောင် အတွင်း တရံအပြင်ကာ ၊အပြင်တရံအတွင်းကာမဖြစ်ဖို့လိုတာယ်
သွေးပြောတာကို ယုံ ၊အီမာန်ပြောတာကို ယုံဖို့
ဘေးပြော၊ကူဖ်ရ်ပြောတာ မယုံမိပါစေနဲ့။
နောက်ဆုံး အမေ အတွက် အချိန်ပြည့် ဆုတောင်းနေသင့်တယ်။