$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

တရုတ်သို့ ဆန်တင်ပို့မှု ဈေးကွက်ကျဆင်း

  • News Code : 372820
  • Source : 7Day News မှ

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ ပြည်ပဆန်ဆင်ပို့မှု၌ အဓိကအား ထားနေရသည့် တရုတ်ဈေးကွက် တွင် ဝယ်လိုအားထက် ရောင်းလိုအား များနေသဖြင့် ဒီဇင်ဘာလ ဆန်းမှ စတင်ကာ ဈေးနှုန်းများ ကျဆင်းလာကြောင်း မူဆယ်ဆန် စပါးလုပ်ငန်းအသင်းမှ သတင်းရရှိသည်။ တရုတ်ပြည် ရွှေလီမြို့မှ ကူမင်းမြို့သို့ အသွား ကားခများတက်လာခြင်း၊ ဝင်ရောက်လာသည့် ဆန်များမှာ အရည်အသွေး လိုအပ်ချက်များရှိနေခြင်း၊ ဝယ်ယူ နိုင်သည့် ပမာဏထက် ပိုမိုဝင် ရောက်နေခြင်းတို့ကြောင့် တရုတ် ကုန်သည်များက ဈေးနှုန်းလျှော့ချသဖြင့် ယခုကဲ့သို့ ဈေးကျဆင်း လာခြင်း ဖြစ်ကြောင်း မူဆယ်ဆန်စပါး လုပ်ငန်းအသင်းမှ ပြန်ကြားရေး တာဝန်ခံ ဦးမင်းသိန်းက ရှင်းပြသည်။ "နေ့စဉ် အိတ်လေးသောင်း လောက်ဝင်တယ်။ သုံးသောင်းလောက်ပဲ ရောင်းရတော့ တစ်သောင်း လောက်က ဂိုဒေါင်မှာ လာလာစုနေတယ်" ဟုဦးမင်းသိန်းကဆိုသည်။

လက်ရှိတရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုသည် နယ်စပ်ကုန်သွယ်ရေးနှင့်သာ အဓိကတင်ပို့နေရခြင်း ဖြစ်သည်။ ပင်လယ်ရေကြောင်းဖြင့် အာဖရိကနိုင်ငံ များသို့ ဆန်တင်ပို့မှုမှာ ယခုနှစ်တွင် အလွန် နည်းပါး နေကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းချုပ်မှ ဗဟိုအလုပ် အမှုဆောင် တစ်ဦးက ပြောကြားသည်။ "ဒီလထဲမှာ Mapco ကတော့ အာဖရိကကို သင်္ဘောတစ်စီး ထွက်ဖို့ရှိတယ်။ တန်ချိန် တစ်သောင်းခွဲ ၀န်းကျင် လောက်ရှိမယ် ထင်တယ်" ဟု အဆိုပါအသင်းမှ ဗဟိုအလုပ် အမှုဆောင် ဒေါက်တာစိုးထွန်းက ဆိုသည်။ ယခုနှစ်ကုန်ပိုင်းတွင် အိန္ဒိယ နှင့် ပါကစ္စတန်နိုင်ငံများမှ ၂၅ မှတ် (အကျိုး အကြေ ၂၅ ရာခိုင် နှုန်း) ကို တစ်တန်လျှင် အမေရိ ကန်ဒေါ်လာ သုံးရာ့ခုနစ်ဆယ်မှ ခုနစ်ဆယ့်ငါးကြား ရောင်းမည်ဟု သိရသည်။ မြန်မာ့ဆန်သည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ သုံးရာ့ငါးဆယ်ဝန်းကျင်သာ ဈေးရသည်။ မြန်မာ့ဆန်များ အာဖရိက ဈေးကွက်သို့တင်ပို့နိုင်ရန် ဈေးကွက်ရရန် အခွင့်အရေးမှာ အားနည်းနေသည်။ အကြွေးပေးနိုင်သည့် အချိန်ပမာဏ၊ သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်တို့တွင် အိန္ဒိယနှင့် ပါကစ္စတန်တို့သည် မြန်မာနိုင်ငံထက် အဘက်ဘက်မှ သာလွန်လျက်ရှိသည်။