$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

လ မှရသော သင်ခန်းစာ

  • News Code : 484902
  • Source : By ရိုးရာလေး
Brief

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊အဗ်နာ  

တောက်ပ ဝင်းလက်ဆုံး အချိန်သည်ကား

 

မှိန်စပြုချိန်ကို ရောက်တော့မည်ဖြစ်ပြီး။

 

အမှောင်မိုက်ဆုံး အချိန်သည်ကား

 

လင်းစပြုချိန်ကို ရောက်လာတော့မည် ဖြစ်သည်။

 

သင်ခန်းစာ -

 

အနိမ့် အမြင့် သဘောတရားကို သိစေချင်သော ရည်ရွယ်ချက် ဖြစ်ပါတယ်။ ငါ သူ့ထက် ပိုက်ဆံချမ်းသာ တာပဲ၊ ငါ သူ့ထက် ရာထူးကြီးတာပဲ၊ ငါ သူ့ထက် ပိုပြီးတော်တာပဲဟု မိမိအသာစီး ရနေချိန်မှာ တစ်ပါးသူအပေါ်တွင် နိုင်ထက်စီးနင်း မပြုသင့်ဘူးလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

 

လောကမှာ ဘယ်အရာမှ တည်မြဲနေခြင်း မဟုတ် အရာရာ ပြောင်းလဲနေခြင်း ဖြစ်တယ်လို့ လ သင်ခန်းစာမှ ရရှိနိုင်ပါတယ်။ ၎င်းသင်ခန်းစာသည် လူတစ်ဦးတစ်ယောက်တည်းကို ရည်ညွှန်းခြင်း မဟုတ်ဘဲ လူသားအားလုံး အတွက် လိုက်နာသင့်သော သင်ခန်းစာတစ်ခု ဖြစ်ပါတယ်။ 

 

ကျော်လင်းနိုင် (ရိုးရာလေး)