$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

ရာသီဥတု ချမ်းအေးလာမှုကြောင့် တောမီးလောင်ကျွမ်းမှု အခြေအနေ သက်သာလျော့ပါးသွား

  • News Code : 381687
  • Source : ရိုးရာလေး

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ရာသီဥတု ချမ်းအေးလာမှုကြောင့် ဩစတေးလျနိုင်ငံ အရှေ့ တောင်ပိုင်းတွင် တောမီး လောင်ကျွမ်းနေမှု အခြေအနေ သက်သာလျော့ပါး သွားခဲ့ပြီး မီးသတ် သမားများက ပြည်နယ်အသီးသီးမှ တောမီးများကို ဆက်လက်ငြှိမ်း သတ်နေကြသည်။ သမိုင်းတစ် လျှောက် ၅ ရက်ဆက်တိုက် အပူချိန် စံချိန်တင်မြင့် တက်ခဲ့ပြီးနောက် New South Wales ပြည်နယ်တွင် ဇန်နဝါရီလ ၈ ရက်နေ့က အပူချိန် 10°C ဝန်းကျင် အထိ ကျဆင်းသွားခဲ့သည်။ သို့သော် ယခုသီတင်းပတ် အကုန်ပိုင်းတွင်း အပူချိန်ပြန်လည်မြင့် တက်လာနိုင် ကြောင်း ခန့်မှန်းနေကြပြီး အပူချိန် ကျဆင်းသွား သည့်တိုင် တောမီးလောင်ကျွမ်းမှု အသစ်များ ထပ်မံ ဖြစ်ပွားလျက်ရှိသည်။

မီးလောင် ကျွမ်းမှုများကြောင့် New South Wales, Victoria နှင့် Tasmania ပြည် နယ်များတွင် အဆောက်အအုံများ ပျက်စီးသွား ခဲ့သည်။ ရာသီဥတု ပူပြင်းမှုမှာ ကမ်းရိုးတန်းဒေသသို့ ရွေ့လျား လာနေသဖြင့် Queensland ပြည်နယ် မီးသတ်သမား များ ကပြည်နယ်တောင်ပိုင်း အခြေအနေများကို မျက်ခြေ မပြတ် စောင့်ကြည့်နေကြသည်။ တချို့ ဒေသများတွင် အပူချိန် 40°C အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းနေကြ သည်။ ဇန်နဝါရီလ ၈ ရက်နေ့တွင် ဆစ်ဒနီမြို့၏ အပူချိန်သည် ပြဒါးတိုင် ကျော်သွားပြီး 40°C အထက်ရှိခဲ့သော်လည်း နောက်တစ်နေ့တွင်မူ 25°C  သို့ ကျဆင်းသွားခဲ့သည်။ ဇန်နဝါရီလ ၈ ရက်နေ့တွင် မီးရုတ်တရက် လောင်ကျွမ်းပြီး ကူးစက်မှုမြန်ဆန်ကာ ထိန်းမနိုင် သိမ်းမရ ဖြစ်နိုင်သဖြင့် ဒေသ   ၄ ခုကို အကြီးမားဆုံး မီးဘေးအန္တရာယ် သတိပေး ခဲ့သည်။ Tasman ကျွန်းဆွယ်တွင် ပြင်းထန်သည့် မီးလောင်ကျွမ်းမှု တစ်ခုကြောင့်မြေ ၂၀ဝ၀ဝ ဟက်တာနှင့် နေအိမ် ၁၂၀ မီးလောင်သွားခဲ့ သည်။ ရာသီဥတု ချမ်းအေးလာသော် လည်း New South Wales ပြည်နယ် တွင် တောမီးလောင်ကျွမ်းမှု ၁၃၀ ကျော် ဖြစ်ပွားနေဆဲဖြစ်ပြီး ၃၀ ခန့်ကို ထိန်းချုပ်မရ သေးကြောင်း သိရသည်။