ဂျာမဏီ အမျိုးသမီးတစ်ဦး ရှီအာမွတ်စလင်မ် အဖြစ် လက်ခံ ကူးပြောင်း

၂၀၁၇ခုနှစ် ၏ သြဂုတ်လ ၅ရက်နေ့ စဟိုရ်အချိန်မတိုင်မီ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် အလီ ဟိုစိုင်းနီး မီလာနီ ၏ ရုံးခန်း တွင် ဂျာမဏီ အမျိုးသမီး တစ်ဦး မှ ရှီအာမွတ်စလင်မ် အဖြစ် လက်ခံ ကူးပြောင်း ခဲ့ကြောင်း သတင်းရရှိခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

၂၀၁၇ခုနှစ် ၏ သြဂုတ်လ ၅ရက်နေ့ စဟိုရ်အချိန်မတိုင်မီ ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် အလီ ဟိုစိုင်းနီး မီလာနီ ၏ ရုံးခန်း တွင် ဂျာမဏီ အမျိုးသမီး တစ်ဦး မှ ရှီအာမွတ်စလင်မ် အဖြစ် လက်ခံ ကူးပြောင်း ခဲ့ကြောင်း သတင်းရရှိခဲ့ပါတယ်။

သူမ ၏ အမည်မှာ အီနာဗရာဝန် ယူစွဖ်ဖီ ဖြစ်ပါတယ်။ သူမအနေဖြင့် အီရန်နိုင်ငံ ကွမ်းမြို့ သို့ ရောက်ရှိနေသဖြင့် ဝမ်းသာပီတိ ဖြစ်ရကြောင်း ဤမြို့တွင် မိမိရင်တွင်း ဖြစ် စကားကို ဆို နိုင်ကြောင်း ၊ အစ္စလာမ် သာသနာကို လူသားပီသမှု နှင့် အသိဥာဏ်ရှိမှု အတွက် ပင်မ ဖြစ်ကြောင်း သိရှိ ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

ကျမ ခင်ပွန်း သည်၏ ကိုယ်ကျင့်တရားနှင့် စာရိတ္တ မှ လည်း ကျမကို ရှီအာဖေရ်ကာ ဖက်သို့ လက်ခံ ကူးပြောင်း လာအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း လည်း ပြောကြားခဲ့ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် အလီ ဟိုစိုင်းနီး မီလာနီ အနေဖြင့် ဤဂျာမဏီ အမျိုးသမီး ရှီအာမွတ်စလင်မ် အဖြစ် လက်ခံ ကူးပြောင်း သည် အစီအစဉ် တွင် နဘီများ (အ.စ) နှင့် ပတ်သက်၍ မွတ်စလင်မ် များ အနေဖြင့် ထားရှိသည့် အမြင်ကို မိန့်ကြားခဲ့ပါတယ်။

နဘီများ (အ.စ) သည် မနုဿလူသားများ အားလမ်းမှန် ညွန်ပြရန် ကြွလာခဲ့ကြကြောင်း ၊ ၎င်းတို့အနေဖြင့် အခက်အခဲဒုက္ခများ ကို သည်းခံခဲ့ကြကြောင်း ကျွန်ုပ်တို့ အနေဖြင့် နဘီများ (အ.စ) အားလုံးကို ရိုသေလေးစားကြောင်း ၎င်းတို့ အားလုံးသည် အလ္လာဟ် ဟို အရှင်မြတ် စေလွတ်လိုက် သည့် ပုဂ္ဂုလ်မွန်များ ဖြစ်ကြကြောင်း၊သို့သော် အစ္စလာမ် သာသနာသည် ရှေ့ တွင်ရှိခဲ့သည့် သာသနာများအားလုံးကို ဖျက်သိမ်းလိုက်ပြီး ဟဇရသ် မိုဟမ္မဒ် (ဆွ) သည်နောက်ဆုံးနဘီ ဖြစ် ကြောင်း ၊ အတိတ်က နဘီများ(အ.စ) ၏ သွန်သင်ပို့ချမှု နှင့် မဟာတမန် တော်မြတ် (ဆွ) ၏ သွန်သင် ပို့ချ မှု ကို ယှဉ်၍ မရနိုင်ကြောင်း ၊မဟာတမန တော်မြတ်ကြီး (ဆွ) ၏ သွန်သင် ပို့ချမှု သည် အလ္လာဟ် ဟို အရှင်မြတ် သခင်၏ သွန်သင် ပို့ချမှု ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။



ဆက်လက်ပြီး အာယာသွလ္လာဟ် အနေဖြင့် မဟာတမန်တော်မြတ် (ဆွ) ကွယ်လွန် (ဝဖါသ်) ဖြစ်တော်မူပြီးနောက် မအ်စူမီး(အ.စ) ကိုယ်တော်မြတ် (ဆွ) ၏ လမ်းစဉ်မွန်ကို ထိန်းသိမ်း ခဲ့ကြကြောင်း မအ်စူမ် အေမာမ် (၁၂)ပါးမှ မနုဿ လူသားများ ကို လမ်းမှန် ကိုညွန်ပြ သည့် တာဝန် ကို ယူခဲ့ကြကြောင်း ၊အစ္စလာမ်၏ သွန်သင်ပို့ချမှု သည် သဘာဝ နှင့်ညီကြောင်း မနုဿ လူသား၏ အသိဥာဏ် ရည် နှင့် ညီကြောင်း မိန့်ကြားခဲ့ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် ဆယက်ဒ် အလီ ဟိုစိုင်းနီး မီလာနီ ဆက်လက်ပြီး အဖိုးတန် ဆုံးမ စကားများကို မိန့်ကြားခဲ့ပါတယ်။



===========
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

پیام رهبر انقلاب به مسلمانان جهان به مناسبت حج 1441 / 2020
We are All Zakzaky
No to deal of the century