$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>
အဟ်ကမ်ဆိုင်ရာ ကဏ္ဍ

အစ္စလာမ် သာသနာမှ ကျင့်ကြံမှုပိုင်း ဆိုင်ရာများ (သန့်ရှင်း စင်ကြယ်မှု နှင့် မသန့်စင် မှု) အပိုင်း (၉)

  • News Code : 345744

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။‘مُضَاف’ခေါ် အရည်(ရောနှောရေ)၏ ဥပဒေ။၁။ နဂျိ(စ်)အရာအား သန့်စင်မှု မပြုလုပ်ပေ။၂။ နဂျိ(စ်)များနှင့်ထိတွေ့ခြင်းဖြင့် နဂျိ(စ်) ဖြစ်သွားပေ မည်။ ယုတ်စွ အဆုံး မည်မျှပင် နဂျိ(စ်)သည်သေးငယ်၍ နည်းပါး သည်ဖြစ်စေ။ ထို့ပြင်အရောင်အဆင်း၊အနံ့နှင့်အရသာပြောင်းလည်းမသွားသည်ဖြစ်စေ။၃။ ထိုအရည်ဖြင့် ဝုဇူ(အ်)၊ ဂု(စ်)(လ်)ြုပလုပ်ခြင်းသည် မှန်ကန်မှု မရှိပေ။‘مطلق’ရေ(ရောနှောမှု မရှိသောရေ)၏ အမျိုးအစားများ။မြေကြီးမှ စိမ့်ထွက်သော ရေသည် အကယ်၍ စီးဆင်းမှုရှိပါက စီးဆင်း ရေဟု ခေါ်ဆိုပြီး စီးဆင်းမှုမရှိပါက တွင်းရေ ဟု ခေါ်ဆိုသည်။မြေကြီးမှ စိမ့်ထွက်ခြင်း မရှိသော၊ ကောင်းကင်မှလည်းရွာ ချခြင်း မဟုတ်သောရေအား ရေသေဟု ခေါ်ဆိုသည်။ ရေသေသည် အကယ်၍ အတိုင်း အတာ ပမာဏများပြားမည်ဆိုလျှင် ‘كُر’ခေါ် များသောရေ(ရေ အများ)၊ အကယ်၍ အ တိုင်းအတာ ပမာဏနည်းမည်ဆိုလျှင် ‘قَلِيل’ခေါ် နည်းသောရေ(ရေအနည်း)ဟု ခေါ်ဆိုလေသည်။‘كُر’ ခေါ် ရေအများ၏ အတိုင်းအတာ ပမာဏ။၁။ ထုထည်အားဖြင့် ၄၂ ဒသမ ၈၇၅ထွာ ရှိရမည်။ ဆိုလို သည်မှာ အ လျား၊ အနံနှင့်အနက် အသီးသီးသည် ပျမ်းမျှ အားဖြင့် ၃ ဒသမ ၅ထွာ ရှိ ရမည် ဖြစ်သည်။အလျား x အနံ x အမြင့် = ထုထည်၃ဒသမ၅x ၃ဒသမ၅ x ၃ဒသမ ၅ = ၄၂ဒသမ ၈၇၅ထွာ၂။ အလေးချိန်အားဖြင့် ၃၇၇ဒသမ၄၁၉ ကီလိုဂရမ် ရှိရမည် ဖြစ်သည်။‘قليل’ခေါ် ရေအနည်း၏ အတိုင်းအတာ ပမာဏ။အထက်ပါ ‘كُر’ရေ၏ ထုထည်နှင့်အလေးချိန်ထက်နည်းပါးသောရေသည် قليل  ရေဖြစ်သည်။‘قليل’ခေါ် ရေအနည်း၏ ဥပဒေ။၁။‘قليل’ရေသည် နဂျိ(စ်)နှင့် ထိတွေ့ခြင်းဖြင့် နဂျိ(စ်)ဖြစ်သွား နိုင်သည်။ (နဂျိစ်ရေပေါ်သို့ကျ၍ ဖြစ်စေ နဂျိစ်ပေါ် သို့ ရေကျ၍ ဖြစ်စေ။)၂။ အကယ်၍ ‘قليل’ရေဖြင့် နဂျိ(စ်)ပေါ်သို့အထက်မှ အရှိန်ဖြင့် လောင်း ချမည်ဆိုလျှင်နဂျိ(စ်)နှင့် ထိတွေ့သော ရေသည်သာ နဂျိ(စ်)ဖြစ် သွားမည်ဖြစ်ပြီး အထက်မှ ရေသည် နဂျိ(စ်)မဖြစ်နိုင်ပေ။ ဥပမာအားဖြင့် ခွက်တစ်ခွက်ဖြင့် နဂျိ(စ်)ပေါ်သို့ ရေလောင်းချချိန်။၃။ အောက်မှ အထက်သို့ အရှိန်ဖြင့် ပန်းထွက်နေသော ‘قليل’ရေတွင် အကယ်၍ နဂျိ(စ်)သည်အထက်သို့ရောက်ရှိသွားလျှင်အောက်မှရေများသည်နဂျိ(စ်)ဖြစ်မသွားပေ။သို့သော်နဂျိ(စ်)သည်အောက်ဘက်သို့ရောက် ရှိလာမည်ဆိုလျှင်မူ အထက်မှ ရေသည် လည်း နဂျိ(စ်)ဖြစ်သွားပေမည်။၎။ အကယ်၍‘كُر’ရေ သို့မဟုတ် စီးဆင်းရေသည် နဂျိ(စ်)ဖြစ် နေသော قليلရေဖြင့် ထိတွေ့ ရောနှောသွားမည် ဆိုလျှင် သန့်စင် လေသည်။ (ဥပမာအားဖြင့် နဂျိ(စ်)ဖြစ်နေသော ‘قليل’ရေခွက်တစ် ခွက်အား ‘كُر’ရေ ကန်ဖြင့် ဆက်သွယ် လျှက်ရှိသော ရေစက်၏ အောက်တွင် ထားရှိပြီး ရေလောင်းချ၍ ထိုقليلရေဖြင့် ရောနှော သွားစေ မည်ဆိုပါက သန့်စင် သော ရေဖြစ်သွားပေမည်။)၅။ နဂျိ(စ်)ကိုယ်တိုင် ပပျောက်သွားစေရန် အတွက် နဂျိ(စ်)ဖြစ် နေသော အရာပေါ်သို့လောင်းချသည့် ‘قليل’ရေ သည်ထိုအရာမှပြန်လည်စီးဆင်းကျလာချိန်တွင် နဂျိ(စ်)ဖြစ်လေသည်။ ထို့အပြင် နဂျိ(စ်)ကိုယ်တိုင် ပပျောက်သွားပြီးနောက်သန့်စင်စေရန်အတွက်နဂျိ(စ်)ဖြစ်နေသောအရာပေါ်သို့ ရေလောင်းချပြီး ပြန်လည်စီးဆင်းကျ လာသောရေကိုလည်း ရှောင်ကျဉ်ရမည် ဖြစ်ပေသည်။အပိုင်း(၁၀)တွင်ဆက်လက်ရေးသားပါမည်။ကျမ်းကိုး။ ။အာယသုလ္လာအဲလ်အုဇ်မ(ဟ်)ဆိုင်ယိ(ဒ်)အလီဟိုစိုင်နီစီ(စ်)သာနီ ၏ "သွဟာရ(သ်)"