$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

ပါကစ္စတန် နိုင်ငံ ပေရှာဝရ် မြို့ ရှိ မစ်ဂျစ်ဒ် တစ်ခု တွင် ဗုံး ပေါက်ကွဲမှု ကြောင့် ရှေ့ဆောင် နမာဇ် အပါ ၆ ဦး ရှဟီးဒ် ၊ ၂၈ ယောက် ဒဏ

  • News Code : 399365
  • Source : iqna
ပါကစ္စတန် နိုင်ငံ ပေရှာဝရ် မြို့ ၏ အင်သေဟာ ဂန်ဂျန်အာဗါဒ်ဒေသ ရှိ မွတ်စလင် မီနာ ဈေး မစ်ဂျစ်ဒ် တွင် ဗုံး ပေါက်ကွဲမှု ကြောင့် ရှေ့ဆောင် နမာဇ် အပါ ၆ ဦး ရှဟီးဒ်ဖြစ်ပြီး ၂၈ ယောက် ဒဏ်ရာ ရ ခဲ့ပါသည်။

အဟ်လေ့ဘိုက်(အ.စ) သတင်းဃာန ၊ အဗ်နာ ပါကစ္စတန် မီဒီယာ မှ ပါကစ္စတန် နိုင်ငံ ပေရှာဝရ် မြို့ ရှိ မွတ်စလင် မီနာ ဈေး မစ်ဂျစ်ဒ် တွင် ဗုံး ပေါက်ကွဲမှု ကြောင့် ရှေ့ဆောင် နမာဇ် အပါ ၆ ဦး ရှဟီးဒ်ဖြစ်ပြီး ၂၈ ယောက် ဒဏ်ရာ ရ ခဲ့ကြောင်း ကြေငြာ ခဲ့ပါသည်။ဖြစ်ရပ်စဉ် အကျယ်အရ သတင်းရရှိသည်မှာ နမာဇ် ဇဟိုရ် အချိန် တွင် မဟ်ရာဗ်နေရာ (ရှေ့ဆောင် နမာဇ် ရပ်သည့်နေရာ ) တွင် လေးကီလို အချိန် ရှိ ဗုံးမှ ပေါက်ကွဲပြီး မစ်ဂျစ်ဒ် အတွင်း မီးခိုးအငွေ့များ ထောင်းထောင်း ထသွားပြီး နမာဇ် ဖတ်သူများ ကစဥ့်ကလျား ထွက်ပြေး ရသည့် အဖြစ် ရောက်ခဲ့ လေသည်။မျက်မြင်သက်သေများ၏ သက်သေထွက်ဆိုချက်အရ ဗုံးပေါက်ကွဲ ချိန် မဟ်ဂျစ်ဒ် အတွင်း နမာဇ် ဖတ်သူ အယောက် ၃၀ မှ ၄၀ အထိ ရှိကြောင်း ၊ ပေါက်ကွဲ သည့် အသံမှာ အဝေး ၊ အဝေး မှ ပင်ကြား နိုင်အောင် ကျယ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။