$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

ဒေါ်အောင်ဆန်းစုကြည်နှင့် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး တွေ့ဆုံဆွေးနွေး

  • News Code : 407211
  • Source : M-Media
Brief

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊ အဗ်နာ

 နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော လက်ရှိ အကြောင်းအရာများနှင့် နိုင်ငံတော်အတွင်း စည်းလုံးညီညွတ်မှုရစေရန် ရည်ရွယ်၍ အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန် ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်၌ ယနေ့ နံနက် ၁၁း၃၀ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။

အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ဦးဝဏ္ဏရွှေ၊ အလ်ဟာဂ်ျမောင်လာနာ ဦးသိန်းမြင့်၊ ဟာဂျီ ဦးမြင့်ထွန်း၊ ဟာဂျီ ဦးကျော်ခင်၊ ဟာဂျီဦးကိုကိုလတ်၊ ဦးကျော်ငြိမ်း စသူတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးကြရာတွင် နိုင်ငံအတွင်း အေးအေးချမ်းချမ်း နေထိုင်နိုင်ကြရန် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရပါသည်။

ယင်းဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ  “ညီညီညွတ် ညွတ်လုပ်ဆောင်စေဖို့ အကြံဥာဏ်ပေးစေချင်တယ်။ ဒါပေမယ့် အခက်အခဲတွေရှိရင်လည်း ပွင့်ပွင့်လင်းလင်းတင်ပြပါ။ ဘာဖြစ်လို့လဲဆိုတော့ လူနည်းစုများဟာ အခက်အခဲဆိုတာ ရှိတတ်ပါတယ်။ ဒါကတော့ ကျွန်မတို့ နိုင်ငံတင် မဟုတ်ဘူး။ နိုင်ငံတိုင်းမှာ ဖြစ်တတ်ပါတယ်။ ကျွန်မတို့ ဒီလိုပြဿနာတွေဖြစ်တာ ဘာကြောင့်ဖြစ်သလဲဆိုတာ ဇစ်မြစ်ကို ရှာဖွေပြီး နောင်ပြဿနာတွေ မဖြစ်အောင် ကျွန်မတို့ အားလုံးဝိုင်းဝန်းပြီး ကြိုးစားကြရမယ်။ အဲဒါအတွက်ကို ကျွန်မတို့ကို အကြံဥာဏ်ပေးပါ။ အခက်အခဲတွေရှိလည်း ပွင့်ပွင့်လင်းလင်း တင်ပြပါ။

အမှန်ပြောရရင် ကျွန်မတို့က နိုင်ငံရေးအဖွဲ့အစည်းတစ်ခုပဲ။ အစိုးရအဖွဲ့မဟုတ်ပါဘူး။ သို့သော်ငြားလည်း ကျွန်မတို့က ပြည်သူလူထုနဲ့ နီးနီးကပ်ကပ်နေတဲ့ နိုင်ငံရေးအဖွဲ့ အစည်းဆိုတော့ အစိုးရမဟုတ်လည်း တာဝန်မရှိဘူးလို့ မသတ်မှတ်ပါဘူး။ လူတိုင်းမှာ တာဝန်ရှိပါတယ်။ နိုင်ငံသားတိုင်း တာဝန်ရှိတယ်။ ကျွန်မတို့လို နိုင်ငံရေးပါတီဆိုရင်တော့ တာဝန်မကင်းဘူး။ အခု မိတ္ထီလာမှာဖြစ်တဲ့ကိစ္စတွေကို ကျွန်မတို့ဘက်က လုပ်တာတွေကို တင်ပြရမယ်ဆိုရင် ကျွန်မတို့ဘက်က ဘာမှပြောတာဆိုတာ ကြေညာချက်တွေထုတ်တာ မရှိပေမယ့် ပထမဆုံးဖြစ်တဲ့နေ့ကတည်းက ဦးဝင်းထိန်ကို နေပြည်ကနေ မိတ္ထီလာလွှတ်လိုက်တယ်။ ချက်ချင်းကြားကြားချင်း ပဋိပက္ခဖြစ်ပြီဆိုတာနဲ့ ဦးဝင်းထိန်ကလည်းသွားရမလား၊ ကျွန်မကလည်း သွားပါ၊ ချက်ချင်းသွားပါဆိုတော့ ချက်ချင်း အဲ့ဒီနေ့ကတည်းက မိတ္ထီလာရောက်သွားတယ်။ ကျွန်မတို့ တစ်ချိန်လုံး အဆက်အသွယ်ရှိနေတယ်။ တရားဥပဒေ စိုးမိုးရေးအတွက် ဘာလုပ်သင့်တယ်ဆိုတာကို ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် ညှိပြီးလုပ်တယ်။ အခြေအနေဘယ်လိုရှိတယ်ဆိုလည်း ဦးဝင်းထိန်က တစိုက်မတ်မတ်သတင်းပို့လို့ သိခဲ့ရတယ်။ အဲဒီတော့ အဲဒီမှာ ကျွန်မ အမြဲပြောတာက အဲလို ပဋိပက္ခတွေမဖြစ်ဖို့အတွက် ပထမဦးဆုံးလိုအပ်ချက်က ဥပဒေစိုးမိုးရေး၊ တချို့က ကျွန်မက ဥပဒေစိုးမိုးရေးကို အလွန်အကျွံ ဇောင်းပေးတယ်လို့ထင်တယ်။ ဒါက လိုအပ်ချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေစိုးမိုးရေးဆိုတာ မရှိရင် အကြမ်းဖက်မှုဆိုတာ ဖြစ်နိုင်တယ်။ အကြမ်းဖက်မှုဖြစ်ပြီဆိုရင် အပျက်အစီး အသေအကြေတွေ ရှိမယ်ဆိုရင် အရှိန်အဟုန်တက်လာတယ်။ မကျေနပ်မှုတွေ၊ ဒေါသတွေဖြစ်လာတော့ ပိုပိုပြီးတော့ ကိုင်တွယ်ရ ခက်လာတယ်။ ဒါကြောင့် ဥပဒေစိုးမိုးရေးကို အဓိကထားပြောတယ်ဆိုတာ မဖြစ်သင့်တဲ့ကိစ္စတွေ မဖြစ်အောင်လို့၊ စောစောစီးစီးကတည်းကနေ တားထားလို့ရအောင်။ တစ်ယောက်နဲ့တစ်ယောက် ဆဲရုံဆိုရုံနဲ့က မြန်မြန်ပြေလည်အောင် လုပ်လို့ရတယ်။ နောက်တစ်ဆင့် ရိုက်ရုံပုတ်ရုံနဲ့လည်း နည်းနည်းမဆိုးဘူး။

ဒါပေမယ့် သတ်တဲ့ဖြတ်တဲ့အဆင့် ရောက်လာပြီဆိုရင် ပြေလည်ဖို့ရာ တော်တော်ခက်သွားပြီ။ ဒါကြောင့် ကျွန်မ ဥပဒေစိုးမိုးရေးကို ဦးစားပေးတာပါ။ ကိုဝင်းထိန်နဲ့လည်း ကျွန်မ တစ်ချိန်လုံး အဆက်သွယ် လုပ်နေတဲ့အခါမှာ ဥပဒေ စိုးမိုးရေးကိုပဲ အဓိကထားပြောတာပါ။ နောက်တစ်ခုကလည်း ကာကွယ်ရမည်။ ဒုက္ခသည်တွေကို ကာကွယ်ရမယ်။ အကြမ်းဖက်မှုကို လုံးဝ အားမပေးရဘူး။ အကြမ်းမဖက်တဲ့ဘက်က ရပ်တည်ရမယ်။ အကြမ်းဖက်တဲ့ကိစ္စတွေကို ဆန့်ကျင်ရမယ်ဆိုတာ ဦးဝင်းထိန်က တစိုက်မတ်မတ်လုပ်သွားပါတယ်။ ကျွန်မ ကြွားပြောတယ်ဆိုရင်လည်း အပြောခံရမှာပါ။ မိတ္ထီလာမှာ အစကတည်းက တတ်နိုင်သလောက် လူမှုရေးအရ လုပ်ဆောင်ပေးတာက ဦးဝင်းထိန်ဦးဆောင်ပြီးတော့ NLD အဖွဲ့က လုပ်ပေးပါတယ်။ ကျန်တဲ့ ပတ်ဝန်းကျင်က မန္တလေးစသဖြင့် မြို့တွေကလည်း ကူညီပေးပါတယ်။ ကျွန်မတို့ ကော့မှူးရွာကတောင်မှ မနေ့ကထိ တတ်နိုင်သမျှ ကူညီပေးပါတယ်။ ဒါပေမယ့် ကျွန်မတို့ကတော့ အလုပ်နဲ့ပဲ ပြချင်တယ်။ ကြေညာချက်ထုတ်တာတို့ ပြောတာဆိုတာတို့ထက် အလုပ်နဲ့ပဲ ထိထိရောက်ရောက်ပြစေချင်တယ်။ ကျန်တဲ့သူတွေကိုလည်း အလုပ်နဲ့ပြတာကိုပဲ ဦးစားပေးစေချင်တယ်။ အလုပ်နဲ့ပြတယ်ဆိုတာ ပဋိပက္ခတွေ မပွားရေးအတွက်၊ နောက်ပြီးတော့ ဒုက္ခရောက်တဲ့သူတွေကို ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် တတ်နိုင်သမျှကူညီရေးအတွက် နောက် ပြေလည်ရေးအတွက်။ ဒီတော့ ကျွန်မတို့ဘက်ကတော့ ကျွန်မတို့ အတတ်နိုင်ဆုံး လုပ်သင့်လုပ်ထိုက်တယ်လို့ ထင်တာကို လုပ်ခဲ့ပါတယ်။ ပိုပြီးတော့ လုပ်သင့်လုပ်ထိုက်တယ်လို့ထင်တာတွေကို ကျွန်မတို့ကို အကြံဥာဏ် ပေးပါ။ နောင် ဒီလို ကိစ္စတွေ ထပ်မဖြစ်အောင်လို့။ ကျွန်မတို့ ဒီနိုင်ငံမှာ အေးအေးချမ်းချမ်း နေနိုင်အောင်လို့ တတ်နိုင်သမျှ ဘယ်လိုလုပ် သင့်တယ်ဆိုတာလည်း ကျွန်မတို့ကို အကြံဥာဏ်တွေ ပေးစေချင်ပါတယ်။” ဟု ပထမပိုင်းတွင် နှုတ်ခွန်းဆက် စကားပြောကြားခဲ့ကြောင်း သိရသည်။

ဘာသာရေးအဖွဲ့ကြီးမှ ပြန်လည်တင်ပြဆွေးနွေးရာတွင် “လေးစားရတဲ့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ၊ NLD အဖွဲ့ချုပ် နာယကကြီးများနှင့် အစ္စလာမ့်အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များနဲ့ တွေ့ဆုံရသည့်အတွက် ၀မ်းသာကြောင်း၊ ယခုဖြစ်ပေါ်နေတဲ့ လုပ်ရပ်များနဲ့ လုံခြုံရေးတာဝန်ရှိသူတွေရဲ့ တာဝန်ပျက်ကွက်မှုများ၊ ပြဿနာတွေ ကျယ်ပြန့်ပြီးတော့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ အသက်အိုးအိမ် စည်းစိမ်သာမက သာသနိက အဆောက်အအုံတွေ၊ ဗလီတွေဖျက်ဆီးခံရတဲ့အထိကို အကြောင်းအမျိုးမျိုးနဲ့ တင်ပြဆွေးနွေးလိုကြောင်း၊ ဥက္ကဌကြီးအနေနဲ့ ဂရုတစိုက် နားသောတဆင်ပြီးတော့ မိမိတို့ရဲ့ ကိုယ်စွမ်း၊ ဥာဏ်စွမ်း၊ အာဏာစွမ်းရှိသဖြင့် ကူညီဆောင်ရွက်ပေးပါရန် အလေးအနက် မေတ္တာရပ်ခံကြောင်း၊ မိမိတို့တွေ၏ နဖူးစာကောင်းမှုကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရှင်တစ်ဦး မိမိတို့နိုင်ငံတွင် ရှိနေသည့်အတွက် အလွန်ပဲ အားရ၀မ်းသာကြောင်း၊ အစ္စလာမ်ဘာသာဝင် လူထုအနေနှင့်လည်း ငြိမ်းချမ်းရေးကို လိုအပ်နေကြောင်း၊ ဒါကြောင့် ထာဝစဉ်ငြိမ်းချမ်းရေးကို လက်ဆွဲပြုထားတဲ့ အမေစုတစ်ယောက် ငြိမ်းချမ်းရေးကို နည်းမျိုးစုံနဲ့ ဖော်ဆောင်တတ်တဲ့ အမေစုအနေဖြင့် ကျွန်တော်တို့ စိတ်အားငယ်ပြီး စိုးရိမ်ထိတ်လန့်နေရတဲ့ မြန်မာနိုင်ငံရှိ မွတ်စလင်မ်များကို အားပေးမှု၊ ကူညီပေးပါရန် ယုံကြည်အားကိုးစွာဖြင့် မေတ္တာ