$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

ရိုဇဟ် ၏ အမျိုး အစားများ

  • News Code : 762023
  • Source : ABNA + မိုအ်မင်တစ်ဦး ထံမှ
Brief

ရိုဇဟ် ၏ အမျိုး အစားများ ကို abna စာဖတ် ပရိတ်သတ် ကြီး အတွက် တင်ဆက်လိုက်ပါတယ်။

ရိုဇဟ် ၏ အမျိုး အစားများ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  1. ဝါဂျစ်ဗ် ရိုဇဟ် (ဥပမာ:လမြတ် ရမ်တွာန် ၏ ရိုဇဟ် )
  2. မွတ်စ်သဟဗ် ရိုဇဟ် (ဥပမာ:ရဂျဗ်လ (သို့) ရှအ်ဗာန်လ ၏ ရိုဇဟ် )
  3. မက်ရူးဟ် ရိုဇဟ် (ဥပမာ:အာရူရာနေ့ ၏ ရိုဇဟ် )
  4. ဟရာမ် ရိုဇဟ် (ဥပမာ:အီးဒ်ဒိုလ်ဖေသ်ရ် နှင့် အီးဒ်ဒေကုရ်ဘာန် ၏ ရိုဇဟ် )

 

သတိပြုစရာ

 

  • အကယ်၍ ရိုဇဟ် ထားလျှင် အန္တရာယ် ဖြစ်နိုင်မည်ဆိုလျှင် ဝါဂျစ်ဗ် ရိုဇဟ် ထားခြင်းသည်လည်း ဟရာမ် ရိုဇဟ် ဖြစ်သွား မည်ဖြစ် ပါသည်။
  •  

အန္တရာယ် အတွက်ဥပမာ

 

  1. ရိုဇဟ် ထားလျှင် သေဆုံးသွားမည်ဟု သိနေပါတယ်။

(သို့မဟုတ်)

  1. ရောဂါ အတွက် အချိန် ကြာမှုကို ဖြစ်စေမည် ။

 

အမေး (၂) :ဤအခြေအနေကို ဘယ်လို သိနိုင်မှာလဲ ?

အဖြေ : ကိုယ်တိုင် ယုံကြည် စိတ်ချရ သည့်အနေအထား ကြောင့် ဖြစ်စေ

(သို့မဟုတ်)

အတိတ်၏ အတွေ့အကြုံ များ အရကြောင့် ဖြစ်စေ

(သို့မဟုတ်)

စိတ်ချယုံကြည်ရသည့် ဒေါက်တာ၏ ပြောကြားချက်ကြောင့် ဖြစ်စေ

(သို့မဟုတ်)

အသိဥာဏ် အထောက်အထားကြောင့် ဖြစ်စေ

 

အခြေအနေ

 

ဒေါက်တာပြောပါသည် …

(၁) ရိုဇဟ် ထားလျှင် အန္တရာယ် ရှိသည် ။ ကျွန်တော်အနေဖြင့် ဒီလိုဘာ အန္တရာယ်မှ မရှိဘူးလို့ ယုံကြည်ပါသည်။

(သို့မဟုတ်)

(၂) ရိုဇာ ထားပါ။ မည်သည့် အန္တရာယ်မှ မရှိ ပါ ။တကယ်တော့ ရိုဇဟ် ကျွန်တော်အတွက် အန္တရာယ် ဖြစ်စေကြောင်း စိတ်ချယုံကြည်ပါသည်။

 

အမေး (၃) : ဤအခြေအနေ တွင် ဘယ်သူစကား ကို အတည်ပြုရမည် နည်း ? ကျွန်တော် လား? (သို့မဟုတ်) ဒေါက်တာ လား ?

အဖြေ : အသင်၏စကား ကိုအတည်ပြုရပါမည်။ အသင်အနေဖြင့် မိမိ ၏ စိတ်ချ ယုံကြည်မှု အပေါ် အကောင်အထည် ဖော်ဆောင်ရွက် ရပါ မည်။

ဝါဂျစ်ဗ် ရိုဇဟ်များ ၊ဥပမာ

 

၁။လမြတ်ရမ်တွာန် ၏ ရိုဇဟ်များ

၂။ ကဇွာရိုဇဟ်များ

၃။ကာဖွာရာ ရိုဇဟ်များ

၎။ အဖေ၊အမေ၏ ကဇွာ ရိုဇဟ်များ သားအကြီးဆုံးထားရန်

၅။၊အဓိဋ္ဌာန်၊ ကတိသစ္စာပြုထားသည့် ရိုဇဟ်များ

၆။အအ်သေကာဖ်ထိုင်သူများ အတွက်သုံးရက်မြောက်နေ့ တွင်ထားရ မည့် ရိုဇဟ်

၇။ ဟဂ်ျယေသမသိုအ် အတွက်ကုရ်ဘာနီ အစား ၊ထားရသည့် ရိုဇဟ်များ

(အကျယ်တဝင့် သိရှိရန် (مناسک حج ) ကျမ်းကိုလေ့လာနိုင်ပါသည်။ )

------------------------------

251/End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*