?>
အီရန် ကျန်းမာရေး ဝန်ကြီးဌာန ၏ ပြောရေး ဆိုခွင့်ရှိသူ မှ သတင်းထုတ်ပြန်

ကိုရိုနာ ရောဂါ ဖြစ်သူ ၃၈၃၀၉ ဦး ၊ သေဆုံးသူ ၂၆၄၀ ဦး

ကိုရိုနာ  ရောဂါ ဖြစ်သူ ၃၈၃၀၉ ဦး ၊ သေဆုံးသူ ၂၆၄၀ ဦး

အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ၏ ကျန်းမာရေး ဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူ မှ ကိုရိုနာ ရောဂါ နှင့်ပတ်သက်သည့် နောက်ဆုံး သတင်းကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဒေါက်တာ ကီယာနိုရှ် ဂျဟန်ပူရ် မှ မနေ့က နေ့လည်ခင်း အချိန်မှ စ၍ ယနေ့ မတ်လ ၂၉ ရက်နေ့ အထိ ကိုရိုနာ ရောဂါ တိတိကျကျ ကူးစက်ခံရသူ ၂၉၀၁ဦး ဖြစ်ပြီး စုစုပေါင်း ရော ဂါသည်မှာ ၃၈၃၀၉ ဦး ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာ ခဲ့ပါတယ်။

၎င်းအနေဖြင့်ဆက်လက်ပြီး ပြောကြားသည်မှာ - ကိုရိုနာ ရောဂါကူးစက်ခံထားရသူ ရောဂါသည်များ မှ ၁၂၃၉၁ ဦး ပြန်လည်ကောင်းမွန် သွားပြီး ဆေးရုံ မှ ဆင်းသွားသည့်အတွက်နှင့် ဤ အစီ အစဉ်သည် ဆက်လျက်ရှိနေမှာ ဖြစ်သည့် အတွက်ကြောင့် ဝမ်းမြောက် ပီတိ ဖြစ် ကြောင်း ပြောကြား ခဲ့ပါတယ်။

ဆက်လက်ပြီး ဒေါက်တာ အနေဖြင့် ပြောကြားသည်မှာ - ဝမ်းနည်းစွာ ဖြင့်တင်ပြရမည်ဆိုလျှင် ကုန်ဆုံးသွားသည့် ၂၄နာရီ အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ၁၂၃ဦး အလ္လာဟ် ဟို အရှင်မြတ် အမိန့်ခံယူသွား သည် ဖြစ်ကြောင်း စုစုပေါင်းအလ္လာဟ် ဟို အရှင်မြတ် ခံသွားသူ ဦးရေမှာ ၂၆၄၀ ဦး ဖြစ်ကြောင်း တင်ပြ ပြောဆိုခဲ့ပါတယ်။

၎င်းမှဆက်လက်တင်ပြ ပြောဆိုသည်မှာ - ၃၄၆၇ ဦးသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း အဝေးသင် (နှင့်) အွန်းလိုင်း ဆေးတက္ကသိုလ် ၏ကြိုးပမ်းမှုဖြင့်ထုတ်လုပ်ထားသည့် ကိုရိုနာ ရောဂါနှင့်ပတ်သက်သည့် ပညာ ရပ်ဆိုင်ရာ အထူးအကြောင်းအရာများ သည်အများအတွက် အကျိုး ရှိပြီး အသုံးပြုနိုင်မည် ဖြစ်ကြောင်း ၊ ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီး ဌာန မှ အတိပြု ထားသည် ကိုရိုနာ ရောဂါ ဆိုင်ရာ ပညာပေး အကြောင်း အရာများကို  arman.vums.ac.ir/corona သို့ သွား ရောက် ကြည့် ရူ နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

.................................

END/ 251


ဆက်နွယ်နေသည့် အကြောင်းအရာ များ

လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*