$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

ဝဲကျွန်းတွင် ဆလုံအိမ် ၃၁လုံး မီးလောင်ပြာကျ

  • News Code : 382009
  • Source : The Public Image

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ မြိတ်ခရိုင် ကျွန်းစုမြို့နယ်၊ ၀ဲကျွန်းတွင် ဇန်န၀ါရီ ၆ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ် တွင် မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး ဆလုံ တိုင်းရင်းသားများ နေထိုင်သော အိမ်ခြေ ၃၁ လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း လူထုပုံရိပ်မှ စုံစမ်းသိရှိရသည်။ "လူမရှိတဲ့ အိမ်ကနေ စလောင်တာ၊ အိမ်တိုင်းမှာက စက်လှေတွေ အတွက် ဒီဇယ်ဆီတွေ ရှိနေတော့ တစ်အိမ်ကို ၃ မိနစ်နှုန်းလောက်နဲ့ လောင်သွားတယ်၊ ၃၁အိမ် ပါသွားတယ်၊ ကံမော် မီးသတ်တော့ လာတယ်၊ ဒါပေမယ့် မီးငြိမ်းမှ ရောက်လာတယ်၊ ကျွန်းမှာရှိတဲ့ မီးသတ်တွေ ကလည်း အတွေ့အကြုံမရှိ၊ သင်တန်းပေးထားတာမရှိ၊ ပြီးတော့ မီးသတ်ဆေးဗူးတောင် မဖွင့်တတ်ဘူး၊ လာတဲ့ မီးသတ် ကလည်း ရေစုပ်စက်နဲ့ ပန့်မပါဘူး၊ လောင်တဲ့အချိန်မှာ ကျွန်းရှေ့တည့်တည့်မှာ ရေတပ်သဘောင်္ ရှိတယ်၊ ဘာမှ မလုပ်ပေးဘူး၊ ဒီအတိုင်း ပြန်လှည့်ထွက် သွားတယ်" ဟု ၀ဲကျွန်းရှာခံတစ်ဦးက လူထုပုံရိပ်သို့ ပြောသည်။ မီးလောင်မှုမှာ ၁၂ နာရီ ၁၅ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး မွန်းလွဲ ၁နာရီ ၄၅ မိနစ်တွင် မီးညွန့်ကျိုးကာ ယခုအချိန်ထိ မီးကြွင်းမီးကျန်များကို ငြိမ်းသက်နေရကြောင်း၊ အိမ်ခြေ ၃၁ လုံး၊ မိသားစု ၃၆ စု၊ လူဦးရေ ၁၇၃ ယောက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြောင်း ကံမော်ရဲစခန်းမှ ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်ပြီး အာမခံပေးထားကြောင်း ဒေသခံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယင်းမီးလောင်မှုနှင့် ပတ်သက်၍ ကံမော်ရဲစခန်း၊ စခန်းမှူး ဦးသောင်းစိုး အား ဆက်သွယ်မေးမြန်းရာ ဖုန်းပိတ်ထားသဖြင့် ဆက်သွယ်မှု မရရှိခဲ့ပေ။