$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

မူလတန်းပညာမပြီးဆုံးဘဲ စာသင်ခန်း ကျောခိုင်းသူဦးရေ နှစ်စဉ် ၁ဝ သိန်းခန့်ရှိနေ

  • News Code : 399969
  • Source : yoyarlay

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ မူလတန်းပညာ မပြီးဆုံးဘဲ အကြောင်းအမျိုး မျိုးကြောင့် ကျောခိုင်း ထွက်ခွာသွားသူ နှစ်စဉ် ၁ဝသိန်းခန့် ရှိနေ၍ နိုင်ငံတော် အဆင့်အနေဖြင့် တိုက်ရိုက်ကိုင် တွယ်သွားရန် ပညာရေး ကျွမ်းကျင် သူတို့က တိုက်တွန်းမှုပြု လုပ်လိုက်သည်။ ပညာရေး ကျွမ်းကျင်သူတို့၏ လေ့လာတွေ့ရှိမှု တို့အရ ထိုသို့ တိုက်တွန်းလိုက် ခြင်းဖြစ်ပြီး ပညာရေး ဝန်ကြီးဌာန အပါအဝင် အဖွဲ့အစည်းတို့၏ ယခုဆောင်ရွက်နေသော ကျောင်းပြင်ပ မူလတန်း ပညာရေးဖြင့် ကုစားနေမှု အပြင် အရှိန်တိုး မြင့်သွားခြင်းနှင့် သက်မွေးဆိုင်ရာ ပညာရပ်များကို သင်ကြားပေး သွားသင့်ကြောင်း နိုင်ငံအဆင့် ပညာရေးအကြံပေး ဒေါ်အေးအေးသင်း ကပြောသည်။

'တစ်ချိန်မှာ နိုင်ငံအတွက် အကျိုးပြုရမယ့် သူတွေလေ။ ဒါတွေကို လုပ်ပေးရမယ်' ဟု ၎င်းက ဆိုသည်။ မြန်မာ့ပညာရေး အပေါ်လေ့လာ အကဲဖြတ်မှုကို ကာလတို ဆောင်ရွက်နေရာ ကျောင်းပြင်ပ မူလတန်း ပညာရေး ကိစ္စရပ်နှင့် ပတ်သက်၍ အဖွဲ့များမှ ပညာရေးဝန်ကြီး ဌာနသို့ တိုက်ရိုက် အကြံပြု ထားပြီးလည်း ဖြစ်သည်ဟု ၎င်းထံမှ သိရသည်။ မြို့နယ်ပေါင်း ၃ဝဝ ကျော်တွင် ၂ဝဝ၈ ခုနှစ်မှစ၍ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့က ပညာရေး ဝန်ကြီးဌာနနှင့် တွဲကာမူလတန်း ကျောင်းများမှ အကြောင်းအမျိုးမျိုးကြောင့် ပြင်ပရောက်သွားသူ အသက် ၁ဝ နှစ်မှ ၁၄ နှစ် အရွယ်ရှိ ကလေးများကို တန်းညှိ အစီအစဉ်ဖြင့် ဆောင်ရွက် သင်ကြားပေးနေပြီး ၂ဝ၁၃ ခုနှစ်၌ မြို့နယ် ၇၃ မြို့နယ် ရှိ ကလေးငယ် ၁ဝဝဝဝ ကျော်ကိုသာ ဆောင်ရွက်ပေးနိုင် သေးကြောင်း နိုင်ငံအဆင့် လူတိုင်းအတွက် ပညာရေး ညှိနှိုင်းရေးမှူးထံမှ သိရသည်။

 

ဒေါ်အေးအေးသင်းက 'သိရ သလောက် လေ့လာရသလောက် အဲဒီကလေး ၁ဝဝဝဝ ကျော်ထဲက ပြန်ထွက်သွားကြတဲ့ သူတွေတောင် ရှိနေသေးတယ် ဆိုတော့ စဉ်းစားသင့်တယ်။ အများပူးပေါင်းဖို့ လိုနေပြီ' ဟု ပြောသည်။ ပညာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် အဆင့်ရှိသူက ကာလတို အကဲ ဖြတ်မှုပြီးဆုံး၍ ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်ရန် ရှိနေကြပါကြောင်း၊ ၂ဝ၁၅ တွင် လူတိုင်းအတွက် ပညာရေးကိုလည်း အကောင်အထည် ဖော်ရမည် ဖြစ်သဖြင့် ပူးပေါင်း ဆောင်ရွက်သွားကြမည်ဟု ဆက် သွယ်မေးမြန်းမှုကို ဖြေသည်။စာရင်းအရ ကမ္ဘောဇဘဏ်၊ တော်ဝင်မိသားစု၊ ဧရာဝတီ ဖောင်ဒေးရှင်း၊ အဏ္ဏဝါလွှမ်း စသည့် ကုမ္ပဏီများ အပြင် ရန်ကုန်နှင့် ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ က အစိုးရဦးစီးသော ကျောင်းပြင်ပ မူလတန်းပညာရေး စီမံချက် မြို့နယ်များ၏ ၆ဝ ရာခိုင်နှုန်းကျော်ကို တာဝန်ယူပံ့ပိုး ပေးနေသော်လည်း တိုးချဲ့ဖို့လိုမည်ဟု ထောက်ပြနေကြသည်။