$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

အဖျက်ခံရသည့် ကျောင်းသည် လူမျိုးဘာသာ မရွေးအတွက် ပညာဒါနပြုရန် စီစဉ်နေသည့် နေရာဖြစ်ကြောင်း ဦးသန်းတင်ပြော

  • News Code : 395307
  • Source : myanmarmusilim

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ

ဘာသာရေးအစွန်ရောက် လူတစ်စု၏ ဥပဒေပ တောင်းဆိုဖြိုချခြင်းကို ခံခဲ့ရသည့် သာကေတမြို့နယ် အမှတ် ၃ မြန်မာမွတ်စလင်မ် အခြေခံ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းသည် လူမျိုးဘာသာ မရွေးအတွက် (အခမဲ့) အခြေခံ ကွန်ပြူတာ သင်တန်းနှင့် အင်္ဂလိပ်စကားပြော သင်တန်းဖွင့်ရန် ဆောင်ရွက်နေသည့် နေရာဖြစ်ကြောင်းနှင့် ပြန်လည် တည်ဆောက်ခွင့်ရပါက မူလစီစဉ်မူများကို ပြန်လည် အကောင်အထည် ဖော်နိုင်ရန် ဆောင်ရွက်သွားမည်ဟု အဆိုပါကျောင်း နယက ဦးသန်းတင်က မြန်မာမွတ်စလင်မ်မီဒီယာ သို့ ပြောသည်။

အခုလက်ရှိလည်း လယ်ရွာ မွတ်စလင်မ်ဥယျာဉ်ဝင်းအတွင်းမှာ သင်တန်းတွေလုပ်ထားပါတယ်။ ပုံမှန်အတိုင်းဆို အခုလ ၂၄ရက်နေ့မှာ စာမေးပွဲစစ်ဖို့ လုပ်ထားတယ်။ ကလေးစာသင်ကျောင်း အဖျက်ခံလိုက်ရလို့ ရက်ရွေ့လိုက်ရတယ်၊ အဖျက်ခံရတဲ့နေရာမှာ ပြန်ဆောက်ခွင့် ရရင်လည်း သင်တန်းဖွင့်နိင်ဖို့ ဆက်လုပ်မှာပါ

ဟုဦးသန်းတင်က myanmarmuslim.net သို့ ပြောသည်။

သာကေတမြို့နယ်ရှိ အမှတ်(၃) မြန်မာမွတ်စလင်မ် အခြေခံအစ္စလာမ်ဘာသာရေးစာသင်ကျောင်းသည် ၁၉၅၈ ခုနှစ်ကတည်းက တရားဝင် စတင် တည်ထောင်ခဲ့သည့်ကျောင်းဖြစ်ပြီး ယခုလ ၁၇ရက်နေ့လည် ၁၂း၀၀နာရီတွင် စိုးလွင်၊ စောဦး၊ အေးနိုင်၊ သန်းထိုက် ၊တင်ထွန်းနိုင် ဦးဆောင်သည့် ဘာသာရေး အစွန်းရောက်များက ကျောင်းအဆောက်အဦးကို ခဲဖြင့် ပစ်ပေါက်ခြင်း၊ ဆိုင်းဘုတ်ဖျက်ဆီးခြင်း၊ ကျေင်းဝင်းနံရံအား ဖြိုဖျက်ခြင်း တို့ကို ပြုလုပ်ခဲ့သည်။

အထက်ပါအတိုင်း မင်းမဲ့စရိုက်ပုံစံဖြင့် ဘာသာရေး အစွန်းရောက် တစ်စုက ထကြွခဲ့မှုကြောင့် အခင်းဖြစ်သည် ၁၇-၂-၂၀၁၃ (တနင်္ဂနွေနေ့)တွင်ပင် စည်ပင် လက်ထောက်ဌာနမှူး ဦးငွေစိုးအောင်က ပေကျော်ဆောက်သဖြင့် ဥပဒေနှင့် မညီညွတ်သည့်အပိုင်းကို ပြန်လည်ဖျက်သိမ်းရန်စာကို ရုံးပိတ်ရက် တနင်္ဂနွေနေ့တွင် နာရီပိုင်းတွင်း ထုတ်ပေးခဲ့သည်။ ကလေးငယ်များ အတွက် အစ္စလာမ်ဘာသာရေး အခြေခံပညာသင်ကျောင်းကို ဗလီဆောက်သည်ဟူ၍ လည်းကောင်း မြေအောက် ဥမင်လိုဏ်ခေါင်းရှိသည်ဟူ၍ လည်းကောင်း စသည့်သတင်းမှားများကို မြန်မာမီဒီယာအများစုက ရခိုင်-ရိုဟင်ဂျာ ပဋိပက္ခကဲ့သို့ပင် တစ်ဖက်သတ် သတင်မှားများကို ဖော်ပြခဲ့သည်။

အထက်ပါကျောင်းအဆောက်အဦးအား မြို့နယ်အုပ်ချုပ်ရေးမှုးဦးဆောင်သည့် လူတစ်စုက ပေကျော်သည်ဟု ဆိုကာ ဖြိုဖျက်ခဲ့ပြီးနောက် အဆိုပါနေရာတွင် ဗုဒ္ဓဘာသာ ဓမ္မရုံတည်ဆောက်ရန် တောင်ဆိုမှုများ၊ ဗုဒ္ဓဓမ္မအလံ စိုက်ရန် ကြိုးပမ်းမှုများဖြစ်ပေါ်ခဲ့သဖြင့် သက်ဆိုင်ရာက ဖမ်းဆီးဟန့်တားမှုများပြုလုပ်ခဲ့ရသည်။

အထက်ပါဖြစ်ရပ် နောက်ဆက်တွဲအဖြစ် ၁၉ရက်နေ့တွင် သာကေတရန်ပြေ၊ ၂တောင် ရပ်ကွက်ရှိ အစ္စလာမ်အခြေခံ ဘာသာရေး စာသင်ကျောင်းနှင့် အစ္စလာမ် ဘာသာဝင်ပိုင် ဈေးဆိုင်များကို ဖျက်ဆီးလုယက်ခံ ရမှုထပ်မံဖြစ်ပွားခဲ့သည်။