$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>
အဟ်ကမ်ဆိုင်ရာ ကဏ္ဍ

အစ္စလာမ် သာသနာမှ ကျင့်ကြံမှု ပိုင်းဆိုင်ရာ များ(သန့်ရှင်း စင်ကြယ်မှု နှင့်မသန့်စင် မှု) အပိုင်း (၇)

  • News Code : 345492

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။အချို့သောဥပဒေသများ။(ယခင်လမှအဆက်-စားသောက်ဆိုင်များရှိဇွန်း၊ခက်ရင်း၊ပန်းကန်နှင့်ခွက်များကိုသုံးဆွဲရာတွင်အကယ်၍ထိုအရာများနဂျိ(စ်) ဖြစ်နေခြင်းအားအပြည့်အဝယုံကြည်မှုမရှိသောအခြေအနေတွင်သွဟာရ(သ်(သန့်စင်သည်)ဟု သတ်မှတ်နိုင်သည်။- အစစ်အမှန်တွင်သန့်စင်၍ဟလာ(လ်)ဖြစ်သောဖျော်ရည်နှင့်အခြား သောက်သုံးစရာများသည်အကယ်၍ကာဖွိ(ရ်)၏ခန္ဓာကိုယ်နှင့်ထိတွေ့ထားသလောသို့မဟုတ်မထိထားသလောဟုသေချာစွာမသိလျှင်သန့်စင်လေသည်။ယနေ့ခေတ်ကာလတွင်သာမန်အားဖြင့်ဤကဲ့သို့သောဖျော်ရည်များအားစက်ပစ္စည်းများဖြင့်ထုပ်လုပ်ကြသည်။- ကာဖွိ(ရ်)များ ပြုလုပ်သောအစားအသောက်များဖြစ်ကြသည့်သကြား၊သကြားခဲ၊ဘီစကွတ်မုန့်၊ချောကလက်၊ပီကေနှင့်ထိုကဲ့သို့သောအရာများသည်အကယ်၍ ကာဖွိ(ရ်)၏ခန္ဓာကိုယ်ဖြင့်ထိတွေ့မှုမရှိဟုယုံကြည်မည်သို့မဟုတ်အခြားနည်းလမ်းဖြင့် နဂျိ(စ်)ဖြစ်ထားခြင်းမဟုတ်ဟုယုံကြည်မှု ရှိမည်ဆိုလျှင်သန့်စင်လေသည်။- ကာဖွိ(ရ်)များရောင်းချသောဆန်၊ပဲ၊ဂျုံ၊စသောအရာများ၊ဟင်းသီးဟင်းရွက်များနှင့်အသီးအနှံများအားနဂျိ(စ်)ဖြစ်ထားသည်ဟုအသေအချာယုံကြည်မှုမရှိလျှင်သန့်စင်လေသည်။မည်မျှပင်ထိုအရာများအားကာဖွိ(ရ်)စိုက်ပျိုး၍ဆွတ်ခူး၊သယ်ဆောင်၊ ရောင်းချလာသည် ဖြစ်စေ။- ဆီနှင့် ဆီကဲ့သို့သော အရာများသည် အကယ်၍ နဂျိ(စ်)ဖြစ်ခဲ့ခြင်း သို့မဟုတ်နဂျိ(စ်)ဖြစ်ခြင်းအားအပြည့်အဝယုံကြည်မှုမရှိပါကသန့်စင်လေသည်။- မော်တော်ဆိုင်ကယ်နှင့်ကားများအတွက် သို့မဟုတ် အိမ်များအတွက် ကာဖွိ(ရ်)များသန့်စင်ထုတ်လုပ်ပြီးဖြန့်ချီရောင်းချသောဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ရေနံဆီ၊အမဲဆီနှင့်အခြားစက်ဆီများသည်နဂျိ(စ်)ဖြစ်နေသည်ဟုအပြည့်အဝယုံကြည် မှုမရှိပါက သန့်စင်လေသည်။- ကာဖွိ(ရ်)ထံတွင် အပ်နှံသောပစ္စည်းများ(ဥပမာ အင်္ကျီင်္ချုပ် ရန်အဝတ်စအပ်နှံထားခြင်း၊ကားပြင်ရန်အပ်နှံထားခြင်း)အား ပြန်လည်၍ယူပြီးချိန်တွင် အကယ်၍ နဂျိ(စ်)ဖြစ်သွားသည်ဟု အတိအကျယုံကြည်မှုမရှိလျှင်သန့်စင်သည်။သွဟာရ(သ်)ဖြစ်သည်။- မွစ္စလင်(မ်)မဟုတ်သူများထံလျှော်ဖွပ်ရန်သို့မဟုတ်မီးပူတိုက်ရန်ပေးထားသောအဝတ်အစားသည်နဂျိ(စ်)ဖြစ်သွားသည်ဟုအတိအကျယုံကြည်မှုမရှိလျှင်သန့်စင်လေသည်။- ကာဖွိ(ရ်)များဖုတ်၍ရောင်းချသောနံပြား၊ပေါင်မုန့်နှင့်ကိတ်မုန့်ကဲ့သို့သောအစားအစာများ၏ပထမအဆင့်အသုံးပြုသောပစ္စည်း(ဂျုံ၊ ပဲ၊ စသဖြင့်)သည်သန့်စင်ခဲ့ပြီး နဂျိ(စ်)ဖြစ်ခဲ့သည်ဟုယုံကြည်မှုမရှိပါကသွဟာရ(သ်)ဖြစ်သည်။- ကာဖွိ(ရ်)နှင့် လက်ဆွဲနှုတ်ဆက်ခြင်းပြုရာတွင် အကယ်၍ ကာဖွိ(ရ်)၏ လက်သည်စိုဆွတ်မှုမရှိလျှင်သို့မဟုတ် ထိုစို ဆွတ်မှုသည် အခြားလက်သို့ကူးစက်မသွားနိုင်လျှင်သို့မဟုတ်စိုဆွတ်မှုကူးဆက်မသွားဟု ယုံကြည်မှုရှိသောအခြေအနေများတွင်မွစ္စလင်(မ်)၏လက်သည် နဂျိ(စ်)ဖြစ်မသွားနိုင်ပေ။