$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>
အဟ်ကမ်ဆိုင်ရာ ကဏ္ဍ

အစ္စလာမ် သာသနာမှ ကျင့်ကြံမှုပိုင်း ဆိုင်ရာများ (သန့်ရှင်းစင်ကြယ်မှု နှင့်မ သန့်စင်မှု) အပိုင်း(၄ )

  • News Code : 343490
  • Source : msm

နို့ထွက်ပစ္စည်းများ။အသက်ရှင်လျှက်ရှိသော ဟလာ(လ်)တိရစာန်မှ ရယူထားသည့် နို့ ထွက်ပစ္စည်းများ (ဥပမာအားဖြင့် နွား၊ ဆိတ် နှင့် သိုး တို့မှ ထုတ်ယူ ရရှိသော နို့၊ ဒိန်ချဉ်၊ ဒိန်ခဲ၊ ထောပတ်နှင့် မလိုင် ကဲ့သို့သော အရာများ) အားလုံးသည် သန့်စင်ပြီး ထိုအ ရာများကို စားသောက်ခြင်းသည် ဟလာ(လ်) ဖြစ်သည်။ ယုတ်စွအဆုံး ကာဖွိ(ရ်) ထုတ်ယူထားသည်ဖြစ်စေ၊ ကာဖွိ(ရ်) ဈေးတွင်ရောင်းချသည်ဖြစ် စေ၊ ကာဖွိ(ရ်)နိုင်ငံများမှ တင်သွင်း သည်ဖြစ်စေ သန့်စင်လေ သည်။ သို့သော် အကယ်၍ ကာဖွိ(ရ်)၏ ခန္တာကိုယ် နှင့် ထိတွေ့ ထားပြီး နဂျိ(စ်)ဖြစ်ထားသည်ဟု ယုံကြည်မှုအပြည့်အဝရှိ မည် ဆိုပါက နဂျိ(စ်)ဖြစ် သည်။ ထို့အပြင် ထင်မြင်ယုံ သံသယရှိယုံ ဖြင့် မလုံလောက်ပေ။ စုံစမ်းရန်လည်း မလိုအပ်ပေ။ (ဤအကြောင်း အရာ ၏ အကျယ်တဝင့် ရှင်းလင်းချက်အား ‘စားစရာ သောက်စ ရာများ’အခန်းတွင် ဖော်ပြသွားပါမည်။)ဖသဝါ(အမိန့် ဥပဒေ)တောင်းခံခြင်း။အမေး။  ။ ပြင်သစ်နိုင်ငံတွင် ရောင်းချသော သားရေဖိနပ်နှင့် အခြား သားရေ အသုံးအဆောင်ပစ္စည်းများသည် အယ်(လ်)ဂျီးရီးယား နိုင်ငံမှ တင်သွင်းသည်ဟု ယူဆရပါသည်။ ထို့ကြောင့် ထို ပစ္စည်းများသည် သန့်စင်မှု ရှိပါသလော။ ထိုပစ္စည်းများအား ဝတ် ဆင်ခြင်း သို့မဟုတ် သုံးစွဲခြင်း သည် ပြဿနာရှိပါသလား။အဖြေ။  ။ နဂျိ(စ်)ဖြစ်သည်။အမေး။  ။ ဖိနပ်၊ ခါးပတ်ကဲ့သို့သော ပစ္စည်းများ ပြုလုပ်ရာတွင် အသုံြးုပသော နိုင်ငံခြားမှ ဝင်ရောက်လာသည့် သားရေ များသည် သန့်စင် ပါသလော သို့မဟုတ် နဂျိ(စ်)ဖြစ်ပါသလော။အဖြေ။  ။ မွစ္စလင်(မ်)နိုင်ငံများမှ ဝင်ရောက်လာသော သားရေ များသည် သန့်စင်လေသည်။ သို့သော် အကယ်၍ အစ္စ လာမ်၏ ဥပဒေ အရ လည်လှီး ထားခြင်းမဟုတ်ဟု သိမည်ဆိုလျှင်မူ နဂျိ(စ်)ဖြစ် သည်။ ထို့ပြင်ကာဖွိ(ရ်) နိုင်ငံများမှ ဝင် ရောက်လာသော သားရေ များသည် နဂျိ(စ်)ဖြစ် သည်။ သို့သော် အကယ်၍ အစ္စလာမ်၏ ဥပဒေ အရ လည်လှီး ထား သည်ဟုအ ပြည့်အဝယုံကြည်ရသည်ဆိုလျှင် သွ ဟာရ(သ်)ဖြစ်လေသည်။ သို့မဟုတ် တင်သွင်းသူ မွစ္စလင်(မ်)သည် အစ္စလာမ်သာသနာ၏ ဥပဒေနှင့်အညီ လည် လှီးထားပြီးဖြစ်ကြောင်း ကို ထုတ်ဖော်ပြောကြားပြီး မွစ္စလင်များအသုံး   ပြု နိုင်ရန်အတွက် ရောင်းချပေးသည်ဟု ထင်မြင်ရသည်ဆိုလျှင် သန့်စင်လေ သည်။သွေးနှင့်ပတ်သက်သည့် ဥပဒေ။၁။ လူသား၏ သွေးနှင့် သွေးပန်းထွက်တတ်သော တိရစာန်အားလုံး၏ သွေးသည် နဂျိ(စ်)ဖြစ်သည်။ ဥပမာ- ဆိတ်၊ ကြက်။၂။ သွေးပန်းထွက်ခြင်း မရှိသော တိရစာန်၏ သွေးသည် သွဟာ ရ(သ်)ဖြစ်သည်။ ဥပမာ-ငါး၊။၃။ တစ်ခါတစ်ရံ ကြက်ဥအတွင်းတွေ့ရသော သွေးသည် နဂျိ(စ်) မဟုတ်ပေ။ သို့သော် အိ(ဟ်)သိယားသေ ဝါဂျိ(ဘ်)အနေဖြင့် ထိုသွေး အား စားသောက် ခြင်းမှ ရှောင်ကျဉ်ရမည် ဖြစ်သည်။ ထို့ပြင် အ ကယ်၍ ကြက်ဥအနှစ်နှင့် ရော မွှေချိန်တွင် သွေးပျောက်ပြက်သွား မည် ဆိုလျှင် ထိုကြက်ဥအနှစ် အား စားသောက်ခြင်းသည် ပြဿနာ မရှိပေ။၎။ သွားဖုံးမှ ထွက်သော သွေးသည် အကယ်၍ တံတွေးနှင့် ရောနှော သွားပြီး ပျောက်ပြက်သွားမည်ဆိုလျှင် သန့်စင် သည်။ ထို အခြေအနေမျိုး တွင် မျိုချခြင်းသည် ပြဿနာမရှိပေ။အောက်ပါ အခြေအနေများတွင် သန့်စင်ခြင်းဟူသော ဥပဒေရှိသည်။၁။ အနီရောင်ရှိသော အရာတစ်ခုသည် သွေးဖြစ်သလော မဖြစ်သ လောဟု ခွဲခြား၍ မသိလျှင်။၂။ သွေးတစ်ခုအား သွေးပန်းထွက်တတ်သော တိရစာန်၏ သွေး လော သို့မဟုတ် သွေးပန်းမထွက်တတ်သော တိရ စာန်၏ သွေးလောဟု ခွဲခြား၍ မသိလျှင်။ ဥပမာအားဖြင့် မိမိ၏ အိင်္ကျီတွင် သွေးတွေ့ မြင်ပြီး ခြင်၏ သွေးလော သို့မ ဟုတ် မိမိ၏ သွေးလောဟုမသိလျှင်။၃။ တိရိစာန်တစ်ကောင်၏ သွေးအား သွေးပန်းထွက်သော တိရိစာန်မှဖြစ်သလော သို့မဟုတ် သွေးပန်းမထွက် တတ် သော တိရစာန်မှဖြစ် သလောဟု မသိလျှင်။ ဥပမာအားဖြင့် မြွေ၏သွေး။၎။ သွဟာရ(သ်)(သန့်စင်မှု)ရှိသော အနာပေါက်မှထွက်လာသော အရည် အား သွေးလောသို့မဟုတ် ပြည် လောဟုမ သိလျှင်။ သို့သော် အနာ ပေါက်သည် နဂျိ(စ်)ဖြစ်နေမည်ဆိုပါက ၎င်းမှထွက်လာသော ပြည် သို့မဟုတ် အဝါ ရောင် အရေကြည်သည် နဂျိ(စ်)ဖြစ်နေသောနေ ရာနှင့် ထိတွေ့မှု ကြောင့် နဂျိ(စ်)ဖြစ်သွားပေမည်။၅။ ခန္တာကိုယ်မှ ဒဏ်ရာကို ဆွဲခွာလိုက်ခြင်းကြောင့် ထွက် ပေါ်လာသော အရည်သည် သွေးဟုတ်သလော သို့မဟုတ် သွေးမဟုတ် သလောဟု မကွဲပြားလျှင်။