$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီး

  • News Code : 397495
  • Source : မြ၀တီ

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ အသက် ၁၁၄ နှစ်ရှိ ဂျပန် အဖွားအို ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသမီးအဖြစ် ဂင်းနစ် မှတ်တမ်းတင် အသက် ၁၁၄ နှစ်အရွယ်ရှိ ဂျပန်အမျိုးသမီးဖြစ်သူ မီဆာ အိုအိုကာဝါကို ဖေဖေါ်ဝါရီ ၂၇ ရက် ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသမီး အဖြစ် ဂင်းနစ်မှတ်တမ်းတင်ခဲ့သည် ဟု အင်တာနက်သတင်းအရသိရသည် ဆွေမျိုးများဝိုင်းရံထားပြီး ဘီးတပ်ထိုင်ခုံတွင် ထိုင်နေသော အိုကာဝါသည် ဂင်းနစ်မှတ်တမ်းတင်ဂုဏ်ပြုလက် မှတ် လက်ခံရရှိသည့်အတွက် အလွန်ဝမ်းမြောက်မိကြောင်း သူမကပြောကြားသည် ။ အိုကာဝါသည် အိုဆာကာမြို့ရှိ ဂျပန်ကီမိုနိုဝတ်စုံ ကုန်သည်များမှ ဆင်းသက်မွေးဖွားလာသူ တစ်ဦးဖြစ်ပြီး သူမကို ၁၈၉၈ ခု နှစ် မတ်လ ၅ ရက်နေ့က မွေးဖွားခဲ့သည် သူမသည် ၁၉၁၉ ခုနှစ်တွင် လက်ထပ်ခဲ့ပြီးနောက် သားသမီးသုံးဦး ထွန်းကားခဲ့ပြီး ယခုအခါအသက် ၉၀ အရွယ် သားသမီး ၂ ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့သည် မြေးလေးဦး မြစ်ခြောက်ဦးရှိသော အိုကာဝါသည် အသက် ၁၀၂ အရွယ်တွင် ခြေထောက်ကျိုးခဲ့သော်လည်း ကျန်းမာရေး ပြသနာမရှိခဲ့ပေ သူမသည်ယခုအခါ အသက် ၁၁၅ နှစ်မြောက် မွေးနေ့နှင့်နီးကပ်လာပြီး ဖြစ် ကြောင်း သတင်းဌာနတခုကထုတ်ပြန်ခဲ့သည် ။ ဒီဇင်ဘာလက ဂင်းနစ်မှတ်တမ်းတင်ခဲ့သော အသက် ၁၁၅ နှစ်အရွယ်ရှိ ကမ္ဘာ့ အသက် အကြီးဆုံး ဂျပန်အမျိုးသမီးသည် ဇန်န၀ါရီလတွင် သေဆုံးခဲ့ပြီးနောက် အိုကာဝါသည် ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသမီးဖြစ်လာခဲ့သည် ထို့အပြင် အမေရိကန်မှ အသက် ၁၁၅ နှစ်ကျော်ရှိ အမျိုးသမီးမှာ သေဆုံးခဲ့ပြီး နောက် သူမသည်တဦးတည်းသော ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသမီးဖြစ်လာသည် ။