$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

ပြည်ပဈေးကွက် အကြိုက်တွေ့နေသည့် ဆိတ်သား ပိုမိုမွေးမြူထုတ်လုပ်သင့်

  • News Code : 372584
  • Source : The Public Image မှ

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ပြည်တွင်းသာမက ပြည်ပကပါ အကြိုက်တွေ့သည့် ဆိတ်သား ထုတ်လုပ်ရောင်းချမှု ဈေးကွက် အား ယခုထက်ပိုမို မွေးမြူထုတ်လုပ် သွားသင့်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ အမှုဆောင် အကြံပေးဒေါက်တာဦးသန်းလှက ဒီဇင်ဘာ ၆ရက်နေ့တွင် လူထုပုံရိပ်သို့ ပြောသည်။ "ပြည်တွင်းမှာ သာမက ပြည်ပက လည်း ဈေးကွက်ဝယ်လိုအား ကောင်းတဲ့ အသားအဖြစ် ရပ်တည်နေ တာကြောင့် ပိုမို တိုးထုတ်သင့်ပါတယ်။ ရောဂါပိုး ကာကွယ် စမ်းသပ် မှုတွေလည်း ပြုလုပ်သင့်ပါတယ်"ဟု ၄င်းကပြောသည်။ မြန်မာနိုင်ငံတွင် ဆိတ်မွေးမြူရေး လုပ်ငန်းမှာ ရေမြေသဘာဝ ခြောက်သွေ့သည့် နေရာများ၌သာ အများဆုံးဖြစ်ထွန်း ခဲ့ပြီး၊ ယခုအခါ မြန်မာပြည်အောက်ပိုင်း စိုစွတ်သည့် နေရာများ၌လည်း မွေးမြူနိုင် ပြီဖြစ်ကြောင်း ၄င်းက ဆိုသည်။ ယခုလက်ရှိ ဆိတ်မွေးမြူရာတွင် ကြီးထွားမှုနှုန်းနှေးပြီး အသားထုတ်လုပ်ရာတွင် ကြန့်ကြာမှုများ ရှိကြောင်း၊ ပြည်ပသို့ တင်ပို့ရာတွင်လည်း ကုန်ပစ္စည်းများ ပြတ်လပ် မှုများ ရှိနေကြောင်း ၄င်းက သုံးသပ်ပြောကြားသည်။ ဆိတ်သားကို မလေးရှားနှင့် တရုတ်နိုင်ငံတို့ အများဆုံးဝယ်ယူပြီး၊ တင်ပို့သော ဆိတ်သား အများစုကို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများဖြစ်သည့် ပခုက္ကူ၊ မန္တလေး၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ မြိုင်စသည့် နေရာဒေသများ မှရရှိကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆိတ်သားတင်ပို့မှုကို ၂၀ဝ၂-၂၀ဝ၃ ခုနှစ်တွင် စတင်ခဲ့ပြီး၊ ပြည်တွင်းရောင်းဈေး တစ်ပိဿာလျှင် ကျပ် တစ်သောင်းကျော်ရှိပြီး နှစ်စဉ် အကောင်ရေ နှစ်သန်း အထက် တိုးပွားနေပြီး၊ နိုင်ငံတွင်း ဆိတ်သား ကဏ္ဍ ပိုမိုတိုးတက်လာစေရန် ပြည်ပနိုင်ငံ များမှ အကူအညီပေးရန် အစီအစဉ်များ ရှိကြောင်း ၄င်းက ထပ်မံပြောသည်။