အာဖဂန်နိစ္စတန် နိုင်ငံ ပတ်္ကသယာ ပြည်နယ် တွင် ဂျွန်မ်အဟ်နမာဇ် ဝတ်ပြုနေချိန် ရှီအာ ဗလီ အတွင်း အသေခံ ဗုံးခွဲမှု ဖြစ်ပွား

အာဖဂန်နိစ္စတန် နိုင်ငံ ပတ်္ကသယာ ပြည်နယ် ရှိ အေမာမ် ဇမာနာ (အ.ဂျ) အမည်ရှိ ရှီအာ ဗလီ အတွင်း ဂျွန်မ်အဟ်နမာဇ် ဝတ်ပြုနေချိန် အသေခံ ဗုံးခွဲမှု တစ်ရပ် ဖြစ်ပွား ခဲ့ပါတယ်။ နမာဇ် ဝတ်ပြုသူများ အတွင်း သေဆုံးသူနှင့် ဒဏ်ရာ ရခဲ့သူများ မှာ အယောက် ၁၃၀ ကျော် ရှိကြောင်း သိခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဗ်နာ သတင်းဌာန၏ သတင်း အထောက်အထားအရမျက်မြင်သက်သေများ နှင့် လုံခြုံရေး တပ်၏ တာဝန်ရှိ အရာရှိများ၏ ပြောပြချက်အရ ဤအကြမ်းဖက် အသေခံ တိုက်ခိုက်မှု ကြောင့် နမာဇ်ဝတ်ပြုသူ အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး အယောက် ၁၀၀ ကျော် ဒဏ်ရာ ရခဲ့ကြောင်း အသေခံပေါက်ကွဲမှု မှာ အာဖဂန် နိစ္စတန် နိုင်ငံ ပတ်္ကသယာ ပြည်နယ် ကရ်ဒီးဇ် မြို့ ရှိ အေမာမ် ဇမာနာ (အ.ဂျ) ဗလီ တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။

အချို့ သတင်းဌာန များမှ သေဆုံး ဝတ်ပြုသူ အရေအတွက် ကို ၃၅ ဦး ရှိ ကြောင်း ဖော်ပြထား ပါ တယ်။

ရဲဌာန၏ အကြီးတန်း အရာရှိ ဂျမီးလ် ဟူသက်၏ သတင်းအထောက်အထားအရ အသေခံ ပေါက်ခွဲ သူ အကြမ်းဖက်သမား ၂ ဦးမှ အေမာမ် ဇမာနာ (အ.ဂျ) ဗလီ အတွင်း ဝင်၍ မိမိကိုယ်ကို နမာဇ် ဝတ်ပြုများ အကြား ပေါက်ကွဲ ခဲ့ကြောင်းသိရှိခဲ့ရပါတယ်။

အာဖဂန် နိစ္စတန် နိုင်ငံ အချိန်အတော်ကြာကတည်း က လုံခြုံ ငြိမ်ဝပ်ပိပြားမှု မရှိသည့် နိုင်ငံ ဖြစ်နေပြီး နေ့စဉ်နေ့တိုင်း အာဖဂန် နိစ္စတန် နိုင်ငံ ၏ မြို့တော် နှင့်တစ်ကွ အခြား ပြည်နယ်များတွင် ဗုံးပေါက်ကွဲမှုများ တိုက်ခိုက်မှုများ ဖြစ်ပေါ်နေပါတယ်။

ဇူလိုင်လ ၂၁ရက်နေ့ကိုလည်း အာဖဂန်နိစ္စတန် နိုင်ငံ အရှေ့ပိုင်း ဒေသ ရှိ အစိုးရ အဆောက်အဦး အတွက် ဗုံးပေါက်ကွဲခဲ့ပါတယ်။ ထို အကြမ်းဖက်မှု ကြောင့် ၁၅ ဦး သေဆုံးခဲ့ရပါတယ်။

=========================

251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

پیام رهبر انقلاب به مسلمانان جهان به مناسبت حج 1440 / 2019
We are All Zakzaky