$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

ဟဇရတ် ဖွာတေမာ မာစူမာ (စ.အ) စာရိတ္တဆိုင်ရာ ဘဝ အမည်ဖြင့် ညီလာခံ ကျင်းပ / ပါကစ္စတန်

  • News Code : 396259
  • Source : iqna.ir
ပါကစ္စတန် နိုင်ငံ ပန်ဂျာဗ် ပြည်နယ် ရှိ သီးသ်ပူးရ်မြို့ရှိ အလီ ဟိုစိုင်း(န) ရှဟီးဒ် ဂျာမေ့အ်မစ်ဂျစ်ဒ် တွင် အန်ဂျွန်မန်နေ ဂျဝန်နန်နေ အလ်ကာအေမ် (အ.ဂျ) ဖက်မှ ကျင်းမှူးသည့် ဟဇရတ် ဖွာတေမာ မာစူမာ (စ.အ) စာရိတ္တဆိုင်ရာ ဘဝ အမည်ဖြင့် ညီလာခံ ကျင်းပခဲ့ပါသည်။

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ဤညီလာခံအားအစပထမတွင်ဤမြို့၏အကျော်အမော်ကာရီဟိုစိုင်း(န)ဂျအ်ဖရ်မှကျမ်းတော် မြတ် ကုရ်အာန် ၏ အာယတ်တော် တစ်ချို့ ဖတ်ရွတ် ခြင်းဖြင့် စတင်ခဲ့ပါသည်။ဆက်လက်ပြီး ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ် မွတ်စလေမီး နဂ်ျမွလ်ဟစန်နှိုင်း (မဒဲရ်စေယေ အစ္စလာမ်မီ မန်သေကေ အန်နဝါရ် ဟိုဒါ ဂျအ်ဖရီယာ ကျောင်းအုပ်မှ ပြောကြားခဲ့ပါသည်။ပြောကြားသည်မှာ စစ်မှန်သည်ရှီအာ ဆိုသည်မှာ အေမာမ် (၁၂) ပါး၏ ဘဝနှင့် အညီ ၎င်း တို့ ၏ ဘဝ ကို အခြေခံပြီး စက္ကန့် တိုင်း မိမိ ထမ်းဆောင်ရမည့် တာဝန် အရ လှုပ်ရှားမှု ပြု သူ ဖြစ်ပေသည်။ဆက်လက်၍ပြောကြားသည်မှာ - ဟဇရတ် ဖွာတေမာ မာစူမာ (စ.အ) သခင်မှ သည် မာစူမ်အေမာမ်များ (အ.စ) ၏ လမ်းညွှန်မှုအတိုင်းဘဝတည်ဆောက်ခဲ့ကြောင်း၊ရှီအာ အေမာမ်မီယာကိုကာကွယ်စောင့်ရှောက်တော် မူခဲ့ ကြောင်း၊ ဤကြီးကျယ်မြင့် မြတ်သည့် သခင်မကြီး (စ.အ) သည် မွတ်စလင်အမျိုးသမီးများ အ တွက်အရေးအကြီးဆုံးစံနမူနာအဖြင့်လက်တွေ့ကျင့်သုံးပြခဲ့ကြောင်းစသည်ဖြင့် ပြောကြားခဲ့ပါသည်။ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ် မွတ်စလေမီး နဂ်ျမွလ်ဟစန်နှိုင်း အနေဖြင့် အမျိုးသမီးငယ်များ ၊ အမျိုးသမီး အကြီးများ အနေဖြင့် မိမိတို့ ဘဝ ၏ ပုဂ္ဂိုလ်ရေး အရ ဖြစ်စေ ၊လူမှုရေး အရ ဖြစ်စေ သခင်မကြီး ဖွာတေမာ မာစူမာ (စ.အ) ၏ ဘဝ ကို စံနမူနာ ပြု သင့်ကြောင်း ပြော ကြား ခဲ့ပါသည်။ဤညီလာခံတွင် ဆရာများ ၊ အတွေး အခေါ်ပညာရှင်များ ၊ သာသနာ့ ပညာရှင်များ နှင့် အမျိုး သမီး အမြောက်အများ တက်ရောက် နေရာယူခဲ့ပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့ တွင် ကျင်းပခဲ့ပါသည်။