?>

ကူဝိတ်တရား ရုံးမှ အကျော်အမော် ကူဝိတ် နိုင်ငံသား ရှီအာ အာလင်မ် နှင့်ပတ်သက်ပြီး အံ့သြဖွယ် အမိန့် ချမှတ်

ကူဝိတ်တရား ရုံးမှ အကျော်အမော် ကူဝိတ် နိုင်ငံသား ရှီအာ အာလင်မ် နှင့်ပတ်သက်ပြီး အံ့သြဖွယ် အမိန့် ချမှတ်

ကူဝိတ်တရား ရုံးမှ အကျော်အမော် ကူဝိတ် နိုင်ငံသား ရှီအာ အာလင်မ်၊ မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (علیهم السّلام) ၏ အထူး အဖွဲ့ ဝင် တစ်ဦးလည်း ဖြစ်သည့် အား H.I ရှိက်္ခ ဟိုစိန် အလ်မအ်သူက် ထောင်ဒဏ် ၅ နှစ်မှ တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ကြောင်းသိရှိခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ

ကူဝိတ်တရား ရုံးမှ အကျော်အမော် ကူဝိတ် နိုင်ငံသား ရှီအာ အာလင်မ် ၊မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) ၏ အထူး အဖွဲ့ ဝင်တစ်ဦး ဖြစ်သူ H.I ရှိက်္ခ ဟိုစိန် အလ်မအ်သူက် အား ထောင်ဒဏ် ၅ နှစ်မှ တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ကြောင်းသိရှိခဲ့ရပါတယ်။

အံ့သြစရာ အမိန့် ဟုဆိုရခြင်းမှာ ထောင်ဒဏ် ၅ နှစ်ချမှတ်ထားရမှ ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်လိုက်ခြင်း ဖြစ်ပါတယ်။

ကူဝိတ်တရားရုံး ဘက်မှ အီရန်နိုင်ငံ သူလျှို လုပ်နေသည့်ဆိုသည့် စွပ်စွဲချက်ဖြစ် အမိန့်ချ ခဲ့ ပါတယ်။ H.I ရှိက်္ခ ဟိုစိန် အလ်မအ်သူက် ၏ လုပ်ရပ်သည် ကူဝိတ် နိုင်ငံ ၏ နိုင်ငံရေး နှင့်လူမှုရေး အကျိုး စီးပွားရေး ကို ထိခိုက်စေသည်ဟုလည်း ကူဝိတ် တရားရုံးဘက်မှ စွပ်စွဲ ထွက်ဆို ထား ပါတယ်

မှတ်သားစရာအချက်မှာ H.I ရှိက်္ခ ဟိုစိန် အလ်မအ်သူက် သည်မဂ်ျမယေ ဂျဟာနီ အဲဟ်လေ့ဘိုက်(သ) (علیهم السّلام) ၏ အထူး အဖွဲ့ ဝင်တစ်ဦး ဖြစ်ပြီး ကူဝိတ် အမျိုးသား အစ္စလာမ် ညွန့်ပေါင်း အဖွဲ့ ၏ အထွေထွေ အတွင်းရေးမှူးချုပ် နှင့် မွတ်ဂ်ျသဟစ်များ ကို စာ သင်ကြား ပေးနေ သည့် ဆရာတော် တစ်ပါး ဖြစ်ပါတယ်။

ထိုနည်းတူစွာ ကျမ်းတော်မြတ် ကုရ်အာန်ဆိုင်ရာ ပညာရပ်များ နှင့် ဟဒီးစ်တော် ၊ အူစူလေဖေက် ဆိုင်ရာ ဘာသာရပ်များ တွင် လည်း ရှိက်္ခ အနေဖြင့် စာအုပ်စာပေများ ထုတ်ဝေထားပါတယ်။

ဤတရားမျှတမှု မရှိသည့် အမိန့် ချမှတ်မှု သည် ကမ္ဘာ အနှံ တွင် တုံ့ပြန်မှုများ မကျေနပ်မှုများ ကို ဖြစ်ပေါ် စေမည့် အကြောင်းခံ ဖြစ်ပါတယ် ။ ဤအမိန့် သည် ရွံရှာဖွယ် ဖြစ်ကြောင်း ထုတ်ပြန်စာ ကြေညာစာတန်းများ ကို အဖွဲ့ အစည်း များ နှင့် အရေးပါ အရာ ရောက်ပုဂ္ဂိုလ် များမှ ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။

ဤအကျော်အမော် အာလင်မ် အားလွတ်မြောက် အောင်မြင်ရန် ဒိုအာပြုပေးပါရန် အဗ်နာ စာဖတ် ပရိတ်သတ် ကြီးထံ လေးစားစွာ မေတ္တာ ရပ်ခံအပ်ပါတယ်။

H.I ရှိက်္ခ ဟိုစိန် အလ်မအ်သူက်

===================================

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*