$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

ကဗရ် အတွက် ရိတ်ခ တစ်ချို့

  • News Code : 332621
  • Source : MSM
ကျွန်တော်အနေဖြင့် အနည်းငယ်တင်ပြချင်တာကတော့ ကဗရ် အတွက် ရိတ်ခ တစ်ချို့ ဘဲ ဖြစ်ပါတယ်။ လူတိုင်းဟာ အနှေးနှင့် အမြန် ၊ အရှေ့ နှင့်အနောက်ဆို တာကွာခြားပြီးမနုဿလူသားတိုင်း ဟာ အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့်တော်ကို လက်ခံကြရမည် ဖြစ်ပါတယ်။

ကျွန်တော်အနေဖြင့် အနည်းငယ်တင်ပြချင်တာကတော့ ကဗရ် အတွက် ရိတ်ခ  တစ်ချို့ ဘဲ ဖြစ်ပါတယ်။ လူတိုင်းဟာ အနှေးနှင့် အမြန် ၊ အရှေ့ နှင့်အနောက်ဆိုတာကွာခြားပြီး  မနုဿလူသားတိုင်း ဟာ အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့်တော်ကို လက်ခံကြရမည် ဖြစ်ပါတယ်။  အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး လူသားအားလုံးနဲ့ သက်ဆိုင်နေသည့်သေခြင်းအတွက်  အမြဲဆင်ခြင်ပြီး၊ ကျွန်တော်တို့ တတွေအားလုံး လုပ်သင့်တာတွေလေး လုပ်ထားကြရမည်ဖြစ်ပါသည်။  ကျမ်းတော်မြတ်ကုရ်အာန်ကလည်းအောက်ပါအတိုင်းမိန့်ထားတော်မူပေသည်။  သက်ရှိသတ္တ၀ါတိုင်းသည် ‘မရဏ’ သေခြင်းတရား၏အရသာကို မြည်းစမ်းကြရမည်သာ ဖြစ်ပေသည်။ ထို့နောက်အသင်တို့သည် ငါ(အလ္လာဟ်ဟိုအရှင်မြတ်အထံတော်)သို့ပင် ပြန်လည်ပို့ဆောင်ခြင်းကို  ခံကြရမည်ဖြစ်ပေသည်။ (ကုရ်အာန် စူရဟ် အန်ဂပူသ်၂၉ ၊အာယတ်တော် ၅၇ )  ကဗရ်အတွင်း အထီးကျန် ဘဝ မှ လွတ်မြောက်ရေး  ဟဇရတ်အေမာမ်ရေဇာ(အ.စ) မိန့်ကြားတော်မူသည်မှာ-  အကြင်မည်သူမဆို သောကြာနေ့ တိုင်း အကြိမ်ပေါင်း ၁၀၀ ((ရာဗါရေအို - یابارئی))  ဖတ်ရွတ်  မည်ဆိုလျှင်အလ္လာဟ်ဟို အရှင်မြတ်သခင် သည် ၎င်းအား ကဗရ်အတွင်း အထီးကျန်တစ်ယောက်တည်း  ပေးနေမည် မဟုတ်ဘဲ ၊အဖော်တစ်ယောက် ကို ပို့ပေးတော်မူမည်။  ထိုနည်းတူစွာ နေ့စဉ်နေ့တိုင်း တစ်ပတ်အတိ ((ရာဗါရေအို - یابارئی)) အကြိမ်ပေါင်း ၁၀၀ ဖတ်ရွတ်မည်  ဆိုလျှင် အလ္လာဟ်ဟို အရှင်မြတ်သခင် သည် ၎င်းအတွက် ကေယာမတ်နေ့ တိုင်းအောင်အတူနေပေးမည့် အဖော်တစ်ယောက်၊အတူနေမည့် ဖရေရှ်သာကောင်းကင်တမန် တစ်ပါး ကိုဖန်ဆင်း ပေးတော်မူပေမည်။  ကြည့် - ဂျရှ်မေယေရာစ်သဂါရီ ၊ စာမျက်နှာ ၃၉၄  အဇာဗ်ဗေ ကဗရ် မှ လွတ်ငြိမ်းရန်  ဟဇရတ်အေမာမ်ရေဇာ(အ.စ) မိန့်ကြားတော်မူသည်မှာ-  အကြင်မည်သူမဆို ရက်ပေါင်း (၄၀) တိုင် အလုတ် (၄၀)ရိုတီ(နံပြား၊ချာပါတီ) အပေါ်  ((ရာဗီဒီးအို - یا بدیع )) ရေးပြီး ၊ရေမိုးချိုးပြီး၊နေ့စဉ် တလုတ် စားမည်ဆိုလျှင် ထိုသူသည်  ကြောက်ခြင်း ၊ဆာလောင်မွတ်သိပ်ခြင်း၊ အဇာဗ်ဗေ ကဗရ် တို့ မှ(အလ္လာဟ်ဟိုအရှင်မြတ်သခင်သည်) ထိန်းသိမ်းပေးသနားတော်မူမည်။  ကြည့် - ဂျရှ်မေယေရာစ်သဂါရီ ၊ စာမျက်နှာ ၃၉၆  ကေယာမတ်နေ့ ၌ စာရင်းရှင်းရတွင် လွယ်ကူစေရန်  ဟဇရတ်အေမာမ်ရေဇာ(အ.စ) မိန့်ကြားတော်မူသည်မှာ-  အကြင်မည်သူမဆို ကြာသပတေး ည ၌ အကြိမ်ပေါင်း (၁၅၅၅) ((အလ်မိုဟ်ဆီ - المحصی )) ဖတ်ရွတ် မည်ဆိုလျှင် ကေယာမတ်နေ့ ၌ ၎င်း၏စာရင်းသည် လွယ်ကူသွားပေမည်။ ထိုပြင်၎င်းသည်စာရင်းပညာရပ်၌ ကျွမ်းကျင်သွားပေမည်။  ကြည့် - ဂျရှ်မေယေရာစ်သဂါရီ ၊ စာမျက်နှာ ၄၀၆  အောင်မြင်ကြပါစေ  ဂျမားလ် (ကွမ်း)