$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

ဦးဝီရသူအုပ်စု တရားခွေများပျံ့နှံ့ပြီးနောက် ကြို့ပင်ကောက်တွင် မွတ်စလင်မ်တို့ အပေါ် တိုက်ခိုက်မှု

  • News Code : 403331
  • Source : myanmarmuslim.net / abna

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာဖော်ပြပါ ဓာတ်ပုံသည် သင်္ကန်းဝတ်ဖြင့် ဘာသာရေးအဓိကရုဏ်း မဖြစ်၊ဖြစ်အောင်ဗုဒ္ဓတရားနှင့်ဆန်ကျင့်ဖက်လှုပ်ရှားနေသူဦးဝီရသူ၏ဓာတ်ပုံဖြစ်ပါသည်။ ဦးဝီရသူအုပ်စု တရားခွေများပျံ့နှံ့ပြီးနောက် ကြို့ပင်ကောက်တွင် မွတ်စလင်မ်တို့အားထပ်မံတိုက်ခိုက် လုံခြုံရေး အာဏာပိုင်များအား အားမကိုးရန်နှင့် နိင်ငံ အနှံ့ မပြန့်ပွားစေရန် နိင်ငံတော် အဆင့် ဆရာတော်ကြီးများအကူ အညီလိုအပ်ကြောင်း နေအိမ်ဖျက်ဆီးခံရသူပြော

ဒီလို အဖြစ်မျိုးတွေ တနိင်ငံလုံး အနှံ့မပျံအောင်နိင်ငံတော် အဆင့် သံဃာတော်တစ်ပါးပါးက အစ္စလာမ့် ဆန့်ကျင်ရေးစာရွက်စာတမ်းတွေပာာ မပာုတ်မမှန်ဘူးဆိုတာကို တရားဝင်ပြောပေးသင့်ပါတယ် ပာုmyanmarmuslim.net ဒေသခံတစ်ဦးကပြောသည်။ ကျန်တဲ့မြို့ရွာ ကိုအာဏာပိုင် လုံခြုံရေးတွေကို အားမကိုးနဲ့ ကိုယ့်ပာာကိုယ် ကာကွယ်ပါ ပျက်ဆီးမှု အနည်းဆုံး ဖြစ်အောင် ကြိုးစားကြပါလို့ ပြောလိုပါတယ်ပာု နေအိမ်ဖျက်ဆီးခံခဲ့ရသည့် ပုဂ္ဂိုလ်တစ်ဦးကနိင်ငံတ၀ှမ်းမှ မြန်မာမွတ်စလင်မ်များအား ကိုယ်တွေ့ အတွေ့ အကြုံ အပေါ်အခြေခံကာ အကြံပြုသည်။

ဝီရသူ ပောာတဲ့အခွေနဲ့ အင်းစိန်ဘက်ကဘုန်းကြီးတစ်ယောက် ပောာတဲ့ တရားခွေ ပျုံ့နှံ့ပြီးနောက်ပိုင်းဖြစ်တာပါ။စာရွက်တွေလည်းဝေတယ် ပာုနေအိမ်ဖျက်ဆီးခြင်းမခံရသည့်ဒေသခံတစ်ဦးက ပြောသည်။

အစ္စလာမ်ဘာသာဝင်များအားရွေးချယ်တိုက်ခိုက် သည့် မင်းမဲ့စရိုက်ကြိုံ့ပင်ကောက် အကြမ်းဖက်မူတွင် ဖျက်ဆီးခံခဲ့ရသည့် ကနဦးစာရင်းမှာ

အာမက်ဘိုင် ကြို့ပင်သာရပ်ကွက်

ကိုတင်ထွန်းအောင် ကြို့ပင်သာရပ်ကွက်

ညီမလေး(ကွမ်းယာဆိုင်အိမ်) ကြို့ပင်သာရပ်ကွက်

စမီအွတ်လာ ၂ ဖြတ်လမ်း (ရွာမမြောက်ရပ်ကွက်)

ပာာဂျီဦးသန်းထွန်း အိမ်ဆောက်ပစ္စည်းဆိုင် ပြည်တန်းလမ်း

ပာာရွန်းဘိုင် (ကြက်သားဒိုင်) ပြည်တန်းလမ်း

ပာာဂျီ အဗဒွလ် မဂျီးဒ် ၊ရေခဲဆိုင် အောင်ဒင်လမ်း

ကိုအငယ်လေး အောင်ဒင်လမ်း

ကိုစန်းမြင့် အောင်ဒင်လမ်း

ကိုမျိုးအောင် သံဆိုင် လမ်းမတော်လမ်း

ပာာဂျီညီလေး အနောက်လမ်းမတော်

ပာာဂျီ ကာဒရ် ရုံပွဲလမ်း မော်ကြီး ဆီဆိုင် ရန်ကုန် ပြည်တန်းလမ်း

ပာာဂျီပာာကင်မ် (Five Star)ပွဲရုံ ပန်းတင်လမ်း

ကိုမျိုအောင် ၂ ဖြတ်လမ်း စက်တိုင်ကုန်းရပ်ကွက်

ပာာဂျီ ဖိုးနီ စားသောက်ကုန်အရောင်းဆိုင် ဘူတာရုံလမ်း

ဈေးချိုတောင်ရပ်ကွက်စိန်မိသားစု အအေးဆိုင်

ဘုရားကြီးလမ်း ပာာဂျီဖာရွတ် နေအိမ် တို့ အပါအ၀င် အခြား မွတ်စလင်မ်ပိုင် အဆောက် အအုံများ စီးပွားရေးလုပ်ငန်းများ အပြင် တစ်လုံးတည်းသော ၀တ်ကျောင်းတော်ကိုပါ မင်းမဲ့စရိုက်ပုံစံဖြင့် ဖြိုဖျက်ကြောင်း ဒေသခံတစ်ဦးက myanmarmuslim.net သို့ပြောသည်။

ကြို့ပင်ကောက် ရှိ အစ္စလာမ်ဘာသာဝင်များကို စတင်တိုက်ခိုက်မှုတွင် ဒေသခံ မပာုတ်သော သကာင်္န်းဝတ်များ က ဒေသတွင်း ဘုန်းတော်ကြီးကျောင်း များသို့လိုက်လံ စည်းရုံးကြောင်း အစပိုင်းတွင် ဒေသခံ သကာင်္န်းခြုံ အချို့ပါဝင်ခြင်းမရှိသော်လည်း နောက်ပိုင်းတွင်မှုအကြမ်းဖက်လုပ် ငန်းစဉ်တွင်ပါဝင်လာကြောင်း အကြမ်းဖက်ခံရမှုဖြစ်ပွားရာနေရာတွင် ရှိနေခဲ့သူတစ်ဦးက ပြောသည်။ ကြို့ပင်ကောက်တွင် အစ္စလာမ်ဘာသာဝင် အိမ်ခြေ ၇၀ ကျော်သာရှိကြောင်းသိရသည်။

ည ၁၂ နာရီ ၀န်းကျင် အချိန်တွင် ကြို့ပင်သာရပ်ကွက် ရှိအစ္စလာမ်ဘာသာဝင် ၃ အိမ်ကိုစတင်ဖျက်ဆီးကြောင်းသိရသည်။အဆိုပါရပ်ကွက်တွင် အစ္စလာမ်ဘာသာဝင်အိမ် ၅ အိမ်ရှိသည့် အနက် ၃ အိမ်ဖျက်ဆီးခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။ မွတ်စလင်မ် အိမ်ခြေနည်းတဲ့နေရာကိုစဖျက်တာပါ ပြီးတော့မှ ပိုက်ဆံရှိတဲ့ မွတ်စလင်မ်အိမ်တွေကို ရွေးဖျက်တာပါ။ဖျက်ဖို့က စာရင်းလုပ်ပြီး ယူလာကြတာပါ ပာု အမည် မဖေါ်လိုသူ ဒေသခံတစ်ဦးကပြောသည်။

ကြို့ပင်ကောက် မြို့နယ် စွန်နီဂျာမေ့ ဗလီ နှင့် မဒရဆာပာ် ကိုမှု ည ၁၁ နာရီဝန်းကျင် တွင်လူအင်အားဖြင့် ပထမ အကြိမ် ဖျက်ဆီးခဲ့သော်လည်း ပျက်စီးမူနည်းပါးသည့် အတွက် ကားလမ်းနံဘေးရှိ သစ်လုံးထားသည့်ကွင်း မှ သစ်လုံးတင်ညှပ်ကား ၂ စီးကို သင်္ကန်းဝတ်များက မောင်းနှင်ပြီး အာရုံတက်ချိန်တွင် ဖျက်စီးခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ အထက်ပါအတိုင်းဖျက်ဆီးမှုကြောင့် ဗလီဝတ်ကျောင်းတာ် ရှိ အာဇာန် ဆိုသည့်နေရာ လုံးဝပျက်ဆီးပြီး ၀တ်ကျောင်းတော် မှာလည်း ဖျက်ဆီး ခံရသည့်ပမာဏများပြားခဲ့ကြောင်းသိရသည်။ အကြမ်းဖက်မူဖြစ်ပွားနေချိန်တွင် လုံခြုံရေးအာဏာပိုင်များက အကြမ်းဖက်အုပ်စုကို ထိန်းသိမ်းခြင်း ပာန့်တားခြင်း မရှိဘဲ လျစ်လျူရှု့ခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။