$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

ကမ္ဘာ့အံ့ဖွယ် ဟိုတယ်

  • News Code : 395761
  • Source : ရိုးရာလေး

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ရှးခေတ် သမိုင်းတွင် အီလီးယက် ကဗျာကြောင့် ထင်ရှားခဲ့သည့် ထရိုဂျန်မြင်း ရုပ်ပုံစံ ဟိုတယ်အိပ် ခန်းများ၊ အိပ်ခန်းများ အတွင်းရေ သူမအရုပ် များနှင့် အတူ သဘာဝရှုခင်း ရသများကို ထိတွေ့ခံစားနိုင်မည့် ကမ္ဘာ့အံ့ဖွယ် ဟိုတယ်တစ်ခုကို ဘယ်လ်ဂျီယံ နိုင်ငံ ဒါဘွိုင်းမြို့တွင် ဖွင့်လှစ် ထားခဲ့ကြောင်း သတင်းများ အရ သိရသည်။

လာဗယ်လာ ဒီဒယ်ဂျီနိုမက်စ် အမည် ရှိသော ဟိုတယ်အိပ် ခန်းများ၏ နံရံတွင် လကမ္ဘာပေါ် သို့ အာကာသ ယာဉ်ပျံနှင့် သွား ရောက်သကဲ့သို့ ခံစားနိုင်မည့် ရှုခင်းနံရံ ပန်းချီများ ရေးဆွဲပေး ထား သည်။ ထို့ပြင် စမ်းချောင်းက လေးများစီး ဆင်းနေပြီး ရွှေငါးကလေး များကိုလည်း ထည့်သွင်း မွေးမြူ ပေးထားသည်။

ဟိုတယ်ဝင်း အတွင်းရှိ ရေကန်အ တွင်း ရွက်လှေများအနီး ရေသူမရုပ်ထု များထုလုပ် ကာ အလှဆင်ပေး ထားသည်။ ယင်းဟို တယ်ကို ဗိသုကာပညာ ရှင်လည်းဖြစ် သန်းကြွယ်သူ ဌေးဖြစ် သော ဒိုမီနီကျု့စ်နို ရယ်ဆိုသူက ကိုယ်တိုင် ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ထားပြီး ခေတ်မှီဟိုတယ် များတွင် တည်းခိုးရန် ငြီးငွေ့သော ကမ္ဘာ့လှည့်ခရီးသွား များအတွက် ရိုးရှင်းသော လူနေမှုပုံစံ ဖော်ဆောင်ပေး ထားသည်။