$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် လိုအပ်ချက်များလျှော့ပေါ့

  • News Code : 401246
  • Source : 7Day News

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ပြုလုပ်ရာတွင် လိုအပ် ချက်များအား အစိုးရမှတစ်ဆင့်ချင်း ဖြေလျှော့ပေး လျက်ရှိရာ ယခုလ ၁၈ ရက်မှစ၍ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ပညာရေး ကင်းရှင်းကြောင်း ထောက်ခံချက် ရယူတင်ပြရန် မလိုတော့ကြောင်း ယနေ့ထုတ်နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထား သည်။ အလားတူ အခွန်ကင်းရှင်းကြောင်း သက်သေခံ စာရွက်ဖြစ်သောပုံစံ၁၉ (ပုံစံ (ဂ) [ပတခ(၀င)-၁၂]) ကိုယခုလ ၁၅ ရက်နောက်ပိုင်းမှစ၍ ပြုလုပ်ရန်မလို တော့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တိုင်း အခွန်ဦးစီးမှူး ဦးသောင်းအေး ကပြောသည်။

ယင်းသက်သေခံ လက်မှတ်ရရှိရေးအတွက် ဆောင် ရွက်ရာတွင် ပြည်ပထွက်ခွာသူများ အနေဖြင့်အချိန် ကြန့် ကြာမှု၊ ငွေကြေးကုန်ကျမှုစသော ၀န်ထုပ်ဝန်ပိုး များ ဖြစ်စေသည့်အတွက် ဖြေလျှော့ပေး လိုက်ခြင်းဖြစ် ကြောင်းသိရသည်။ “ပုံစံ ၁၉ ကို အခု ၁၅ ရက်နောက် ပိုင်းလုံးဝ လုပ်စရာမလိုတော့ဘူး။ ရုံးကိုပိတ်ပစ်လိုက် မှာ။ ဒါပေမဲ့အကြွေးရှိနေတဲ့ သူတွေကိုတော့ လိုက် ကောက် နေမယ်” ဟု ဦးသောင်းအေးက ပြောသည်။ ပုံစံ ၁၉ (ပုံစံ (ဂ) [ပတခ (၀င) -၁၂ ]) ကို လုံးဝပိတ်ပစ် လိုက်မည်ဟု ဆိုသော်လည်း အခွန်ကြွေးကျန်ရှိသူများကို စစ်ဆေးမှုများ ပြုလုပ်နေမည်ဖြစ်၍ ၎င်းတို့မှာ ယင်းလက်မှတ်ရယူရန် လိုအပ် မည်ဖြစ်သည်။ ပုံစံ ၁၉ မလိုအပ်တော့သည့်အတွက် ပုံစံ ၁၇ လည်း လိုအပ်တော့မည် မဟုတ်ကြောင်း သိရသည်။ ထို့အပြင် ပြည်ပထွက်ခွာသူများ ပြုလုပ်ရသည့် D Form မှာ လည်း ယင်းနေ့မှစ၍ ပြုလုပ်ရန် မလိုအပ်တော့ကြောင်း သိရှိရသည်။