$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

အစ္စလာမ်သာသနာမှကျင့်ကြံမှုပိုင်းဆိုင်ရာများ(သန့်ရှင်းစင်ကြယ်မှု နှင့်မသန့်စင်မှု) အပိုင်း(၁၀)

  • News Code : 353457

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။မိုးရေ၏ အချို့သော ထူးခြားချက်များ။၁။ နဂျိ(စ်)ကိုယ်တိုင် ရှိမနေသော နဂျိ(စ်)ဖြစ်နေသည့် အရာ ပေါ်သို့ တစ်ကြိမ်ရွာချခြင်းဖြင့် သန့်စင် သည်။၂။ အကယ်၍ နဂျိ(စ်)ဖြစ်နေသော အဝတ်အစားနှင့် ကော်ဇောပေါ် သို့ ရွာချသည်ဆိုလျှင် သန့်စင်သွားမည် ဖြစ် ပြီး ရေညှစ်ရန်မ လိုအပ်ပေ။၃။ အကယ်၍ နဂျိ(စ်)ဖြစ်နေသော မြေကြီးပေါ်သို့ ရွာချပါက သန့်စင် သွားပေမည်။၎။ နေရာတစ်နေရာတွင် မိုးရေများ စုစည်းနေပြီး အကယ်၍ ‘كُر’ အတိုင်း အတာထက် နည်းသည်ပင်ဖြစ်စေ မိုးဆက်လက်၍ ရွာ သွန်းနေချိန်၌ ထို ရေတွင်နဂျိ(စ်)ဖြစ်နေသောအရာအားဆေးကြောမည် ဆိုပါကထိုရေသည်နဂျိ(စ်)၏ အရောင်၊ အနံ့၊ အရာသာသို့ ပြောင်းလဲ မသွားသရွေ့ကာလပတ်လုံး သန့်စင် လေသည်။ရေနှင့်ပတ်သက်၍ သံသယဖြစ်ခြင်းအတွက် ဥပဒေများ။၁။ ရေအတိုင်းအတာတစ်ခုအား ‘كُر’ရေ ဖြစ်သလော သို့မဟုတ် မဖြစ်သ လောဟုမသိလျှင် ထိုရေသည် နဂျိ(စ်) ဖြင့်ထိတွေ့မှု ကြောင့် နဂျိ(စ်) မဖြစ်ပေ။ သို့သော် ထိုရေတွင် ‘كُر’ရေ၏ ဥပဒေမ ရှိပေ။၂။ အလျင်က ‘كُر’ရေဖြစ်ခဲ့သော ရေအတိုင်းအတာတစ်ခုအား قليلရေဖြစ်သွားပြီလော သို့မဟုတ်ယခုထိ ‘كُر’ ရေလောဟု သံသယရှိ လျှင် ‘كُر’ရေဟု သတ်မှတ်ရမည်။၃။ ရေတွေ့၍ သန့်စင်သလော သို့မဟုတ် နဂျိ(စ်)လောဟု မသိ လျှင် သန့်စင်လေသည်။၎။ သန့်စင်မှု ရှိနေခဲ့သော ရေအား နဂျိ(စ်)ဖြစ်သွားသလော သို့မဟုတ် သန့်စင်သေးသလောဟု သံသယဖြစ် လျှင် သန့်စင်လေသည်။၅။ နဂျိ(စ်)ဖြစ်ခဲ့သော ရေအား သန့်စင်သွားသလော သို့မဟုတ် မသန့်စင်သေးဟု သံသယရှိပါက နဂျိ(စ်)ဖြစ် သည်။၆။ ‘مُطْلَق’ဖြစ်ခဲ့သော(ရောနှောမှုမရှိသော)ရေအား ‘مُضَاف’(အရည်)ရေ ဖြစ်သွားသလော သို့မဟုတ် မဖြစ်သ လောဟု မသိလျှင်‘مُطْلَق’ ရေ ၏ ဥပဒေ ရှိလေသည်။နဂျိ(စ်)ဖြစ်နေသော အရာများအား ရေဖြင့် သန့်စင်နည်း။နဂျီ(စ်)အရာများအား သန့်စင်ရာတွင်---(၁)။ ခွက်ယောက်ပန်းကန်နှင့် အခြားအရာများအတွက် كرရေဖြင့် ဆိုလျှင် တစ်ကြိမ်။ ‘قليل’ရေဖြင့်ဆိုလျှင် သုံးကြိမ် ဆေးကြောရ မည် ဖြစ်သည်။(၂) ခွက်ယောက် ပန်းကန်မဟုတ်သော အခြားအရာများအတွက် ဆီးနှင့် နဂျီး(စ်)ဖြစ်ထားလျှင် كرရေဖြင့်ဆိုလျှင် တစ် ကြိမ်။‘قليل’ရေဖြင့်ဆိုလျှင် သုံးကြိမ် ဆေးကြောရမည် ဖြစ်သည်။ အကယ်၍ အခြားအရာများဖြင့်နဂျီး(စ်)ဖြစ်ထား လျှင်كرရေဖြင့်ဆိုလျှင်တကြိမ်။ ‘قليل’ရေဖြင့် ဆိုလျှင်တစ်ကြိမ် ဆေးကြောရမည် ဖြစ်သည်။ရှင်းလင်းချက်။(က) နဂျိ(စ်)ဖြစ်နေသော အရာများအား သန့်စင်ရာတွင်ပထမဦး စွာနဂျိ(စ်)ကိုယ်တိုင်အား ဖယ်ရှားပစ်ပြီးနောက် အထက်ပါဇယား တွင် ဖော်ပြခဲ့သည့်အတိုင်း ရေလောင်း၍ ဆေးကြောရမည် ဖြစ် သည်။ ဥပမာအားဖြင့် နဂျိ(စ်) ဖြစ်နေသော ခွက်တစ်ခွက်အား အညစ်အကြေးကိုဖယ်ရှားပြီးနောက် ‘كُر’ရေ တွင် တစ်ကြိမ်ဆေးကြော ခြင်း ဖြင့် လုံလောက်သည်။(ခ) ကော်ဇော၊ အဝတ်အစားနှင့် ထိုကဲ့သို့သော အရာများသည် ရေ စုပ်ယူတတ်ပြီး ၎င်းတို့မှ ထိုရေများကိုပြန် လည် ညှစ်ထုတ် ၍ ရနိုင် လေသည်။ ထို့ကြောင့် ‘قليل’ရေဖြင့် ဆေးကြောမည်ဆိုလျှင် လျှော်ဖွပ်ပြီး သည့် အကြိမ်တိုင်း ထိုအရာထဲတွင် စိမ့်ဝင်နေ သော ရေများကို ညှစ် ထုတ်ပစ်ရန် လိုအပ်လေသည်။ သို့မဟုတ် တခြားနည်းလမ်းဖြင့် ထိုရေ များ ပြန်ထွက်လာစေရန် ပြုလုပ်ရမည် ဖြစ်သည်။ ထို့အပြင် ‘كُر’ရေနှင့် စီးဆင်းရေတွင်လည်း အိ(ဟ်)သိယား သေဝါဂျိ(ဘ်) အနေ ဖြင့် ရေများကို ညှစ် ထုတ်ပစ်ရန် လို အပ်သည်။(ဂ) စီးဆင်းရေနှင့် တွင်းရေတို့တွင် နဂျိ(စ်)ဖြစ်နေသောအရာ များအား ဆေးကြောခြင်း၏ ဥပဒေသည်လည်း ‘كُر’ ရေတွင် ဆေးကြောခြင်း၏ ဥပဒေနှင့် အတူတူပင် ဖြစ်သည်။အပိုင်း(၁၁)တွင်ဆက်လက်ရေးသားပါမည်။ကျမ်းကိုး။ ။ အာယသုလ္လာအဲလ်အုဇ်မ(ဟ်)ဆိုင်ယိ(ဒ်)အလီဟိုစိုင်နီစီ(စ်)သာနီ ၏ "သွဟာရ(သ်)"