$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

ရခိုင် ပုဏ္ဏားကျွန်း အခြေခံပညာ အထက်တန်းကျောင်း မီးလောင်

  • News Code : 400861
  • Source : yoyalay

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ မတ်လ ၁၆ ရက်နေ့ မနက် ၂ နာရီ အချိန်ခန့်က ပုဏ္ဏားကျွန်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း စာသင်ခန်း (၄) ဆောင် မီးလောင်ကျွမ်းမှု အခြေအနေကို မြို့နယ် ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေပြီဟု ယနေ့တွင် ပြည်နယ် ပညာရေးမှူးရုံးက အတည်ပြု ပြောဆိုလိုက်သည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲခန်း အဖြစ် အသုံးပြုနေသည့် အဆိုပါ မီးလောင်ကျွမ်းခဲ့ရသည့် ကိစ္စရပ်အပေါ် ပြည်နယ် ပညာရေးမှူးရုံး ကလည်း သံသယ ဖြစ်ဖွယ်ကောင်းကြောင်း ပြောဆိုပြီး ၎င်း စာမေးပွဲခန်းကို အသုံးပြုနေသည့် ကျောင်းသားများ အဆင်ပြေစေရန် အစီအစဉ်ရေးဆွဲ ထားပြီးဖြစ်သည်ဟု ပေါ်ပြူလာနယူးစ်သို့ ဆိုသည်။

 

“ပုဏ္ဏားကျွန်း အထကကျောင်းနဲ့ တစ်ဖာလုံလောက်ပဲဝေးတဲ့ အမကမြို့သစ်ကျောင်းမှာ စာစစ် ဌာန တစ်ခု ဖွင့်ပါမယ်။ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၁၂၀ ဖြေဆိုကြပါလိမ့်မယ်” ဟု ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူက ပြောသည်။