?>

ကမ္ဘာ့လူဦးရေရဲ့၁၀ရာခိုင်နှုန်းခန့် ကိုဗစ်-၁၉ကူးစက်ခံ ရနိုင်ကြောင်း WHO ပြောကြား

ကမ္ဘာ့လူဦးရေရဲ့၁၀ရာခိုင်နှုန်းခန့် ကိုဗစ်-၁၉ကူးစက်ခံ ရနိုင်ကြောင်း  WHO ပြောကြား

လက်ရှိအချိန်မှာကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ကမ္ဘာလုံးအတိုင်းအတာနဲ့ ၃၅သန်းကျော်မြင့်တက်လာမှုနဲ့အတူ လူပေါင်းသန်းရာနဲ့ချီ ကူးစက်ခံရနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO) ကပြောကြားလိုက်ပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


                                                                                               
လက်ရှိအချိန်မှာကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ကမ္ဘာလုံးအတိုင်းအတာနဲ့ ၃၅သန်းကျော်မြင့်တက်လာမှုနဲ့အတူ လူပေါင်းသန်းရာနဲ့ချီ ကူးစက်ခံရနိုင်တယ်လို့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO) ကပြောကြားလိုက်ပါတယ်။
“ကျွန်တော်တို့လက်ရှိအကောင်းဆုံးခန့်မှန်းမှုတွေအရ ကမ္ဘာ့လူဦးရေရဲ့၁၀%ခန့် ဗိုင်းရပ်စ်ကူးစက်ခံရနိုင်တယ်”လို့ WHO ရဲ့အရေးပေါ်အော်ပရေးရှင်းဆိုင်ရာအကြီးအကဲ မိုက်ရိုင်ယန်က ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအေဂျင်စီ တာဝန်ခံဘုတ်အဖွဲ့ကို တနင်္လာနေ့ကပြောကြားခဲ့ပါတယ်။ “ဒီထဲမှာနိုင်ငံတွေပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ မြို့ပြကနေ ကျေးလက်နယ်ပယ်ထိအမျိုးအမျိုးပြောင်းလဲကွဲပြားမှုရှိနိုင်သလို မတူညီတဲ့အဖွဲ့တွေကြားမှာလည်း ကွဲပြားမှုတွေရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့အများစု အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်တော့မဟုတ်ပါဘူး” လို့ရိုင်ယန်က ဂျနီဗာမှာပြောကြားခဲ့ပါတယ်။
ကိုဗစ်-၁၉ကူးစက်ခံရမှုတွေနဲ့ ဗိုင်းရပ်စ်နဲ့သေဆုံးမှုတွေဟာ ဥရောပ၊ အရှေ့တောင်အာရှနဲ့ မြေထဲပင်လယ်အရှေ့ပိုင်းဒေသတွေမှာ မြင့်တက်လာမှုတွေရှိနေပေမယ့်လည်း အာဖရိက ပစိဖိတ်အနောက်ပိုင်းဒေသတို့မှာတော့ အပေါင်းလက္ခဏာဆောင်တဲ့တိုးတက်တဲ့ အခြေအနေတွေရှိနေတယ်လို့ ရိုင်ယန်ကဆိုပါတယ်။ ဒီကပ်ရောဂါဟာ ဆက်လက်ပြီးဆင့်ကင့်ပြောင်းလဲမှုတွေဖြစ်လာနိုင်ပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကို တားဆီးနိုင်ဖို့အကူအညီဖြစ်စေတဲ့ပစ္စည်းကိရိယာတွေ ကမ္ဘာကြီးမှာရှိလာမှာဖြစ်သလို လူ့အသက်တွေကိုလည်းကယ်တင်နိုင်လိမ့်မယ်လို့ သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။
ဂျွန်ဟော့ကင်းတက္ကသိုလ်ကပြုလုပ်ထားတဲ့အချက်အလက်စစ်တမ်းတွေအရ လက်ရှိအချိန်ထိကမ္ဘာပေါ်မှာကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၅.၂သန်းကျော်ရှိလာပြီး ၁သန်းကျော်သေဆုံးကာ ရောဂါပျောက်ကင်းသက်သာလာသူ ၂၄.၅သန်းရှိကြောင်း အတည်ပြုထုတ်ပြန်ထားပါတယ်။
Al Jazeera သတင်းဌာနပါ “Ten percent of world’s population may have had COVID-19, WHO says” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

++++++++++++++++++++++++++++++++++++
END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*