$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

အဂတိ လိုက်စားမှု စွဲချက် များနှင့် ရင်ဆိုင်နေရတဲ့ သီရိလင်္ကာ အမျိုးသမီး တရားသူကြီး

  • News Code : 373049
  • Source : yoyalay မှ
အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ။။

သီရိလင်္ကာ နိုင်ငံတွင် ပါလီမန်ဆင့် ခေါ်ပြီးနောက် စွဲချက်သုံးခုဖြင့် တရားစွဲ ခံထား ရသော သီရိလင်္ကာနိုင်ငံ ပထမဆုံး တရားရေး ဆိုင်ရာ အမျိုးသမီးအား အပြစ် ရှိကြောင်း တွေ့ရှိခဲ့သဖြင့် အမျိုးသမီး တရားသူကြီးသည် ရာထူးမှ ဖယ်ရှားခံရ တော့မည့်အရေးနှင့် ရင်ဆိုင်နေရသည်။

၂၀ဝ၉ ခုနှစ် တမီးလ်သူပုန်များအားဖြိုခွင်းပြီးနောက် အစိုးရသည် တရားစီရင် ရေးကဏ္ဍတွင် ထိန်းချုပ်ရန်နှင့် အာဏာ ကို ဆက်လက်ချုပ်ကိုင်ရန် ကြိုးစားနေ သည်ဟု နိုင်ငံတကာမှ စိုးရိမ်မကင်းဖြစ် နေသည်ကို အမျိုးသမီးတရားသူကြီး ရှီရာနီဘမ်ဒါရာနရိတ်ကို စွဲချက်တင်ထား သောအချက်များက ထောက်ပြလျက်ရှိ သည်။

“သူမမှာ အပြစ်ရှိတာကိုကျွန်တော်တို့ တွေ့ခဲ့ရပါတယ်”ဟု အစိုးရ ပါလီမန်အဖွဲ့ဝင် ဆူစီးလ်ပရီမာဂျာရန် သာက သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် သတင်းထောက်များအား ပြောကြားခဲ့ သည်။

လက်ရှိအာဏာရပါတီUnited People's Freedom Alliance ကို ထိခိုက် စေသော သူမအား စွပ်စွဲထားသည့် ဘဏ္ဍာရေးနှင့် တရားစီရင်ရေးဆိုင်ရာ စွဲ ချက်ငါးခုအနက် သုံးခုတွင် အပြစ်ရှိ ကြောင်းကို ပါလီမန်အဖွဲ့မှ တွေ့ရှိခဲ့သည် ဟု ပြောကြားခဲ့သည်။

သူမအား စွဲချက် တင်ထားသည့်အမှုများတွင် ဘဏ် ကိုးခု၏ စာရင်းဇယားများအား ကြေညာ ရန် ပျက်ကွက်ခြင်းအပါအဝင် သူမ၏ညီမ တိုက်ခန်းဝယ်ယူခဲ့သော ကုမ္ပဏီ အမှုအား ဝင်ရောက်စွက်ဖက်ခြင်းတို့ လည်း ပါဝင်သည်။

သူမကြေညာခဲ့ခြင်း မရှိသည့် ဘဏ်ကိုးခုထဲမှဘဏ်တစ်ခုစီရှိ အမေရိကန်ဒေါ်လာ နှစ်သိန်းငါးသာင်း အားလည်း လျှို့ဝှက်စွာ သိမ်းဆည်းထား ကြောင်း ပါလီမန်မှ ထုတ်ပြန်ခဲ့သည်။

ယခုတွေ့ရှိခဲ့သည့် ပြစ်မှုသုံးခုသည် အလွန်တရာကြီးလေးသည့် ပြစ်ဒဏ်များ ဖြစ်၍ ကျန်ရှိနေသည့် ပြစ်မှုကိုးခုကို ဆက်လက်တရားစွဲဆိုမှုပြုလုပ်တော့မည် မဟုတ်ကြောင်း ပါလီမန်က ပြောကြားခဲ့ သည်။ သီရိလင်္ကာနိုင်ငံတွင် တရားရေး ဆိုင်ရာ အကြီးအကဲတစ်ဦး အပြစ်ရှိပါကပါလီမန်မှ ဆန္ဒမဲကောက်ယူကာ သမ္မတ မှ တစ်လအတွင်း အပြစ်ရှိသူ တရားသူ ကြီးများအား ထုတ်ပယ်ပိုင်ခွင့်ရှိသည်။

လက်ရှိသမ္မတ မဟင်ဒါရာဂျာပက်ခ်ဆီ၏ အစ်ကိုတော်စပ်သူ စီးပွားရေးဝန်ကြီး ဘစီးလ်အား ပိုမိုလုပ်ကိုင်ခွင့်ရအောင် လုပ် ဆောင်ပေးခြင်း၊ ငွေကြေးများစွာအား လိမ် လည်ထားခြင်းတို့ကြောင့် စတင်စစ်ဆေး ခြင်းဖြစ်ပြီး တရားသူကြီးရှီရာနီဘမ်ရာဒါ ရာနရိတ်မှ အများပြည်သူအား သူမ၏ အမှုနှင့်ပတ်သက်၍ တစ်စုံတရာ ဖြေရှင်း ချက်မပေးသေးကြောင်း အေအက်ဖ်ပီ သတင်းဌာနက ကြေညာခဲ့သည်။