အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ တွင် IS အဖွဲ့ဝင် ၈ ဦးအား ကြိုးပေး ကွပ်မျက်

 အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ တွင် IS အဖွဲ့ဝင် ၈ ဦးအား ကြိုးပေး ကွပ်မျက်

အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံတွင် ပြီးခဲ့သည့်နှစတွင် အီရန် လွှတ်တော်အမတ်များ ရုံး နှင့် အီရန် အစ္စလာမ်မစ် တော်လှန်ရေးကို ဦးဆောင်ခဲ့သူ အေမာမ် ခိုမေနီ (ရ.ဟ) ၏ ဂူဗိမာန် ကိုတိုက် ခိုက် ခဲ့သည့် IS အဖွဲ့ဝင် အကြမ်းဖက် ၈ ဦးအား ကြိုးပေး ကွပ်မျက်ခဲ့ပါတယ် ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ရေစာ သတင်းဌာန ၏ သတင်းအထောက်အထား များအရ IS အဖွဲ့ဝင်  အကြမ်းဖက်၈ဦးအား အစ္စလာမ်တရားတော်နှင့်အညီ ရုံးတင် စစ်ဆေးမှုပြုခဲ့ပါတယ်။ ပြီးနောက် သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ် ပါတယ်။ သေဒဏ် ချခံရသူ၊ကြိုးပေးခဲ့ရသူအကြမ်းဖက် သမား များသည် တီဟီရန် ရှိ အီရန် လွှတ်တော်အမတ်များ ရုံး ကိုတိုက်ခိုက်မှု တွင် တိုက်ရိုက်ပါဝင် သည့် အကြမ်းဖက်သမား များ ဖြစ်ကြပါတယ်။ ၎င်းတို့၏ လူမဆန်သည့် ရက်စက်ကြမ်းကြုတ်သည့် တိုက်ခိုက်မှုကြောင့် အချို့ ရှဟီးဒ် ဖြစ်ခဲ့ရပြီး အချို့ ဒဏ်ရာ ရရှိခဲ့ပါတယ်။  

ပြီးခဲ့သည်နှစ် ၂၀၁၇ ဇွန်လတွင် IS အဖွဲ့ဝင်  အကြမ်းဖက်သမားများသည်  တီဟီရန် ရှိ အီရန် လွှတ်တော်အမတ်များ ရုံး ကိုလူမဆန်သည့် ရက်စက်ကြမ်းကြုတ်သည့် တိုက်ခိုက် မှုပြုခဲ့ပါ တယ်။ ထိုနောက် ချက်ချင်း အီရန် အရေးကြီးထောက်လှမ်းရေး အဖွဲ့အစည်းများ မှနောက် ကြောင်း လိုက်ခဲ့ ပြီး ၎င်းတို့အား ဖမ်းဆီး နိုင်ခဲ့ပါတယ်။ ထိုနောက် တရားရုံးသို့ အပ် လိုက်ပါတယ်။

မှတ်သားထားစရာအချက်မှာ - ဇွန်လ ၇ ရက်နေ့ ၂၀၁၇ ခုနှစ်  တွင် အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ မြို့တော် တီဟီရန်မြို့ ရှိ ပါလီမန် လွှတ်တော် နှင့် ဟဇရသ် အေမာမ် ခိုမေနီ (ရ.ဟ) ၏ဂူဗိမာန် တစ်ချိန်တည်း IS အဖွဲ့ဝင်  အကြမ်းဖက်သမားများမှ ဝင်ရောက် အကြမ်းဖက် တိုက်ခိုက် ခဲ့ကြပါတယ်။ ရလာဒ်အဖြစ် ၁၇ ဦး ရှဟီးဒ်ဖြစ် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိခဲ့ပါတယ်။

=======================

251/ End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Arba'een
Mourining of Imam Hossein
پیام رهبر انقلاب به مسلمانان جهان به مناسبت حج 1440 / 2019
We are All Zakzaky