$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>
အဟ်ကမ်ဆိုင်ရာ ကဏ္ဍ

အစ္စလာမ် သာသနာမှ ကျင့်ကြံမှုပိုင်း ဆိုင်ရာများ (သန့်ရှင်းစင်ကြယ်မှု နှင့်မ သန့်စင်မှု) အပိုင်း(၃ )

  • News Code : 343489
  • Source : msm

တိရစာန် အသေကောင်၏ ဥပဒေပြဇယား။တိရစာန်  အသေတွင် ခွေးနှင့်ဝက်၏ အစိတ်အပိုင်းအား လုံးသည် နဂျီ(စ်)ဖြစ်သည်။ခွေးနှင့်ဝက်မှလွဲ၍ ကျန်ရှိသော တိရစာန် များအားလုံး တွင် သွေးပန်းထွက်သော တိရစာန် ဆိုလျှင် အသက်ရှိသော အ စိတ်အပိုင်းများ အားလုံး နဂျီ(စ်)ဖြစ်ပြီး အသက်မရှိသော အစိတ် အပိုင်းများအားလုံးသည် သန့်စင်သည်။သွေးပန်းမထွက်သော တိရစာန် ဆိုလျှင် ခန္တာ ကိုယ်အစိတ်အ ပိုင်းများအားလုံး သန့်စင်သည်။အောက်ပါ အခြေအနေများတွင် သန့်စင်သော ဥပဒေရှိလေသည်။၁။ ဟလာ(လ်)ဖြစ်သည် သို့မဟုတ် ဟရာ(မ်)ဖြစ်သည်အား ကွဲ ပြားစွာ မသိရသော တိရစာန်၏ ဆီးနှင့်ဝမ်းသည် သွဟာရ(သ်)ဖြစ် သည်။ ဥပမာ ဟလာ(လ်) သို့မဟုတ် ဟရာ(မ်)ဟုမသိရသော ငှက်တ ကောင်၏ ဆီးနှင့် ဝမ်းသည် သွဟာရ(သ်)ဖြစ်လေသည်။၂။ လူသားသည် တိရစာန် တစ်ကောင်၏ မစင်အား တွေ့မည်။ သို့သော် သွေးပန်းထွက်တတ်သော သတ္တဝါမှ သို့မဟုတ် သွေးပန်း မထွက်သော တိရစာန် မှ ဖြစ်သည်ကို မသိလျှင်။ ဥပမာအားဖြင့် အစားအစာထဲတွင် မ စင်တွေ့မည်။ သို့ သော် ကြွက်၏ မစင်လော သို့မဟုတ် ပိုးဟပ်၏ မစင် လောဟု မသိလျှင် သွဟာရ(သ်)ဖြစ် သည်။၃။ အသားမပါရှိသော အရိုးတစ်ခုအားတွေ့ရှိပြီး ထိုအရိုးသည် ခွေး နှင့်ဝက်တို့၏ အရိုးဖြစ်သည် သို့မဟုတ် အခြား တိရစာန် များ၏အရိုး ဖြစ်သည်အား မသိရှိလျှင်ထိုအရိုးသည်သန့် စင်သည်။၎။ အသားမပါသော အရိုးတစ်ခုအားတွေ့ရှိပြီး ကာဖွဲ(ရ်)၏ အ ရိုးလား သို့မဟုတ် မွစ္စလင်(မ်)၏ အရိုးလားဟု မသိရှိ လျှင် သန့် စင်သည်။၅။ အသားသို့မဟုတ် အရေပြားတစ်ခုသည် သွေးပန်းထွက်သော တိရစာန် မှ သို့မဟုတ် သွေးပန်းမထွက်သော တိရ စာန်မှ ဖြစ် သည်ကို မသိရှိလျှင် သန့်စင်သည်ဟု သတ်မှတ်နိုင်လေသည်။ သားရေဖြင့် ပြုလုပ်ထားသော အသုံးအဆောင်များ၏ ဥပဒေ။၁။ တိရစာန် ၏ အသက်မဲ့သော အစိတ်အပိုင်းများနှင့် ပြုလုပ် ထား သော အသုံးအဆောင် အရာများသည် မည်မျှပင် အစ္စလာမ်၏ ဥပဒေ အရ လည် လှီးမထားလျှင်ပင်ဖြစ်စေ သန့်စင်လေသည်။ ထို့ကြောင့် သိုးမွေး၊ အမွေးနုနှင့် အမွေးပွ များဖြင့် ချုပ်ထားသော အဝတ်အစား များသည် ယုတ်စွအဆုံး မွစ္စလင်(မ်)မဟုတ်သူ ချုပ်ထားလျှင်သော် လည်း ကောင်း၊ မွစ္စလင်(မ်)မဟုတ်သူများ၏ ဈေးတွင် ရောင်းချခြင်း ဖြစ်လျှင်သော်လည်းကောင်း သွဟာရ(သ်) ဖြစ်လေသည်။ သို့သော် ဟရာ(မ်)တိရစာန် များ၏ သားမွေးများနှင့် ပြုလုပ်ထားသည်ဆိုလျှင် ထိုအဝတ်အစားဖြင့် နမား(ဇ်)ဝတ်ပြုခြင်း သည် ဘာသွိ(လ်)(ပျက် ပြယ်ခြင်း)ဖြစ်သည်။၂။ သွေးပန်းထွက်တတ်သော တိရစာန် အသေ၏ အသက်ရှိသော အစိတ် အပိုင်းများနှင့် ပြုလုပ်ထားသော အရာများ သည် နဂျိ(စ်)ဖြစ် သည်။ ဥပမာ အားဖြင့် ဖိနပ်၊ အိတ်၊ ဦးထုပ်၊ ခါးပတ်၊ လက်အိတ် နှင့် လက်ပတ်နာရီ ကြိုးကဲ့သို့သော သားရေဖြင့် ပြုလုပ်ထား သည့် အသုံးအဆောင်များ။၃။ အရာတစ်ခုသည် သားရေဖြစ်သလော သို့မဟုတ် သားရေမဟုတ် သလောဟု ကွဲပြားစွာမသိလျှင် သွဟာရ(သ်)ဖြစ်သည်။ ဆိုလိုသည် မှာ နဂျိ(စ်)မဟုတ်ပေ။၎။ အရာတစ်ခုသည် သွေးပန်းထွက်တတ်သော တိရစာန် ၏ အစိတ် အပိုင်းမှ ဖြစ်သလော သို့မဟုတ် သွေး ပန်းမထွက် သော တိရစာန်၏ အစိတ်အပိုင်းမှ ဖြစ်သလောဟုမသိလျှင် သန့်စင်လေ သည်။ ဥပမာအားဖြင့် ခါးပတ်တခု သည် မြွေအ ရေခွံဖြင့်ြုပလုပ်ထား သည် သို့မဟုတ် အခြား တိရစာန်၏ အရေခွံဖြင့်ြုပလုပ်ထားသည် ကို မသိလျှင်။၅။ သွေးပန်းထွက်တတ်သော တိရစာန် ၏သားရေဖြင့် ပြုလုပ်ထား သော အရာတစ်ခုသည် (ဥပမာအားဖြင့် ဖိနပ်တစ်ရံ သည် နွားသားရေ ဖြင့်ြုပလုပ်ထား သည်ကိုသိမည်) အစ္စလာမ်သာသနာ၏ ဥပဒေအရ လည်လှီးထားခြင်း ဖြစ်သည် မဖြစ်သည်ကို မသိလျှင် ဥပဒေ အမျိုးအ စား များစွာရှိလေသည်။ ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်ကြ သည်။-မွစ္စလင်(မ်)ထံမှဝယ်ယူပြီး အစ္စလာမ်နိုင်ငံတွင် ဆောက် လုပ်ထားသည် ဆိုပါက - သန့်စင်သည်။- မွစ္စလင်(မ်)ထံမှ ဝယ်ယူမည်။ သို့သော် ကာဖွိ(ရ်)နိုင်ငံ တွင် ဆောက်လုပ်ထားသည်။ ဥပမာအားဖြင့် အီတလီနိုင်ငံလုပ် ဖိနပ်တစ်ရံ အား ကူဝိတ်နိုင်ငံတွင် ဝယ်ယူမည် ဆိုပါက - နဂျိ(စ်)ဖြစ်သည်။ သို့သော် အကယ်၍ အစ္စလာမ်၏ ဥပဒေအရ လည်လှီး ထားပြီး ဖြစ်သည်အား အသေအချာသိပါက ထို့အပြင် ပစ္စည်းတင် သွင်းသူ မွစ္စလင်(မ်)သည် အစ္စလာမ်၏ ဥပ ဒေအရ လည်လှီးထား ပြီးဖြစ်သော တိရစာန်၏ သားရေဖြင့်ြုပလုပ်ထားသည့် ပစ္စည်းများ ကိုသာ တင်သွင်းသည်ဟု အ သေအချာသိမည် ဆိုလျှင် နဂျိ(စ်)မဟုတ်ပေ။- ကာဖွိ(ရ်)ထံမှဝယ်ယူမည်။ သို့သော် အစ္စလာမ်နိုင်ငံ တွင် ဆောက်လုပ်ထားသည်။ ဥပမာအားဖြင့် အီရန်နိုင်ငံ၌ ဆောက် လုပ်ထားသော ဖိနပ်အား လန်ဒန်တွင် ဝယ်ယူခဲ့ပါက - သန့်စင် လေသည်။- ကာဖွိ(ရ်)ထံမှ ဝယ်ယူမည်။ ထို့အပြင် ကာဖွိ(ရ်)နိုင်ငံ တွင် ဆောက်လုပ်ထားခြင်းဖြစ်ပါက - နဂျိ(စ်)ဖြစ်သည်။- မွစ္စလင်(မ်)ထံမှ ဝယ်ယူမည်။ သို့သော်မည်သည့်နိုင်ငံ တွင် ပြုလုပ်သည်အား မသိလျှင် - သွဟာရ(သ်)ဖြစ်သည်။- ကာဖွိ(ရ်)ထံမှ ဝယ်ယူပြီး မည်သည့်နိုင်ငံတွင် ပြုလုပ် သည်အား မသိပါက - နဂျိ(စ်)ဖြစ်သည်။