အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ။အဗ်နာ Postcode Gazette အင်တာနက် သတင်းဌာနမီတဆင့် အီးက်နာ အပြည်ပြည် ဆိုင်ရာ ကျမ်းတော် မြတ် ကုရ်အာန် သတင်း ဌာန - အီရန် - မှ တင်ပြသည်မှာ -ကျောင်းများ ၊ တက္ကသိုလ်များ ၊ အဖွဲ့အစည်းများ ၊ခရစ်ယာန်ဘုရားကျောင်းများနှင့်ဆက်နွယ် နေသူများ အနေဖြင့် အင်္ဂလန် နိုင်ငံ ရှိ ရှီးဖီလန် မြို့၏ မဒီနာ မစ်ဂျစ်ဒ် တော် ရှိ အစ္စလာမ် ဘာသာ နှင့်မွတ်စလင်များ အကြောင်း သိလာစေရန်မိတ်ဆက် ပေးမှု အစီအစဉ်များကို တက်ရောက်ပြီး အစ္စလာမ် ဘာသာ နှင့်မွတ်စလင်များ အကြောင်း ပိုမို သိရှိနိုင်မည် ဖြစ်ကြောင်း သိရပါသည်။အင်္ဂလန် နိုင်ငံ ရှိ ရှီးဖီလန် မြို့၏ မဒီနာ မစ်ဂျစ်ဒ် တော် ၏ ဂေါပကများမှ တာဝန်ရှိပုဂ္ဂိုလ် တစ်ဦး ဖြစ်သည့် ဝဟီးဒ် အခ်သရ် အနေဖြင့် ဤအစီအစဉ် ကို စတင်ချိန် မှ ယနေ့ထိ ယေဘုယျ အား ဖြင့် အယောက် ၆ ထောင်နီးပါး တက်ရောက်နေရာ ယူခဲ့ကြောင်း ပြောပြ ခဲ့ပါသည်။၎င်းအနေဖြင့်ဆက်လက်ပြီး ပြီးခဲ့သည့် နှစ်တွင်လည်း မြို့နေမွတ်စလင်မဟုတ်သူများ ကို အစ္စလာမ် ဘာသာ မိတ်ဆက်ပေးမှု အစီအစဉ် အဖြင့် တပတ်တွင် ၂ရက် မဟ်ဂျစ်ဒ် တံခါး ကိုဖွင့်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
အင်္ဂလန် နိုင်ငံ ရှိ မဒီနာ မစ်ဂျစ်ဒ် တော်တွင် မြို့နေမွတ်စလင်မဟုတ်သူများ ကို အစ္စလာမ် ဘာသာ မိတ်ဆက်ပေးမှု အစီအစဉ် စတင်ဖွင့်လှစ်
ဇန်နဝါရီ ၂၀, ၂၀၁၃ - ၁၂:၀၀ နံနက်- News Code : 383430
- Source : iqna
အင်္ဂလန် နိုင်ငံ ရှိရှီးဖီလန် မြို့၏မဒီနာမစ်ဂျစ်ဒ် တော်တွင်အင်္ဂလန် နိုင်ငံသားမွတ်စလင် မ ဟုတ်သူများ ကို အစ္စလာမ် ဘာသာ နှင့်မွတ်စလင်များ အကြောင်း သိလာစေရန်မိတ်ဆက် ပေးမှု အစီအစဉ် များကို စတင်ဖွင့်လှစလိုက်ပြီးဖြစ်ပါသည်။