?>

ကုလသမဂ္ဂ နှင့် မလေးရှား နိုင်ငံ တို့ မှ မဟာတမန်တော်မြတ် ကြီး (ဆွ) အား ပုတ်ခတ် စော်ကားမှု အတွက် ပြစ်တင် ရှုတ်ချ

ကုလသမဂ္ဂ နှင့် မလေးရှား နိုင်ငံ တို့ မှ မဟာတမန်တော်မြတ် ကြီး (ဆွ) အား ပုတ်ခတ် စော်ကားမှု အတွက် ပြစ်တင် ရှုတ်ချ

အိန္ဒိယ နိုင်ငံ အာဏာ ရပါတီ ၏ တာဝန် ရှိ အမျိုးသမီး တစ်ဦး ဖြစ်သူ နပူရ် ရှရ်မား ၏ မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) အား တွစ်တာ စာမျက်နှာ ပေါ်တွင် ပုတ်ခတ် စော်ကားမှု အတွက် ကုလသမဂ္ဂ နှင့် မလေးရှား နိုင်ငံ တို့ မှ ပြစ်တင် ရှုတ်ချ ခဲ့ ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

sahartv သတင်းဌာန ၏ သတင်း အထောက်အထား များအရ အိန္ဒိယ နိုင်ငံ အာဏာ ရပါတီ ( BJP ) ၏ တာဝန် ရှိ အမျိုးသမီး တစ်ဦး ဖြစ်သည့် နပူရ် ရှရ်မား ၏ မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) အား တွစ်တာ စာမျက်နှာ ပေါ်တွင် ပုတ်ခတ် စော်ကားမှု ပြုသည့်အတွက် ကုလသမဂနှင့် မလေးရှား နိုင်ငံ တို့ မှ ပြစ်တငှ်ုတ်ချ ကြေညာခဲ့ပါတယ်။

မလေးရှား အစိုးရ မှ ဤကိစ္စ အား ပြင်းပြင်းထန်ထန် ဝေဖနှ်ုတ်ချ ခဲ့ပါတယ်။ ကွာလာလမ်ပူ ဆိုင်ရာ သတင်း များ အရ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန မှ ကွာလာလမ်ပူ မြို့ အခြေဆိုက် အိန္ဒိယ မဟာမင်းကြီး အား ဆင့်ခေါ်ကာ ကိုယ်တော်မြတ် (ဆွ) အား ပုတ်ခတ်စော်ကား ဟောပြောခဲ့ သည့် အိန္ဒိယ အာဏာရပါတီ တာဝန်ရှိ အမျိုး သမီး၏ ဟောပြော ချက် အား ကန့်ကွက်ဆန္ဒပြ ပြီှးုတ်ချ ခဲ့ပါတယ်။ ပြီးနောက် မလေးရှား အစိုးရ မှ အိန္ဒိယ နိုင်ငံ တွင် အစ္စလာမ် ကြောက်မုန်းတီးမှု နှင့် တစ်ယူသန်မှု ကို အဆုံးသတ်ရန် တောင်းဆိုခဲ့ပါတယ်။

ကိုယ်တော်မြတ် (ဆွ) အား အိန္ဒိယ အာဏာရပါတီ ( BJP ) ၏ တာဝန် ရှိ အမျိုးသမီး ၏ ပုတ်ခတ်စော်ကား ချက အပေါ် ကုလသမဂ္ဂ ဘက်မှ လည်း တုံ့ပြန်မှု ပြုခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ၏ ပြောရေး ဆိုခွင့် ရှိသူ မှ မိမိ တို့ ၏ အဖွဲ့ အစည်း သည် ဘာသာ တရား အားလုံး ကို လေးစားရိုသေ ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းမှဆက်လက်ပြီး ကုလသမဂ္ဂ သည် ဘာသာတရား အားလုံး အပေါ် လေးစား မှု နှင့် စာနာ ထောက်ထားမှု ကို အလွန်တရာ အားပေး ထောက်ခံကြောင်း ပြောကြားခဲ့ပါတယ် ။

အခြား တစ်ဖက်တွင်လည်း အိန္ဒိယ အာဏာရပါတီ ( BJP ) ၏ ခေါင်းဆောင် တစ်ဦး ဖြစ်သည့် ဟရ်ရှီးသ်စေရ်ရီဝါစ်သဝါ အား မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) အား တွစ်တာ စာမျက်နှာ ပေါ်တွင် ပုတ်ခတ်စော်ကား သည် စွဲချက်ဖြင့် ဖမ်းဆီးခဲ့ပါတယ်။ အိန္ဒိယ မီဒီယာ များ ၏ ဖော်ပြချက် အရ အိန္ဒိယ အာဏာရပါတီ ( BJP ) ၏ ခေါင်းဆောင် တစ်ဦး အား မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် (ဆွ) အား တွစ်တာ စာမျက်နှာ ပေါ်တွင် ပုတ်ခတ်စော်ကား သည် စွဲချက်ဖြင့် ကန်ပူးရ်မြို့ ရဲတပ်ဖွဲ့ မှ ဖမ်းဆီးခဲ့ပါတယ်။ ဤဖမ်းဆီးမှု အား အိန္ဒိယ အာဏာရပါတီ ( BJP ) ၏ ပြောရေး ဆိုခွင့် ရှိသူ နပူရ် ရှရ်မား အား ရာထူးမှ ဆိုင်းငံ့လိုက်ပြီး တွစ်တာ စာမျက်နှာ ရှိ ပုတ်ခတ် စော်ကားမှုများကို ဖျက်သိမ်းပြီး နောက် ပြုခဲ့ခြင်း ဖြစ်ပါတယ်။

အဖမ်းခံထားရသူ ဟရ်ရှီးသ်စေရ်ရီဝါစ်သဝါ သည် ( BJP ) ပါတီ လူငယ်အဖွဲ့ နှင့်ကျောင်းသား ကောင်စီ အဖွဲ့ ၏ အဖွဲ့ ဝင် တစ်ဦး ဖြစ်ပါတယ်။ ရဲစခန်းမှ ချက်ခြင်း အရေးယူ ပြီး သက်ဆိုင်ရာ ပြ ဋ္ဌာန်းချက်များ အရ အမှု ဖွင့် အရေးယူ ခဲ့ခြင်း ဖြစ်ပါတယ်။

အာဏာရပါတီ ( BJP ) ၏ ပြောရေး ဆိုခွင့် ရှိသူ နပူရ် ရှရ်မား အား ကိုယ်တော်မြတ် (ဆွ) အပေါ် ပုတ်ခတ် စော်ကား ခဲ့သည့် ပြစ်မှု ကြောင့် ဇွန်လ ၅ ရက်နေ့ တွင် အာဏာရပါတီ ( BJP ) မှ ၎င်း အား ရာထူး တာဝန် မှ ဆိုင်းငံ့ခဲ့ပါတယ်။ အာဏာရပါတီ ( BJP ) ၏ ပြောရေး ဆိုခွင့် ရှိသူ နပူရ် ရှရ်မား သည် တီဗီ လိုင်း တစ်ခု တွင် အစ္စလာမ် ဘာသာ နှင့် ကိုယ်တော်မြတ် (ဆွ) အားပုတ်ခတ် စော်ကား ခြင်းကို ပြုခဲ့သူဖြစ်ပါတယ်။

ကိုယ်တော်မြတ် ဟဇရသ် မိုဟမ္မဒ် (ဆွ) အား ပုတ်ခတ် စော်ကား သည့် ကိစ္စ နှင့်ပတ်သက်ပြီး အိန္ဒိယ ၊ အီရန် ၊ ပါကစ္စတန် ၊ ကူဝိတ် ၊ ကာတာ နိုင်ငံများ အပါအဝင် ကမ္ဘာ့ တစ်ဝှမ်း တွင် ဝမ်းနည်းကြောင်း နှင့် ဒေါသထွက်ကြောင်း ကို ပြသလျက်ရှိနေ ပါတယ်။ အာရပ်နိုင်ငံများ တွင် လည်း 'Boycott India' ကမ်ပိန်း ကို စတင် လုပ်ဆောင် နေ ပြီး ဖြစ်ပါတယ်။

====================================

END /251


ဆက်နွယ်နေသည့် အကြောင်းအရာ များ

လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*