?>

ကိုဗစ် ဖြစ်ပွား နှုန်း မြင့်တက် နေပြီး သေဆုံးမှု များ နှင့် အောက်ဆီဂျင် လိုအပ်မှု ပြဿနာ ကလေးမြို့ အတွက် ဘယ်လို အဖြေရှာ မလဲ ?

ကိုဗစ် ဖြစ်ပွား နှုန်း မြင့်တက် နေပြီး သေဆုံးမှု များ နှင့် အောက်ဆီဂျင် လိုအပ်မှု ပြဿနာ ကလေးမြို့ အတွက် ဘယ်လို အဖြေရှာ မလဲ ?


“အိမ်မှာတစ်ယောက်ဖျားပြီးရင် နောက်လူတွေပါ လိုက်ပြီးဖျားတယ်။ အဲဒီအိမ်ကလေ လင်မယားနှစ်ယောက်စလုံး ကိုဗစ်နဲ့ဆုံးသွားတာ။ သူတို့အိမ်က နှစ်ယောက်က ရှေ့ဆင့်နောက်ဆင့် ဆုံးသွားတယ်။ တတိယလှိုင်းကြီးပြီးသွားလို့ ကိုယ့်အိမ်မှာမိသားစုအစုံ ကျန်ခဲ့တယ်ဆိုရင် တော်တော်ကံကောင်းတာပဲ” စတဲ့ စကားသံတွေက ကလေးမြို့မှာ မကြားချင်အဆုံးပဲ နေရာတိုင်းမှာ ကြားနေရတဲ့စကားတွေ။ လမ်းတိုင်းမှာ နာရေးရှိပြီး သေဆုံးမှုနှုန်းကလည်း တစ်ရက်ကို အယောက် ၂၀ ကျော်ဆိုတာ နေ့တိုင်းလိုလို။ ဒီလို အခြေအနေထဲမှာ အောက်ဆီဂျင်က ပြတ်တစ်လှည့်၊ ငတ်တစ်လှည့်နဲ့ဆိုတော့ လူတိုင်းလူတိုင်းမှာ ပူပင်သောကတွေနဲ့ချည်း။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


“အိမ်မှာတစ်ယောက်ဖျားပြီးရင် နောက်လူတွေပါ လိုက်ပြီးဖျားတယ်။ အဲဒီအိမ်ကလေ လင်မယားနှစ်ယောက်စလုံး ကိုဗစ်နဲ့ဆုံးသွားတာ။ သူတို့အိမ်က နှစ်ယောက်က ရှေ့ဆင့်နောက်ဆင့် ဆုံးသွားတယ်။ တတိယလှိုင်းကြီးပြီးသွားလို့ ကိုယ့်အိမ်မှာမိသားစုအစုံ ကျန်ခဲ့တယ်ဆိုရင် တော်တော်ကံကောင်းတာပဲ” စတဲ့ စကားသံတွေက ကလေးမြို့မှာ မကြားချင်အဆုံးပဲ နေရာတိုင်းမှာ ကြားနေရတဲ့စကားတွေ။ လမ်းတိုင်းမှာ နာရေးရှိပြီး သေဆုံးမှုနှုန်းကလည်း တစ်ရက်ကို အယောက် ၂၀ ကျော်ဆိုတာ နေ့တိုင်းလိုလို။ ဒီလို အခြေအနေထဲမှာ အောက်ဆီဂျင်က ပြတ်တစ်လှည့်၊ ငတ်တစ်လှည့်နဲ့ဆိုတော့ လူတိုင်းလူတိုင်းမှာ ပူပင်သောကတွေနဲ့ချည်း။

“ကြိုတင်ကာကွယ်မှုနည်းပါးတော့ စည်းကပေါက်သွားတဲ့အနေအထားမှာ ရှိပါတယ်။ ပိုးကတော်တော်ပျံ့သွားပြီ။ လူတွေကတော့ အကြောင်းမရှိဘဲ မထွက်ကြပါဘူး။ ကိုဗစ်ကိစ္စနဲ့ထွက်ကြတာပဲ များပါတယ်။ စားဝတ်နေရေးအတွက်ဆို ၁၀ ခါ့  တစ်ခါ မထွက်ကြတော့ဘူး။ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရမယ့် အနေအထားက ရောဂါသည်နဲ့ ကျန်းမာရေး ဝန်ထမ်းလောက်ငမှု မရှိတဲ့ အခြေအနေမှာ အချိတ်အဆက်မရှိတော့ လူတွေကကိုယ့်ဟာကိုယ် ဆေးဝယ်သောက်ကိုယ့်ဟာ ကိုယ်အိမ်မှာနေတယ်။ ဆရာဝန် ဆရာမတွေကလည်း အဝေးကပဲ ဖုန်းနဲ့ပဲ ညွှန်ကြားပေးနေရတယ်။ သေသေချာချာ မစောင့်ရှောက်နိုင်တော့ အိမ်မှာနေကြရင်းနဲ့ ရောဂါတွေလွန်သွားတဲ့ အနေအထားကနေ လွန်သွားတာတွေ တွေ့ရတယ်” လို့ ကလေးမြို့  ဗော်လန်တီယာအဖွဲ့မှ ကိုမင်းနိုင်စိုးက ပြောပါတယ်။

သာမန်နေမကောင်း ဖြစ်ရင်တောင် ဆေးရုံ၊ ဆေးခန်းတွေသွားဖို့ဆိုတာ အလွန်ခက်ခဲလှပါတယ်။ ဖွင့်တဲ့ဆေးခန်းတိုင်းမှာကလည်း လူတွေက အပြည့်တန်းစီနေရတာ။ နည်းနည်းပါးပါးလောက် ဖြစ်တဲ့သူကတော့ ဆေးခန်းမှာ တန်းစီစောင့် မနေတော့ဘူး။ ကိုယ့်အိမ်မှာနေပြီး ဆေးသောက်နေလိုက်တော့တယ်။ ကိုယ်နဲ့အသိမိတ်ဆွေ ဆရာဝန်၊ ဆရာမရှိရင် ဖုန်းဆက်မေးပြီး ကိုယ်ခံစားနေရတဲ့ ရောဂါကို ပြောပြ၊ တစ်ခါတလေ အခြေအနေကို ဗွီဒီယိုကောနဲ့ ပြောပြ၊ သူတို့ လမ်းညွှန်တဲ့ဆေးကို ကိုယ်ကဆိုင်သွားပြီး နေမကောင်းတဲ့သူကို တိုက်ရတဲ့ အခြေအနေ။

“တချို့သေတဲ့သူတွေကို အောက်ဆီဂျင်ပြတ်လို့ သေတယ်လို့ ပြောကြပေမဲ့ အဓိကက အောက်ဆီဂျင် ပြတ်တာကလည်း ရှိမယ်။ ရောဂါဖြစ်တာကို ကျိတ်မကုဖို့ဘဲ။  ကျိတ်မကုဘဲ ရောဂါဖြစ်တာကို သတင်းသွားပို့တယ်ဆိုရင်လည်း ဒီဘက်မှာလုပ်ပေးနိုင်တဲ့ အင်အားကမရှိဘူး။ ဆရာဝန်နဲ့ သူနာပြုအင်အားလိုတယ်။ ဗော်လန်တီယာတွေကတော့ သူ့ဟာသူ တစ်မြို့လုံးနီးပါးလုပ်နေကြတယ်။ အောက်ဆီဂျင်တစ်မျိုးတည်း လုပ်နေရုံနဲ့ ဒီရောဂါကမပျောက်ဘူးလေ။ အဓိကကတော့ ဆရာဝန်နဲ့ ဆရာမတွေ ပါပဲ။ သူတို့လုပ်နိုင်တဲ့ စွမ်းအားတွေပေါ်မှာ မူတည်တယ်” လို့ ကလေးမြို့ မြို့မဈေး ဥက္ကဋ္ဌ ဦးဌေးအောင်က ပြောပါတယ်။

 ကလေးမြို့ရဲ့ သေဆုံးမှုကတော့ ဇူလိုင်လဆန်းကစပြီး စာရင်းတွေအရ ဇူလိုင် ၁ ရက်မှာ ၂၆ ဦး၊  ဇူလိုင် ၂ ရက်မှာ ၂၃ ဦး၊ ဇူလိုင် ၃ ရက်မှာ ၃၃ ဦး၊ ဇူလိုင် ၄ ရက် မှာ ၂၇ ဦး၊ ဇူလိုင် ၅ ရက်မှာ ၂၇ ဦး၊ ဇူလိုင် ၆ ရက်မှာ ၄၂ ဦး၊ ဇူလိုင် ၇ ရက်မှာ ၂၉ ဦး၊ ဇူလိုင် ၈ ရက်မှာ ၂၂ ဦးနဲ့ ဇူလိုင် ၉ ရက်မှာ ၂၅ ဦး ဖြစ်တယ်လို့ သိရပါတယ်။ ဒီစာရင်းဇယားတွေက နာရေးကိစ္စတွေကို လိုက်လံကူညီပေးနေတဲ့ လူမှုကူညီရေးအသင်းတွေဆီက သိရတဲ့အချက်အလက်တွေ ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် သေဆုံးတဲ့သူတွေလည်း ပါဝင်သလို တခြားရောဂါတွေနဲ့ သေဆုံးတဲ့သူတွေလည်း ပါဝင်နိုင်ပါတယ်လို့ သိရပါတယ်။

“သေဆုံးမှုကလည်း အိတ်စွပ်စင်တာတို့၊ တိုင်းရင်းဆေးရုံတို့၊ ပြည်သူ့ဆးရုံကြီးတို့က သေဆုံးမှ တရားဝင်စာရင်းတက်တာကိုး။ ဒါပေမဲ့ မြေပြင်မှာ တကယ်လုပ်နေကြတဲ့ ဗော်လန်တီယာကျတော့ ရပ်ကွက်ထဲမှာဆုံးပြီဆိုရင် ဆုံးတာကလည်း တအားမြန်တော့ ညဖြစ်မနက်သေတော့ ကိုဗစ်သံသယနဲ့ သဂြုင်္ိဟ်နေရတာက အမြဲတမ်းအယောက် ၂၀ အထက်မှာ ရှိတယ်။ အစိုးရက ဖွင့်ထားတဲ့ စင်တာတွေက ဆုံးတာကတော့ တရားဝင်ဖြစ်တော့ တရားဝင်သွားတာပဲ။ ခရစ်ယာန်သင်္ချိုင်းနဲ့ ဗုဒ္ဓဘာသာသင်္ချိုင်းမှာ သေနေတာအများကြီးပဲ ။ ဒါပေမဲ့ သူတို့က မစစ်ဘဲနဲ့ဆိုတော့ ကိုဗစ်သံသယလို့ ပြောရခက်ပေမဲ့ ရပ်ကွက်ထဲကတော့ ဒီလောက်မြန်တာ ကိုဗစ်ပဲပေါ့လို့ ဆိုကြတယ်” လို့  ဦးဌေးအောင်က ပြောပြပါတယ်။

 ကလေးမြို့မှာ ကိုဗစ်ပေါ့စတစ် လူနာတွေအတွက် စင်တာတွေ ဖွင့်ပေးထားပါတယ်။ အစိုးရကနေ အိတ်စွပ်စင်တာ (အိတ်စွပ်ကျေးရွာမှာရှိတဲ့ ဝန်ထမ်းအိမ်ရာအသစ်တွေကို ကိုဗစ်စင်တာအနေနဲ့ ပြုလုပ်ထားတာပါ)၊ ဆေးရုံကြီးနဲ့ တိုင်းရင်းဆေးရုံတို့မှာ ဖွင့်လှစ်ထားတာပါ။ ရပ်ကွက်တွေထဲမှာလည်း ပရဟိတစင်တာတွေ ဖွင့်လှစ်ပေးထားတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့လည်း လူနာနဲ့ ကုသပေးတဲ့နေရာ၊ ဆရာဝန်၊ ဆရာမအရေအတွက်၊ အောက်ဆီဂျင် လိုအပ်ချက်တွေကြောင့် အပြည့်အဝကုသမှုမပေးနိုင်ဘူးလို့ သိရပါတယ်။

“အိတ်စွပ်စင်တာ မှာ Swab Test လုပ်ပေးတယ်။ တချို့ အနံ့မရတာလောက် အခြေအနေ ကောင်းတာလောက်တော့ Swab Test လည်း မယူဘူး။ ကိုယ့်အိမ်မှာ ကွာရင်တင်းလုပ်ပြီးနေကြပါဦးလို့ ပြောရတယ်။ စမ်းသပ်လိုက်တိုင်း Positive ဖြစ်နေတော့ အိတ်စွပ်စင်တာကလည်း မနိုင်ဖြစ်နေတာလေ။ ဗော်လန်တီယာရယ်၊ ကျန်းမာရေးဝန်ထမ်းရယ် အင်အားနည်းတော့မနိုင်မှာ စိုးရိမ်တယ်။ တကယ်လို့ အိမ်မှာနေရင်း ပြဿနာအများကြီး တက်တယ်ဆိုရင် စင်တာလာခဲ့ပါ ပြောတယ်။ အိတ်စွပ်စင်တာမှာတော့ ဆေးတွေ နေ့တိုင်းဝေတယ် သောက်ခိုင်းတယ်။ ဆေးထိုးရမယ့် အဆင့်ဆို ဆရာမတစ်ယောက်က တာဝန်ယူပေးတယ်။ တခြားဟာတွေက ဗော်လန်တီယာတွေပဲ လုပ်ပေးတယ်။ အိတ်စွပ်စင်တာမှာတော့ ထမင်းမကျွေးနိုင်ဘူး။ ကိုယ့်ထမင်း ကိုယ်စားရမယ်ဆိုတော့ ထမင်းဖိုး ၁၀ ရက်စာ လေးသောင်းသွင်းရတယ်။ တချို့က ရွာဘက်က လာကြတာကိုး။ တချို့မိသားစုတွေက ပို့နိုင်တယ်ဆိုရင် အိမ်ကပို့ပေးတာ စားတယ်။ အခန်းထားပေးတာတော့ နေ့တူရောက်လာတဲ့သူတွေကို ယောက်ျား၊ မိန်းမသတ်သတ်စီ ခွဲထားပေးတယ်။ တစ်ခန်းလေးယောက် ထားတယ်။ ဝန်ထမ်းအိမ်ရာဆိုတော့ တော်တော်ကျယ်တယ်လေ။ တိုင်းရင်းဆေးမှာတော့ လူနာ ၃၀ ယောက် လောက်ထားတယ်။ တစ်ခါတလေ မဖြစ်မနေ တစ်ခါတလေ ၃၊ ၄ ယောက်လောက်တိုးတယ်။ အဲဒီမှာ ဆရာဝန်တွေ ထားပေးတယ်။ ဗော်လန်တီယာတွေ နဲ့ပေါ့။ ကုသရေးတွေ လုပ်ပေးနေတယ်။ ဆေးအလှူတို့ကတော့ လုံလောက်မှု ရှိပါတယ်။ တစ်မြို့လုံး အခက်အခဲက အောက်ဆီဂျင်ပါ။ အိတ်စွပ်စင်တာမှာတော့ အစကတည်းက ဆရာဝန်မရှိဘူး။ ဆရာမ နှစ်ယောက်ပဲရှိတယ်” ဟု အိတ်စွပ်စင်တာတွင် ဗော်လန်တီယာ လုပ်ကိုင်နေသူ ဦးပွီးယာက ပြောကြားခဲ့ပါတယ်။

ကလေးမြို့ရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်လို့ အိတ်စွပ်စင်တာမှာ တာဝန်ယူလုပ်ကိုင်ပေးနေသူတစ်ဦးက “အခုဟာက ရပ်ကွက်ထဲမှာ ပေါ့စတစ်လူနာတွေ့ရင်လာပါလည်း ခေါ်လို့လည်းမရသလို၊အိမ်မှာ မနေပါနဲ့လည်း တားလို့မရဘူး ဖြစ်နေတယ်။ သူ့ကို ပြောနိုင်တယ် ဆိုရင်တောင် သွားသယ်နိုင်မယ့်သူတွေ မရှိပြန်ဘူး။ ကျွန်တော်တို့ စင်တာတွေကလည်း သေကောင်ပေါင်းလည်း လူနာလောက်ပဲ လက်ခံပေးတော့တယ်။ နေလို့ထိုင်လို့ကောင်းတယ်ဆိုရင် အိမ်ပြန်လွှတ်ရတဲ့အခြေအနေဖြစ်နေတယ်။ ဒါဆိုတော့ ဒီလူတွေက ရပ်ကွက်ထဲ လျှောက်သွားနေလား မနေလားဆိုတာ မကြည့်နိုင်ဘူး။ အခုတစ်ကြိမ် ကိုဗစ်က အောက်ဆီဂျင်ရှူရတဲ့သူ ပိုများတယ်။ ခုနောက်ပိုင်းတော့ အောက်ဆီဂျင်လိုသလောက်မရတာတွေ ရှိလာတယ်။ အပြင်မှာ အောက်ဆီဂျင်မလောက်ငလို့ သေတဲ့သူများလာတယ်။ ကျွန်တော်တို့ အိတ်စွပ်စင်တာမှာတော့ အောက်ဆီဂျင်မပြတ်အောင် ထားပေးနိုင်တယ်။ အဲဒါဆိုတော့ ကျွန်တော်တို့ကလည်း လာသမျှလူနာကို လက်မခံနိုင်ဘူး။ ရောဂါဆိုးရွားတဲ့သူတွေလောက်ပဲ ထားပေးနိုင်တယ်။ အခုဟာက တော်တော်ကို ကူးစက်မြန်ပါတယ်။ ကျွန်တော်တို့ အိတ်စွပ်စင်တာမှာ ဆရာမတွေ၊ ဗော်လန်တီယာတွေ ပေါ့စတစ်ထိပါတယ်။ ကျွန်တော်တို့ စင်တာအနေနဲ့က တခြားဟာတွေ ပြည့်စုံပေမဲ့ အောက်ဆီဂျင် မလုံလောက်မှု တွေရှိတယ်။ အခုမင်းကြီးဟိုတယ်က စက်ကအောက်ဆီဂျင်ရမယ်ဆိုရင်တော့ နည်းနည်းခုသာခံသာရှိမယ်။ ကျွန်တော့်အမြင်ကတော့ ကလေးမြို့က မထိန်းချုပ်နိုင်တော့ဘူး။ သေတဲ့သူ သေပြီ။ ရှင်ကျန်တဲ့သူက ကျန်မယ်ဆိုတဲ့ ဇာတ်လမ်းဖြစ်လာပြီ။ ကျွန်တော်တို့က အောက်ဆီဂျင် လိုအပ်တယ် ကူညီပါဆိုပေမဲ့ မကူညီနိုင်တော့။ ကုသပေးနိုင်မယ့် လူမရှိဘူး။  အခုပြင်ပကနေ ကူညီချင်တဲ့ ဆရာဝန်ဆရာမတွေကို အကူအညီတောင်းဖို့ လုပ်နေတယ်။ ကျွန်တော်တို့ ရောဂါဖြစ်နေပါတယ် ဘယ်သွားကုရမလဲဆိုတာတွေ မဖြစ်လာအောင်  ကြိုးစားကြည့်နေတယ်” ဟု ပြောကြားသည်။

“အခုဟာက ကလေးမြို့မှာ ကိုဗစ်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် နေမကောင်းတော့ဘူးဆိုရင် ကျပ်လာပြီး အောက်ဆီဂျင် လိုအပ်လာတယ်။ အောက်ဆီဂျင်က အဓိကလို ဖြစ်လာတယ်။ မနက်ကဆိုရင် ကျွန်တော့်ဆီ လာတန်းစီတဲ့သူတွေထဲက သူ့ကိုအလှည့်ကျော်ပေးဖို့အတွက် ငိုပြောနေပေမဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ။ အောက်ဆီဂျင် တန်းစီရင်းနဲ့ အောက်ဆီဂျင်ပြတ်ပြီး  အသက်ဆုံးသွားတယ်။ မနေ့ကလည်း ကိုဗစ်စင်တာကိုပို့ရင်း အောက်ဆီဂျင်ပြတ်လို့ တစ်ယောက်ဆုံးသွားတယ်။ အောက်ဆီဂျင် လုံလုံလောက်လောက် ရနိုင်ဖို့အတွက် လိုတယ်။ အခုဆိုရင် ၁၅ လီတာအိုးတွေ ဘယ်လိုမှ ဝယ်မရတော့ဘူး။ အခုမှ ရောဂါဖြစ်တဲ့သူက အောက်ဆီဂျင်အိုးတွေ ဝယ်မရတော့ဘူး” လို့ မေတ္တာထွဋ်ခေါင် ပရဟိတအသင်းမှ ကိုတင်အောင်ဆင့်က ပြောပြပါတယ် ။

အခုဆိုရင် ကလေးမြို့မှာ ဝယ်စလီဆေးရုံ၊ မင်းကြီးဟိုတယ်တို့မှာ ၄၀ လီတာအိုး ၈၀ ဝန်းကျင် အောက်ဆီဂျင် ထုတ်လုပ်ပေးတဲ့စက်တွေ စတင်လည်ပတ်နေပါပြီ။ ယခင်က ပုဂ္ဂလိကပိုင် စက်ရုံတစ်ခုမှာလည်း ၄၀ လီတာအိုး၊ တစ်ရက်မှာ ၄၀ ဖြည့်နိုင်တဲ့ စက်တစ်ခု လည်ပတ်နေပါတယ်။ နောက်ထပ်လည်း သီတဂူမျက်စိဆေးရုံ (ကလေးမြို့) မှာလည်း အောက်ဆီဂျင်စက်တစ်ခု တပ်ဆင်ဖို့အတွက် ပြင်ဆင်လျက်ရှိတယ်လို့ သိရပါတယ်။ အောက်ဆီဂျင် လိုအပ်ချက် နဲ့ အောက်ဆီဂျင်ရရှိမှု မမျှတတဲ့အတွက် ကလေးမြို့ ပြည်သူလူထုကို အခက်အခဲတွေ ပိုစေတာပါ။ အောက်ဆီဂျင် ပြည့်ပြည့်ဝဝရရှိဖို့အတွက် အဖွဲ့အစည်းအစုံမှ ကြိုးစားနေတယ်လို့ သိရပါတယ်။

 ကလေးမြို့ရဲ့ ကိုဗစ်တတိယလှိုင်းမှာ မြို့ပြည်သူလူထုကို အခက်အခဲတွေဖြစ်စေတာက အောက်ဆီဂျင်လိုအပ်မှု၊ ဆရာဝန်၊ ဆရာမ မလုံလောက်မှုနဲ့ မိုးရာသီဆိုတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာပါပဲ။ မနက်ခင်းတိုင်းမှာ အလုအယက် မနက်စာအတွက် မုန့်ဝယ်ရတယ်။ ဆေးဝယ်ဖို့ တန်းစီရတယ်။ အောက်ဆီဂျင်တန်းစီရတယ်။ ရာသီဥတုကလည်း မိုးရွာလိုက် အေးသွားလိုက်၊ နေခပ်ပြင်းပြင်း ပူလိုက်ဆိုတော့ နေရထိုင်ရ ပိုခက်စေတယ်။ အိမ်တစ်အိမ်မှာ မကျန်းမာတဲ့သူတစ်ဦးကို ပြုစုရင်း ပြုစုသူထဲက နောက်တစ်ယောက် နေမကောင်းထပ်ဖြစ်လာတာတွေ ရှိလာတယ်။ ကိုဗစ်ရောဂါကို ကာကွယ်ဖို့အတွက်လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကိုလည်း လိုက်နာဖို့ လိုအပ်ပါလိမ့်မယ်။ ကျေးရွာအလိုက်၊ ရပ်ကွက်အလိုက်၊ စင်တာတွေ လုပ်ပေးနိုင်ရင်လည်း ပိုမိုကောင်းမွန်လိမ့်မယ်လို့ ယူဆပါတယ်။ တစ်နေရာထဲမှာတင် လူနာတွေ စုပြုံမနေတော့ဘူးပေါ့။ တဖြည်းဖြည်းလည်း ရပ်ကွက်အလိုက် စင်တာတွေလည်း ပေါ်ပေါက်လာနေပါပြီ။ ကိုယ့်ရပ်ကွက် ၊ ကိုယ့်ရွာ ၊ ကိုယ့်လမ်းကတစ်ဆင့် နားလည်သူတွေ တတ်ကျွမ်းသူတွေနဲ့ ပူးပေါင်းပြီး ကာကွယ်တိုက်ထုတ်ဖို့ လိုအပ်နေပါပြီ။ ကလေးမြို့ အခြေအနေက မစစ်လို့ မရှိတာပါဆိုတဲ့ အခြေအနေ ဖြစ်နေပါပြီ။ ကိုဗစ်ကာလမှာ ဆန်နဲ့ အခြား စားသောက်ကုန်တွေ လှူတဲ့သူတွေ၊ ဆန်ပြုတ်၊ ကြက်ပေါင်းစတဲ့  အစားအစာလှူတဲ့သူတွေလည်း များလာပါတယ်။ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ပေးနေကြတယ်လို့ ယူဆပါတယ်။ ဘယ်အချိန်ကျမှ ပျောက်မယ်မှန်းမသိတဲ့ ကိုဗစ်ရောဂါကို ကျွန်တော်တို့တစ်တွေ၊ စုပေါင်းအားနဲ့ တတ်နိုင်သလောက် တိုက်ထုတ်သွားရမှာပါ။

ကလေးမြို့ ပြည်သူလူထုလည်း အတတ်နိုင်ဆုံး လိုအပ်ချက်တွေ ဖြည့်ဆည်းပြီး အသေအပျောက် နည်းပါးလာအောင်၊ ကူးစက်မှုနည်းပါးလာအောင် အားလုံးဝိုင်းဝန်းပြီး လုပ်ကိုင်ကြရင်း အဆိုးဆုံးအခြေအနေကနေ ဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်လျက်ပါ။



****************************************************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*