?>

ကွတ်ခိုင် မြို့မ စည်ပင်သာယာ ဈေး တွင် ယနေ့ နံနက် အစောပိုင်း က မီးလောင်မှု ဖြစ်ပွား

ကွတ်ခိုင် မြို့မ စည်ပင်သာယာ ဈေး တွင် ယနေ့ နံနက် အစောပိုင်း က မီးလောင်မှု ဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကွက်ခိုင်မြို့နယ် ရပ်ကွက် ၅ ရှိ စည်ပင်သာယာမြို့မဈေးအတွင်း၌ (ယနေ့) ဇူလှိုင် ၁၆ ရက် နံနက် ၁၂ နာရီ ၄၅ မိနစ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကွက်ခိုင်မြို့နယ် ရပ်ကွက် ၅ ရှိ စည်ပင်သာယာမြို့မဈေးအတွင်း၌ (ယနေ့) ဇူလှိုင် ၁၆ ရက် နံနက် ၁၂ နာရီ ၄၅ မိနစ်တွင်  မီးလောင်မှု ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

အဆိုပါစည်ပင်သာယာ ဈေးပတ်လည်ပိတ် ဈေးပုံစံဖြစ်ကာ ၁၀ ပေပတ်လည် သွပ်မိုးသွပ်ကာ ကွန်ဂရစ်ခင်း ဈေးဆိုင်ပေါင်း ၇၇၁ ခန်းရှိသည့်အနက် ဖုန်းဆိုင်ခန်း ၊ကုန်ခြောက်ဆိုင်ခန်း နှင့် အခြားဆိုင်ခန်း ၃၇ ခန်း မီးလောင်မှုထဲတွင် ပါဝင်သွားကြောင်းသိရပြီး ခန့်မှန်တန်ဖိုး မှာ ၄၇၄၀၀၀၀ ကျပ်ခန့်ရှိကြောင်း မူဆယ်ခရိုင် မီးသတ်ဌာနမှသိရသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်ကို သိလျှင်သိချင်း ကွက်ခိုင်မြို့နယ်မီးသတ်တပ်ဖွဲ့က သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦး ၊အရံမီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးတို့နှင့်အတူ မီးငြိမ်းသတ်ယာဉ် ၃ စီး ၊ရေသယာဉ်လေးစီး တို့ဖြင့်မီးငြိမ်သတ်နေစဉ်၌ ကောင်းခါးနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၅ ဦး မီးငြိမ်းသတ်ယာဉ် ၁ စီး ၊သိန်းနီမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၇ ဦး မီးငြိမ်းသတ်ယာဉ် ၁ စီး ၊ရေသယ်ယာဉ် ၅ စီးတို့ဖြင့် လာရောက် ပူးပေါင်းကာ ရေဂါလံ ၁၆၀၀၀ ခန့်အသုံးပြု၍ စုပေါင်းမီးငြိမ်သတ်ခဲ့ရာ နံနက် ၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၂ နာရီအချိန်ခန့်တွင်မီးငြိမ်းသတ်ခဲ့နိုင်ကြောင်း သိရသည်။

အဆိုပါစည်ပင်ဈေးတွင် လျုပ်စစ်တပ်ဆင် တွယ်တန်းထားခြင်းမရှိဘဲ ကိုဗစ်ကာလ အတွင်းဈေးဆိုင်ခန်းများ ပိတ်ထားရခြင်းဖြစ်သည်။

အဆိုပါမီးလောင်မှုအ‌ကြောင်းအရင်းကို တာဝန်ရှိသူများက စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

****************************************************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*