?>
ကျမ်းမြတ်ကုရ်အာန်မှပြောသည့် ခင်ပွန်းသည်၏ရပိုင်ခွင့်
 ကျမ်းမြတ်ကုရ်အာန်မှပြောသည့် ခင်ပွန်းသည်၏ရပိုင်ခွင့်
ကျမ်းမြတ်ကုရ်အာန်မှပြောသည့် ခင်ပွန်းသည်၏ရပိုင်ခွင့် ဆိုသည့် ခေါင်းစဉ်ဖြင့် ရှိက်္ခ Ghazi Ashraf ၏ တင်ပြမှု ဖြစ်ပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစ္စလာမ်သာသနာတော်မှာ ဇနီးသည်အပေါ် ပေးဆပ်ထား
ရှိရမည့်ခင်ပွန်းသည်၏တာဝန်ဝတ္တရားများရှိသလို အကြင်
ဇနီးမယားထံမှ ရရှိမည့်ခင်ပွန်းသည်တစ်ဦး၏ حقوق ရပိုင်
ခွင့်တို့ကိုလည်းဘဲဖော်ပြထားရှိပါသည်။ အရင်က တင်ပြ
ပေးခြင်းမရှိခဲ့တာမို့ အခု‌တော့ လေ့လာပေးပါခင်ဗျာ..
(၁) حقّ استمتاع _ အတူနေထိုင်ခြင်း
ခင်ပွန်းသည်တစ်ဦးအနေဖြင့် မိမိ၏ကာမပိုင်ဇနီးမယား
ဖြင့်အတူနေထိုင်ခြင်းသည် ရပိုင်ခွင့်တစ်ခုဖြစ်ပါသည်။
ဇနီးသည်သည် တတ်နိုင်သရွှေ့ မိမိခင်ပွန်း၏အဆီးအ
တားဖြစ်မနေရအောင်ကြိုးစားရပါသည်။ ဓမ္မတာ၊ အိစ်
သေဟာဇာ၊ အဲအ်သိကားဖ်၊ ရိုဇာနှင့်အစရှိသဖြင့်တို့လို
ရှရ်အီတရားတော်အရ အတူ​နေထိုင်ရန် ကန့်ကွတ်ထား
သည့်အချိန်များမှအပ ခင်ပွန်း၏ဆန္ဒကို လိုက်လျောရ
ပေသည်။ကျမ်း​မြတ်တော်ကုရ်အာန်မှာ ဒါနဲ့ပတ်သက်
ပြီး အလ္လာဟ်အရှင်မြတ်မိန့်ကြားတော်မူထားပါတယ်:
 «نِساؤُکم حَرثٌ لَکم فَأتوا حَرثَکم انّی شِئتُم»؛ [1]
အသင်တို့၏ ဇနီးမိန်းမများသည် အသင်တို့ အတွက်
လယ်ယာမြေ ဖြစ်သည်။ သို့ဖြစ်ရာ အသင်တို့သည်
အသင်တို့၏ လယ်ယာ(များ)ကို အသင်တို့ ကြိုက်
နှစ်သက်သဖြင့် (ထွန်ယက် စိုက်ပျိုး)သွားလာလေ
┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅
(၂) حقّ اطاعت _ အိသွာအသ်
ရှရ်အီအရ တားမြစ်၊ ခွင့်ပြုမထားသည့်ကိစ္စတို့မှလွဲ၍
ဇနီးသည်သည် လင်ယောင်္ကျား၏စကားကို နာခံရပေ
သည်။ ရေဝါယသ်တစ်ခုမှာ တမန်တော်မြတ်ကြီး ص
မိန့်ကြားထားတယ်: «لاطاعةَ لِمخَلوقٍ فی مَعصیةِ الخالقِ»
[2] မည်သည့်အဖန်ဆင်းခံမဆို အလ္လာဟ်အရှင်မြတ်
တားမြစ်ထားသောအရာကို ခိုင်းစေကာမူ နာခံရမည်
မဟုတ်။
ဒုတိယအနေနဲ့ကတော့ _ ဇနီးသည်ဟာ စကား ကို နား
ထောင်ရမယ်၊နာခံရမယ်ဆိုတာသည် ခင်ပွန်းသည်နှင့်
ပတ်သက်သည့် တာဝန်ဝတ္တရားများအပေါ်၌သာလျှင်
ဖြစ်ပါတယ် (ဥပမာ။ ။အတူနေခြင်း၊အိမ်အပြင်ထွက်
ရန် ခွင့်တောင်းခြင်း၊ တစိမ်းအမျိုးသားတို့ဖြင့် စကား
ပြောခြင်းမှ ရှောင်ကြဉ်မှုပြုခြင်း...)
ကျမ်း​မြတ်ကုရ်အာန်မှာလည်း  အကယ်၍ ဇနီးမယားတို့
ဟာ ခင်ပွန်းသည်၏စကားကို နာခံကြမည်ဆိုလျှင် ၎င်း
တို့ကို ထိခိုက်နစ်နာမှုမရှိကြစေရန် / အလိုလိုက် လျော့
 ပေါ့ပေးကြရန် မိန့်ကြားထားတာရှိပါတယ်:
 «فَان اطَعنَکم فَلا تَبغوا عَلَیهِنَّ سَبیلًا» [3]
" အကယ်၍ သူမတို့သည် အသင်တို့၏အမိန့်ကို နာခံ
   ကြပြီ ဆိုလျှင် အသင်တို့သည် သူမတို့နှင့် ဆန့်ကျင်
    ပြီး မည်သည့် နည်းလမ်းကိုမျှ မရှာကြတော့နှင့် "
┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅
(၃) اظهار زینت _ အလှပြင်ခြင်း
အမျိုးသမီးသည် မိမိ၏အလှအပကို နေအိမ်အတွင်း
မိမိခင်ပွန်းသည်အတွက်သာလျှင် ထုတ်ဖော်ရသည်
အလှပြင်၍ အပြင်ထွက်ခြင်းဟာ မိမိ ယောင်္ကျား၏
ရပိုင်ခွင့်ကို တစိမ်းယောင်္ကျားများထံ ခွဲဝေဌနေခြင်း
သာဖြစ်နေပါမည်
ဒါကို ကုရ်အာန်မှာဘဲ မိန့်ကြားထားတာဖြစ်ပါတယ်:
«. . . و لا یبدینَ زینَتَهُنَّ الّا لِبُعولَتِهِنَّ. . . »[4]
" ထို့ပြင် သူမတို့သည် သူမတို့၏ အလှအပကို သူမ
   တို့၏ လင်ယောက်ျားများ သို့မဟုတ် သူမတို့၏
   ဖခင်များ... ၏ရှေ့ မှလွဲ၍ အခြားမည်သူ၏ ရှေ့
   ၌မျှ မဖော်ကြရပေ "
┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅
(၄) حقّ طلاق _ သွလာက်‌
သွလာက်ပေးခြင်းဟာလည်း အမျိုးသားရဲ့ရပိုင်ခွင့်တစ်ခု
ဖြစ်ပါတယ်။ ဝကီလ်၊ကိုယ်စားလှယ်ဖြင့်လည်း သွလာက်
ပေးနိုင်ပါတယ်။ အကယ်၍အမျိုးသမီးဖက်က သွလာက်
ဖြစ်ရန်လိုလားကာမူ ပညတ်တော်၌လာရှိထားသောအခါ
စံညွှန်းတို့အပေါ်မူတည်၍(ဥပမာ-အမျိုးသားက နှိပ်စက်
လာတဲ့အခါ၊ ဇနီးသည်ရသင့်ရထိုက်သောحقوقအရာတို့
ကို ‌မကျေပွန်သည့်အခါ) حاکم شرع ဓမ္မသတ်မှူး သည်
အမျိုးသမီးဖက် မှ သွလာက် လုပ်ပေးနိုင်ပါသည်။ သို့
သော် ခင်ပွန်းသည်၏ချွတ်ယွင်းချက် မရှိပါလျက် ဇနီး
မယားဟာ သွေဖီခြင်းရှိမည်၊တရားတော်နှင့်မအပ်စပ်
သည့်ကိစ္စရပ်တို့ကို လုပ်ဆောင်မည်ဆိုလျှင် သွလာက်
ပေးခွင့်ရှိသူဟာ ခင်ပွန်းသည်ပင်ဖြစ်တယ်ဆိုတာကို
သိရှိရပါမည်။ ကျမ်းမြတ်ကုရ်အာန် တွင် သွလာက်
နှင့်ပတ်သက်ပြီး အာယသ်မုက္ခပါဌ်တော်ပေါင်းများ
စွာ လာရှိထားပါသည် [5]
┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅
(၅) نگه داشتن عدّه _ အိဒ္ဒသ်ကာလစောင့်ထိန်းခြင်း
အမျိုးသား က သွလာက် ပေးပြီးတဲ့နောက် (သို့) မိမိ၏
အမျိုးသားသေဆုံးသွားတဲ့နောက်တွင် ဇနီးမယားအနေ
ဖြင့် ကိုယ်သန့်အောင် စောင့်ထိန်းရာသောကာလအချို့
ကို အိဒ္ဒသ် ဟု ခေါ်ပါသည်။ ထို ကာလအတွင်း အမျိုး
သမီးဟာ အခြားအိမ်ထောင်ဖက်နှင့် အတူနေထိုင်ခွင့်
မရှိပါ။ ထိုသို့သောအမျိုးသမီး၏အိဒ္ဒသ်ကာလသည်
ခင်ပွန်းသည်တစ်ယောက်၏ရပိုင်ခွင့်ဖြစ်ပါသည်။
ဒါနဲ့ပတ်သက်ပြီး စူရာဟ်အဲဟ်ဇားဗ်၊ အာယသ်(49)
တွင်လည်းကောင်း  «فَما لَکم عَلَیهِنَّ مِن عِدَّةٍ تَعتَدّونَها»
အခြားသောအာယသ်တော်များတွင်လည်းကောင်း
သိရှိနိုင်ပါသည်
«لا تُخرِجوهُنَ مِن بُیوتِهِنَّ. . . لا تَدری لَعَلَّ اللَّهَ یحدِثُ بَعدَ ذلِک امرا»[6]
┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅┅
(၆) پاسداری از حقوق اسرار _ အတွင်းရေးပေါက်ကြားမှုမရှိခြင်း
ဒါနဲ့ပတ်သက်လို့လည်း အာယသ်တော်အမြောက်အများ
တွင် မိန့်မှာ မွတ်ဟ‌ ပြောကြားထားပါတယ်။ သာဓက _
 «فَالصالِحاتُ قانِتاتٌ حافِظاتٌ لّلْغَیبِ بِمَا حَفِظَ اللَّهُ»
" သို့ဖြစ်ရာ အမျိုးသမီးကောင်းများသည် (ခင်ပွန်း၏)
  အမိန့်ကို နာခံသူများ ဖြစ်ကြသည်၊ အလ္လာဟ် အရှင်
  မြတ်၏ စောင့်ရှောက်မှုဖြင့် (ခင်ပွန်း) ကွယ်ရာတွင်
 (ခင်ပွန်း၏ပစ္စည်းနှင့် သူမ၏အရှက်သိက္ခာကို)ထိန်း
  သိမ်းသူများဖြစ်ကြလေသည် " [7]
ဖော်ပြပါ အာယသ်မုက္ခပါဌ်တော်ကို ကြည့်မယ်ဆိုရင်
ဇနီးသည်ဟာ ခင်ပွန်းသည်၏အရှေ့၌သာ နာခံရမည်
သာမဟုတ်ဘဲ ကာမပိုင် ယောကျာ်း၏မမြင်ကွယ်ရာ
မှာ ရောက်ရှိနေမယ်ဆိုလျှင်လည်း (ခယာနသ်)အလွဲ
သုံးစားခြင်း‌တွေ မလုပ်ရဖူးဆိုတာကို သိနိုင်ပါတယ်။
ထိုနည်းလည်းကောင်း အမျိုးသမီးဆိုတာဟာသည်
လင်ယောကျာ်း ကို အလုပ်အကျွေး ပြုရန်အတွက်
သာလျှင်မဟုတ်ဘဲ  စားဝတ်နေထိုင်စားရိတ်တို့ကို
ထိန်းသိမ်းခြင်း၊ သားသမီးများအပေါ်  ပဲ့ပင်ဆုံးမ
ခြင်း၊ မိသားစု ကို စိတ်အေးချမ်းသာမှုရရှိအောင်
ကြိုးစားပေးခြင်း၊ မိသားစုကို အချစ်မေတ္တာပေး
ခြင်းနှင့် အနွံတာခံမှုရှိခြင်းတို့ဟာလည်း အိမ်သူ
သက်ထားဇနီးမယားများ၏တာဝန်ဝတ္တရားဖြစ်
ကြောင်းကို မီးမောင်းထိုးဖော်ပြထားပါသည် [8]
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿
# ကိုယ့်အိမ်က မိခင်၊ ဇနီးသည်တို့အပေါ် ကိုယ်ချင်း
    စာနာစိတ်ထားရှိတတ်ဖို့နဲ့ ယနေ့လို လွတ်လပ်နေ
   တဲ့(အွန်လိုင်း)ကြောင့် မလိုလားအပ်တဲ့ မိသားစု
   ပဋိပက္ခတွေနဲ့ အပြိုပြိုအကွဲကွဲ ယိုင်လဲနေရတာ
   တင်ပြရခြင်းဖြစ်ပါတယ်ခင်ဗျာ..
# အမျိုးသမီးများအနေနဲ့ မိမိတို့ရဲ့ထိန်းသိမ်းရေးမှာ
အထူးဂရုစိုက်သင့်နေပါတယ်လို့ ဆန္ဒပြုအပ်ပါတယ်
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿
# မှီငြမ်း (ဘာသာပြန်ဆိုတင်ပြပါသည်)
[1] بقره/ 223
[2]امالى، صدوق، ج 1، ص 159
[3] نساء/ 34
[4]  نور/ 31
[5]  بقره/ 226- 237؛ طلاق/ 1 تا 7؛ احزاب/ 49
[6] طلاق/ 1 و آیات دیگر درباره عدّه عبارت اند از بقره آیه های 228 و 234 235 و سوره طلاق آیه های 1 و 2-
[7] نساء/ 34
[8] ر. ك: تفسير نمونه، آيت‏اللَّه مكارم شيرازى و ديگران، ج 3، ص 371، دارالكتب الاسلامية؛ اطيب‏البيان، ج 2، ص 458؛ انوار العرفان، ج 4، ص 259؛ انوار درخشان، ج 3، ص 359؛ تفسير هدايت، ج 1، ص 374 و ...
****************************************************
END / 251
လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။
လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်
*