$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

မြန်မာနှင့် သီရိလင်္ကာနိုင်ငံက မွတ်စ်လင်မ်တို့ အကြမ်းဖက်ခံရမှု

  • News Code : 466684
  • Source : myanmar muslim media
Brief

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊အဗ်နာ

သီရိလင်္ကာနိုင်ငံ အစိုးရ လက်နက်ကိုင် လုံခြုံရေးများနှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးများ

မေတ္တာတရား၊ အကြမ်းမဖက်မှုတို့ဖြင့် သံတူကြောင်းကွဲ အဓိပ္ပာယ်ဖွင့်ဆိုနိုင်သော ဘာသာတရား တစ်ခုဖြစ်သည့် ဗုဒ္ဓဘာသာကို အများအားဖြင့် နူးညံ့သိမ်မွေ့သော ဘဝလမ်းစဉ် အဖြစ်သာ မြင်တွေ့ရသည်။ သို့သော် မြန်မာနိုင်ငံနှင့် သီရိလင်္ကာ နိုင်ငံတွင် အံ့သြ သင့်ဖွယ်ရာ အဖြစ်ပျက် များစွာ ပေါ်ပေါက်ခဲ့သည်။

စစ်အုပ်ချုပ်ရေးအောက်မှ တဖြည်းဖြည်း လွတ်မြောက်လာသည့် မြန်မာနိုင်ငံတွင် ၂ဝ၁၂ ခုနှစ်လယ်ပိုင်းမှစ၍ ဗုဒ္ဓဘာသာဝင်တို့က ၂ဝဝ ထက်မနည်းသော မွတ်စ်လင်မ်တို့ကို သတ်ဖြတ်ခဲ့ပြီး ၁သိန်းကျော်ကို အဓမ္မနှင်ထုတ်ခဲ့သည် ဆိုသည့် အများ လက်ခံနိုင်ဖွယ်ရာ စွဲချက်များ ပေါ်ထွက်လာ ခဲ့သည်။

မြန်မာနှင့် မိုင်ပေါင်း တစ်ထောင်နီးပါး ဝေးသည့် သီရိလင်္ကာနိုင်ငံတွင်လည်း လွန်ခဲ့သည့် ၄ နှစ်က တိုင်းပြည်တွင်း ၂၆ နှစ်ကြာ ပြည်တွင်းစစ် ဖြစ်နေခဲ့သည့် အစိုးရနှင့် တမီလ် ကျားသူပုန်တို့အကြား ပဋိပက္ခကို ရုပ်ပျက်ဆင်းပျက် ဖြိုးခွင်း နှိမ်နင်းပြီးနောက် ဗုဒ္ဓဘာသာ လူရမ်းကားများက မွတ်စ်လင်မ်ပိုင် ဆိုင်များကို မီးတင်ရှို့ခြင်း၊ ဗုဒ္ဓဘာသာ စစ်သွေးကြွတပ်ဖွဲ့(Bodu Bala Sena) တို့က မွတ်စ်လင်မ် ဆန့်ကျင်ရေး ကြွေးကြော်လာခြင်း စသည်တို့ ဖြစ်ပေါ်ခဲ့သည်။

လေ့လာမိသလောက် တိုက်ခိုက်မှုများ၊ အစ္စလာမ်မစ် စစ်သွေးကြွများ၏ ခြိမ်းခြောက်မှုများမှာ အာရှတလွှားတွင် တွေ့ရမြဲဖြစ်သည်။ သို့သော် အဆိုပါ နှစ်နိုင်ငံလုံးတွင် အစွန်းရောက် မွတ်စ်လင်မ် လူဦးရေ များပြားနေခြင်းလည်း မရှိသည်မှာ စဉ်းစားစရာဖြစ်သည်။ ဗမာပြည်ရော၊ သီရိလင်္ကာနိုင်ငံမှာပါ မွတ်စ်လင်မ် လူနည်းစုများသည် ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြပြီး အမျိုးသား နိုင်ငံရေးများတွင် အဓိက ပစ်မှတ်ထား ဖယ်ရှားခြင်းခံခဲ့ရသည်။

မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်တွင် ဒေသခံ ဗုဒ္ဓဘာသာဝင်များက ၁ သန်းခန့် ရှိသော နိုင်ငံမဲ့ ရိုဟင်ဂျာ လူမျိုးများကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုးဝင်လာသူများအဖြစ် ရှု့မြင်ကြသည်။ ၂ဝ၁၂ ခုနှစ် ဇွန်လ ကတည်းက ရိုဟင်ဂျာတို့နှင့် ဗုဒ္ဓဘာသာအကြား ပဋိပက္ခမီးများ လောင်မြိုက်ခဲ့ပြီး အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

သီရိလင်္ကာနိုင်ငံတွင် အစိုးရနှင့် လက်နက်ကိုင် တမီလ်ကျားသူပုန်တို့ အကြား ပဋိပက္ခ ဖြစ်ပွားခြင်း ဖြစ်သော်လည်း အဆိုပါ ကျွန်းနိုင်ငံရှိ မွတ်စ်လင်မ်များ အထူးသဖြင့် တမီလ်စကားပြော မွတ်စ်လမ်င်များက အစိုးရကို ထောက်ခံခဲ့ကြသည်။ ထို့ကြောင့် ၁၉၉ဝ ခုနှစ်အစောပိုင်း ကာလများတွင် တမီလ်ကျားသူပုန်တို့က မွတ်စ်လင်မ် တို့ကို မြောက်ပိုင်းပြည်နယ် ဂျဖ်နာမြို့မှ ဖယ်ရှားခဲ့ကြသည်။ အဆိုပါ ပဋိပက္ခကာလတွင် အစိုးရက ယင်းကျွန်းစွယ်ရှိ မွတ်စ်လင်မ် တို့အား အရေးပါသည့် စည်းမျဉ်းခံ အုပ်ချုပ်ရေးအဆင့် တိုးမြှင့်ပေး၍ သီရိလင်္ကာ အရှေ့ပိုင်းနှင့် စီးပွား ကူးသန်း ထိန်းချုပ်ခွင့်ကိုပါ ပေးမည်ဟု စည်းရုံးသိမ်းသွင်းသည်။

ယင်းနှစ်နိုင်လုံးတွင် ဗုဒ္ဓဘာသာဝင်များက မွတ်စ်လင်မ် တို့အား အဘယ့်ကြောင့် ဆန့်ကျင်လာကြရ သနည်း။ အဖြေမှာရှင်းပါသည်။ သီရိလင်္ကာနိုင်ငံတွင် ပြည်တွင်းစစ်ပြီးနောက်၊ မြန်မာနိုင်ငံတွင်လည်း ဆယ်စုများစွာ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်လာပြီးနောက်တွင် လူမှုရေးအက်ကြောင်း တစ်ခုကို ဖန်တီးလာခဲ့ကြခြင်းပင်ဖြစ်သည်။

သီရိလင်္ကာနိုင်ငံအား လွှမ်းမိုးချုပ်ကိုင်ထားသော လူများစု ဆင်ဟာလီလူမျိုး ဗုဒ္ဓဘာသာဝင်တို့သည် တမီလ်ကျားသူပုန်တို့ကို အနိုင်ယူပြီးနောက်ပိုင်း တမီလ် လူမျိုးတို့ကိုလည်း နိုင်ငံရေး လက်အောက်ခံပြု ကာ လူနည်းစု ဘာသာခြားတို့အား နှိပ်ကွပ်၍ မိမိတို့၏ သြဇာကို တည်ဆောက်လာခဲ့သည့်အတွက် ညီညွတ်ရေး ပျက်ယွင်းမှု အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ကြရခြင်းဖြစ်သည်။

ဆင်ဟာလီ ဗုဒ္ဓဘာသာဝင်တို့က မွတ်စ်လင်မ် တို့၏ သားကောင်သတ်ဖြတ်သော ဟလာလ်အစားအစာနှင့် မွတ်စ်လင်မ် မိသားစုဝင် များပြားမှုအကြောင်းကို လူထုအတွင်း အုတ်အော်သောင်းနင်း ကန့်ကွက်ခဲ့ကြပြီး မွတ်စ်လင်မ်ပိုင် စီးပွားရေးများကို သပိတ်မှောက်ရန် လှုံ့ဆော်ခဲ့ကြသည်။

မြန်မာပြည်၏ အခြေအနေမှာ ပိုဆိုးသည်။ မွတ်စ်လင်မ်ဆန့်ကျင်ရေး “၉၆၉” လှုပ်ရှားမှုက မြန်မာ ဗုဒ္ဓဘာသာဝင်တို့ကို မွတ်စ်လင်မ် ဆိုင်များတွင် ဈေးမဝယ်ရန် မွတ်စ်လမ်င်များနှင့် လက်မထပ်ရန် လှုံ့ဆော် အားပေးမှုများ ရှိနေသော်လည်း ခေါင်းဆောင် တစ်ဦးဖြစ်သူ အရှင်ဝီရသူက ယင်းမှာ ဗုဒ္ဓဘာသာဝင်တို့အား တက်ကြွစေရန်ဖြစ်ပြီး အစ္စလာမ်ဘာသာ အင်အားကြီးထွား လာမှုကို ဆန့်ကျင်ပြီး မိမိဘာသာကို ခုခံကာကွယ်ရန်သာ ဖြစ်ကြောင်း စောကဒတက်သည်။

စစ်အုပ်ချုပ်ရေး ကာလတွင် မွတ်စ်လင်မ် ဆန့်ကျင်ရေးလှုံ့ဆော်မှုနှင့် ထောင် ၈ နှစ်ခန့် ကျခဲ့ဖူးသူ ဦးဝီရသူက မကြာသေးခင်က မွတ်စ်လင်မ် သတ်ဖြတ်မှုများတွင် မပါဝင်ကြောင်း ငြင်းဆိုသော်လည်း ဝေဖန်သူများကမူ ၎င်း၏ ပက်ပက်စက်စက် ဟောပြောထားသော တရားခွေများမှာ အကြမ်းဖက်မှုကို လှုံ့ဆော်ရာရောက်သည်ဟု ဆိုသည်။

ရိုဟင်ဂျာမွတ်စ်လင်မ်လူထု၏ လက်ရှိ အခြေအနေများမှာ အကြမ်းဖက်မီးများ၏ စတင်လောင်ကျွမ်းရာ လောင်စာဖြစ်ခဲ့ရပြီး ဒေသတွင်း ယင်းလူမျိုးတို့၏ ဖွား/သေမှု ဖိအားက ပြဿနာထုကြီး၏ တစွန်းတစဖြစ်ခဲ့သည်။

ထိုကဲ့သို့ နှစ်နိုင်ငံလုံးတွင် ပဋိပက္ခများ အရှိန်အဝါကြီးထွားလာခြင်း၏ နောက်ကွယ်၌ ကသိကအောက်နိုင်သော အမှန်တရား တစ်ခုရှိသည်။ ယင်းမှာ နှစ်နိုင်ငံလုံးသည် ဗုဒ္ဓဘာသာနှင့် အမျိုးသားရေးကို သမိုင်းကြောင်းနှင့် ချီ၍ ရောယှက်ဆက်နွှယ် ခဲ့သော နိုင်ငံများဖြစ်သည်။

မြန်မာနှင့် သီရိလင်္ကာ နှစ်နိုင်ငံလုံးသည် ဒီမိုကရေစီနိုင်ငံကို ထူထောင်ရာတွင် ဘာသာရေး၏ အခန်းကဏ္ဍကိုပါ ထည့်သွင်း အဓိပ္ပာယ် ဖော်ဆောင်နိုင်ရန် ရုန်းကန် ကြိုးပမ်းလျက်ရှိသည်။

နှစ်နိုင်ငံအစိုးရများက ၎င်းတို့၏ ပြည်သူများကို တရားဥပဒေ စိုးမိုးမှုနှင့် အခွင့်အာဏာများ အပ်နှင်းနေသည့်တိုင် နှစ်နိုင်ငံလုံးရှိ လူနည်းစု ဘာသာတရားများမှာ လူများစု ကိုးကွယ်ယုံကြည်မှု၏ စိတ်ထွက်ပေါက် အဖြစ် ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။

အဆိုပါနိုင်ငံတို့ရှိ ဘာသာရေး အခန်းကဏ္ဍ မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခဲ့သော အစဉ်အလာကို ဦးတည်စေခြင်းလည်း မဟုတ်ပေ။ ၂ ရာစုသမိုင်း မော်ကွန်းတွင် ဗုဒ္ဓဘာသာဝင် မဟုတ်သော ဘုရင်အား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၏ အကူအညီဖြင့် ဖြုတ်ချနိုင်ခဲ့ပြီး ၁၉၃ဝ ခုနှစ် ဝန်းကျင်တွင်လည်း ဗြိတိသျှ ကိုလိုနီလက်အောက်မှ လွတ်မြောက်ရန် လွတ်လပ်ရေး ကြိုးပမ်းရာတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက မျိုးစေ့ချပေးနိုင်ခ