$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

လူဟောင်းအများစုဖြင့် NLD ဗဟိုကော်မတီ ပြန်လည်ဖွဲ့စည်း

  • News Code : 398616
  • Source : The Voice Journal

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ

မြန်မာနိုင်ငံ၏ အင်အား အကောင်းဆုံး နိုင်ငံရေးပါတီ တစ်ခုဖြစ်သည့်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ၏ဗဟို ညီလာခံသို့ တက်ရောက် လာသော  ပြည်နယ် အသီးသီးမှ ကိုယ်စားလှယ် ၁၅၀၀ အနက် ဗဟိုကော် မတီဝင် ၁၅၀ ဦးကိုရွေးချယ်ရာ ယခင်ဖမ်းဆီး ထိန်း သိမ်းခြင်း ခံခဲ့ရသည့် ပါတီဝင် အများစု ပြန်လည်ရွေး ချယ်ခံခဲ့ရကြောင်း ယင်းပါတီ ဗဟိုညီလာခံသို့ တက် ရောက်သည့် ကိုယ်စားလှယ်များက ပြောကြားသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တက်ရောက်လာသည့် ကိုယ်စားလှယ်များ ထဲမှ ညီလာခံကိုယ်စားလှယ် ၁၀ ဦးလျှင် တစ်ဦးကျ ရွေးကောက်တင်မြှောက်ခြင်း ဖြစ်ကြောင်း ၄င်းတို့က ပြောဆိုသည်။

ဗဟိုကော်မတီဝင် ၁၅၀ ဦးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း၊ ဒါရိုက်တာ ကြည်ဖြူ သျှင်တို့ အရွေးခံ ရသည့်အပြင် လွှတ်တော်ကိုယ်စား လှယ် အများစုမှာ အလုပ်အမှုဆောင် အဖြစ် အရွေး ချယ်ခံရကြောင်း ၄င်းတို့က ပြောကြားသည်။

ယင်းဗဟိုကော်မတီဝင်များ ညှိနှိုင်းပြီး ဗဟိုအလုပ် မှုဆောင် ကော်မတီဝင် များကိုရွေးချယ်ကာ ပါတီ ဥက္ကဋ္ဌ နေရာကိုရွေးချယ် တင်မြှောက်မည် ဖြစ်သော် လည်း သြဇာကြီးမားသည့် ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုပင်ပါတီ ဥက္ကဋ္ဌအဖြစ် တစ်ဖန် ပြန်လည် ရွေးချယ်နိုင်ခြေ ရှိကြောင်း ညီလာခံ ကိုယ်စားလှယ်များက သုံးသပ်သည်။

ရန်ကုန်တိုင်းဒေသကြီးမှ ဗဟို ကော်မတီဝင် ၁၂ ဦး၊ ပဲခူးတိုင်းဒေသ ကြီးမှ ဗဟိုကော်မတီဝင် ကိုးဦး၊ တနင်္သာရီ တိုင်းဒေသကြီးမှ ဗဟိုကော်မတီဝင် သုံးဦး၊ ရခိုင်ပြည်နယ်မှ ဗဟိုကော်မတီဝင် လေးဦးနှင့် ဧရာဝတီ တိုင်းဒေသကြီးမှ ဗဟိုကော်မတီဝင် ရှစ်ဦးတို့ ပါဝင်ကြောင်း ၄င်းတို့က ဆိုသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် မှတ်ပုံတင်ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအထိ ပါတီဝင်အင်အား ၁၂ သိန်းကျော်ရှိကြောင်း ယင်းပါတီက ထုတ်ပြန်ထားသည်