$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံ အပစ်အခတ်ရပ်ဆဲရေး သဘောတူစာချုပ် ဖျက်သိမ်းတော့မည်

  • News Code : 400271
  • Source : ရိုးရာလေး

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အသစ်ချမှတ် လိုက်သော ပိုမိုတင်းမာသည့် စီးပွားရေး ပိတ်ဆို့မှု အစီအစဉ်အပေါ် တုံ့ပြန်သည့် အနေဖြင့် မြောက်ကိုရီး ယားနိုင်ငံက အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ပြုလုပ်ထားသော တောင်ကိုရီးယားနိုင်ငံနှင့် ချုပ်ဆို ထားသည့်စာချုပ်ကို ချိုးဖောက် ပစ်တော့မည်ဟု ခြိမ်း ခြောက်လိုက် ကြောင်းသိရသည်။ မြောက်ကိုရီး ယား၏ နျူကလီးယား စမ်းသပ်မှုနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယား နိုင်ငံအပေါ် ပိတ်ဆို့မှုအသစ် တစ်ရပ်ချမှတ်လိုက်ခြင်း နှင့် အမေရိကန် ကိုရီးယားနှစ်နိုင်ငံ စစ်ရေးပူးတွဲလေ့ ကျင့် ခြင်း အစီအစဉ်တို့အပေါ် မြောက်ကိုရီး ယားနိုင် ငံက မကျေနပ်ကြောင်း ပြသသည့် အနေဖြင့် တောင်ကို ရီးယားနိုင်ငံနှင့် ချုပ် ဆိုထားသည့် သဘောတူညီ မှုစာချုပ်ကို ဖျက်သိမ်းပြီး ရန်လိုသောစကားများ စတင်ပြောဆိုခဲ့သည်ဟု သိရသည်။ တောင်ကိုရီးယားသမ္မတကမှု ၎င်း၏နိုင်ငံသားများကို ခြိမ်းခြောက်မှုများ ပြုလုပ်ပါက ပြင်းပြင်း ထန်ထန် ပြတ်ပြတ်သားသား လက်တုံ့ပြန်သွားမည်ဟု ကြေညာလိုက်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင် စီအတွင်း၌လည်း မြောက်ကိုရီးယားနိုင်ငံ ၏ ရန်လိုနေမှုကို တုံ့ပြန်မှုတစ်ခု ပြုလုပ်နိုင်ရန် လျှို့ဝှက်မဲပေးခြင်းများ ပြုလုပ်ခဲ့ သည်ဟု သိရသည်။ တောင်ကိုရီးယား နိုင်ငံရှိ နိုင်ငံရေးကျွမ်းကျင်သူများနှင့် အာ ဏာပိုင်များကမူ မြောက်ကိုရီးယားအစိုးရ၏ ရန်လိုသော စကားများသည် ၎င်းတို့၏ နိုင်ငံကို အန္တရာယ်များ ဖိတ်ခေါ်နေသကဲ့ သို့ ဖြစ်နေသည်ဟု သုံးသပ်ကြသည်။