$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

ရွှေတိဂုံတွင် လင်းတနား၍ အန္တရာယ်ကင်း ပရိတ်နှင့် ကမ္မဝါစာ ရွတ်ဖတ်

  • News Code : 380136
  • Source : Venus News Journal

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။ရန်ကုန်မြို့ ရွှေတိဂုံစေတီတွင် လွတ်လပ်ရေးနေ့၌ မြန်မာပြည်သူလူထု ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေး စေရန် ဆရာတော် ဦးပါမောက္ခနှင့်တကွ သံဃာအပါး ၇၀ ကျော်တို့က ပရိတ်တရားတော်နှင့်ရန်ကုန်မြို့ ကမ္မဝါစာကို ရွတ်ဖတ်ခဲ့သည်။ လင်းတနားခြင်းကိုအကြောင်း ပြု၍ မြန်မာပြည် ဘေးအန္တရာယ် ကင်းရှင်းစေရန် ပရိတ်တရားတော် နှင့် ကမ္မဝါစာရွတ်ဖတ်ပွဲကို သံဃာ အပါး ၇၀ ကျော်၊ လူပရိသတ် ၆၀ ကျော်တို့ ရွတ်ဖတ်ခဲ့ကြကြောင်း၊ လင်းတနားသောကြောင့် မကောင်း သော ဘေးအန္တရာယ်များ ကျ ရောက်မည်ဟု ယူဆသောသူများ နှင့် မြန်မာပြည်သူလူထု အားလုံး အတွက် မေတ္တာထားပြီး ပရိတ် ကမ္မဝါစာ ရွတ်ဖတ်ခြင်းဖြစ်ကြောင်း မကွေး ပရိယတ္တိ စာသင်တိုက် ဆရာတော် ဦးပါမောက္ခက Venus New Weeklyမိန့်ကြားသည်။ 'ပရိတ်လာရွတ်တာ ကောင်း ပါတယ်၊ ဘုရားဆိုတာကတော့ ကောင်းတဲ့သူလည်း လာမှာပဲ၊ မကောင်းတဲ့သူလည်း လာမှာပဲ၊ ဘုရားကိုလာမှာဆို တော့  ကောင သောလာခြင်းဖြစ်မှာပါ'ဟု ဘုရား ဝေယျာဝစ္စ လုပ်နေသူ မသန္တာက ပြောသည်။ ရွှေတိဂုံ စေတီတော်တွင် လင်းတများ ပြန်သွားသော ဒီဇင် ဘာ ၂၄ ရက်တွင်လည်း သံဃာ ၂၄ ပါးတို့သည် ပဋ္ဌာန်းရွတ်ဖတ်ခဲ့ ကြသည်။