$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>
အဟ်ကမ်ဆိုင်ရာ ကဏ္ဍ

အစ္စလာမ် သာသနာမှ ကျင့်ကြံမှုပိုင်း ဆိုင်ရာများ (သန့်ရှင်းစင်ကြယ်မှု နှင့်မ သန့်စင်မှု) အပိုင်း(၅ )

  • News Code : 343491
  • Source : msm

အရက်သေရည်။၁။ အရက်နှင့် မူးယစ်စေသော အရည်မှန်သမျှသည် နဂျိ(စ်)ဖြစ် သည်။၂။ မူလတွင် အရည်အသွင်ရှိသော မူးယစ်စေသည့် အရာသည် အစိုင် အခဲဖြစ်သွားပါကလည်း နဂျိ(စ်)ဖြစ်လေ သည်။၃။ ဆေးခြောက်ကဲ့သို့သောမူးယစ်စေသည့် အစိုင်အခဲများသည် မည်မျှ ပင်ထုချေပြီး ရေနှင့် ဖျော်ထားသည်ဖြစ်စေ၊ အ ရည်အဖြစ် ပြုလုပ်ထားသည် ဖြစ်စေ နဂျိ(စ်)မဟုတ်ပေ။၎။ ဆူပွက်လာစေသည်အထိ ကျိုချက်ထားသော စပျစ်ရည်သည် အ ကယ်၍ မူးယစ်စေပါက နဂျိ(စ်)ဖြစ်သည်။ အကယ် ၍ မူးယစ်စေခြင်း မရှိပါကလည်း သောက်သုံးခြင်းသည် ဟရာ(မ်)ဖြစ်သည်။ သို့သော် နဂျိ(စ်)မဟုတ်ပေ။၅။ စွန်ပလွန်ခြောက်နှင့် စပျစ်ခြောက်အား အကယ်၍ အစားအ စာများနှင့် (ဥပမာဆန်နှင့်)ရော၍ မည်မျှပင် ဆူ ပွက်လာ စေ ရန် ချက် ပြုတ်သည် ဖြစ်စေ ဟရာ(မ်)မဟုတ်ပေ။ကာဖွိ(ရ်)(ဆန့်ကျင်သူ)။ဆန့်ကျင်သူ ကာဖွိ(ရ်)များနှင့် နဂျိ(စ်)ဖြစ်သူများမှာ၁။ အလ္လာဟ်အသျှင်မြတ်အား ဆန့်ကျင်သူ (အလာဟ်အသျှင်မြတ်၏ တည် ရှိနေမှုအား ငြင်းဆန်သူ)။၂။ တမန်တော်မြတ်(ဆွ)အားငြင်းဆန်သူ(တမန်တော်မြတ်(ဆွ)၏ နဗီ(စေ လွှတ်ခြင်းခံရသူ)ဖြစ်ခြင်းအား ငြင်း ဆန်သူ)။၃။ သောင်(ဝ်)ဟီး(ဒ်)အား ငြင်းဆန်ခြင်း(အလာဟ်အသျှင်မြတ်၏ တစ်ပါး တည်းသောအရှင်ဖြစ်ခြင်းအား လက်မခံသူ၊ တစ်စုံတစ်ခု အား ထိုအရှင် မြတ်နှင့် နှိုင်းယှဉ်၍ ကိုးကွယ်သူ)။၎။ အခိျု့သော အချက်များသည် သာသနာ၏ အရေးပါသော အရာများ အဖြစ် သိထားပြီး ထိုအချက်များအား လက်မ ခံခြင်းသည် တမန်တော် မြတ်(ဆွ)အား ငြင်းဆန်ခြင်း၊ သာသနာအား ငြင်းဆန်ခြင်း ဖြစ်သည်ဟု သိလျက်နှင့် သာသ နာ၏ အရေးပါသောအရာများအား ငြင်းဆန်ခြင်း။၅။ သန့်ရှင်းစင်ကြယ်သော အေမာ(မ်)(အ.စ)များအား ဆဲဆိုသူများ သို့မဟုတ် ရန်ငြိုးထားသူများ။ ယုတ်စွအဆုံး အေမာ(မ်)(အ.စ)တစ် ပါးတည်းကိုပင် ဖြစ်စေ။အချို့သော ဥပဒေသများ။၁။ ကာဖွိ(ရ်)၏ ခန္ဓာကိုယ်တစ်ခုလုံး ယုတ်စွအဆုံး သူ၏ ဆံပင် လက်သဲနှင့် ချွေးကဲ့သို့သော စိုစွတ်မှုများသည် နဂျိ(စ်)ဖြစ်သည်။၂။ တစ်ဦးတစ်ယောက်သည် မွစ္စလင်(မ်)ဖြစ်သလော သို့မဟုတ် ကာဖွိ(ရ်)ဖြစ်သလောဟု မသိရလျှင် သန့်စင်သည်။ သို့သော် မွစ္စ လင်(မ်)များအတွက် သတ်မှတ်ထားသော အခြားဥပဒေများ ထိုသူအ တွက် မရှိနိုင် ပေ။ ဥပမာအား ဖြင့် မွစ္စလင်(မ်)အမျိုးသမီးနှင့် လက်မထပ်နိုင်ပေ။ ထို့အ ပြင် မွစ္စလင်(မ်)များ၏ သင်္ချိုင်းတွင် ထိုသူအား မြှုပ်နှံခွင့် မရှိပေ။