?>

အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး ထူထောင်ဖို့ ဆော်ဒီ ကို ပွမ်ပီယို တိုက်တွန်း

အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး ထူထောင်ဖို့ ဆော်ဒီ ကို ပွမ်ပီယို တိုက်တွန်း


ဆော်ဒီအနေနဲ့ အစ္စရေးကို အသိအမှတ်ပြုသွားဖို့ အမေရိကန်နိုင်ငံတော်အတွင်းရေးမှူး မိုက်ပွမ်ပီယိုက တိုက်တွန်းပြောကြားလိုက်ပြီး ဒါဟာတစ်ခြား ပင်လယ်ကွေ့နှစ်နိုင်ငံနဲ့ အစ္စရေးတို့ သံတမန်ဆက်ဆံရေးထူထောင်မှုတွေကြား ဂျူးနိုင်ငံအတွက်နည်းဗျူဟာအရတိုးတက်မှုတစ်ခု ဖြစ်သွားနိုင်ပါ



အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

ဆော်ဒီအနေနဲ့ အစ္စရေးကို အသိအမှတ်ပြုသွားဖို့ အမေရိကန်နိုင်ငံတော်အတွင်းရေးမှူး မိုက်ပွမ်ပီယိုက တိုက်တွန်းပြောကြားလိုက်ပြီး ဒါဟာတစ်ခြား ပင်လယ်ကွေ့နှစ်နိုင်ငံနဲ့ အစ္စရေးတို့ သံတမန်ဆက်ဆံရေးထူထောင်မှုတွေကြား ဂျူးနိုင်ငံအတွက်နည်းဗျူဟာအရတိုးတက်မှုတစ်ခု ဖြစ်သွားနိုင်ပါတယ်။


ဆော်ဒီနဲ့နိုင်ငံခြားရေးပေါ်လစီအနီးကပ်ပူးပေါင်းဆောင်ရွက်မှုတွေရှိထားတဲ့ ဘာရိန်းနဲ့ယူအေအီးတို့ဟာ ပြီးခဲ့တဲ့စက်တင်ဘာ ၁၅ရက်နေ့တုန်းက အိမ်ဖြူတော်မှာ အစ္စရေးနဲ့ အေဘရာဟမ်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီသံတမန်ထူထောင်မှုတွေဟာ ပါလက်စတိုင်းအရေးနဲ့ ပါလက်စတိုင်းလူထုကို နောက်ကျောဓါးနဲ့ထိုးတဲ့ လုပ်ရပ်ဖြစ်ကြောင်း ပါလက်စတိုင်းတာဝန်ရှိသူတွေက ရှုတ်ချခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ဝါရှင်တန်ဒီစီမှာ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးမင်း သားဖိုင်ဆယ် ဘင်ဖာဟန်နဲ့တွေ့ဆုံမှုအတွင်း ပွမ်ပီယိုက ဒီသဘောတူညီချက်ဟာ ဒေသတွင်း လုံခြုံရေးနဲ့ငြိမ်းချမ်းရေးအတွက် တူညီတဲ့ရည်မှန်းချက်တွေကို အကောင် အထည်ဖော် လုပ်ဆောင် လိုက်တာပဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


သူတို့တွေဟာဒေသတွင်းအင်အားချိန်ခွင်လျှာကို ပြောင်းလဲပေးလိုက်တာဖြစ်ပြီးဒါဟာ အီရန်ရဲ့လွှမ်းမိုးမှုတွေကိုတန်ပြန်ဖို့ ဒေသတွင်းပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ချက်ကို နိုင်ငံတွေအနေနဲ့အသိအမှတ်ပြုပိုင်ခွင့်ရှိတယ်လို့ ပွမ်ပီယိုကဆိုပါတယ်။ “ဆော်ဒီအနေနဲ့လည်း ဒီလိုသံတမန်ဆက်ဆံရေးထူထောင်ဖို့ စဉ်းစားလိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်ထားပါတယ်။ အေဘရာဟမ်သဘောတူညီချက်အောင်မြင်ရေးမှာသူတို့ရဲ့ အားပေးကူညီပေးမှုအတွက်ကျေးဇူးတင်လိုပါတယ်” လို့ ပွမ်ပီယိုကပြောကြားခဲ့ပါတယ်။


ပါလက်စတိုင်းခေါင်းဆောင်တွေကို အစ္စရေးနဲ့ဆွေးနွေးညှိနှိုင်းမှုတွေပြန်လုပ်ဆောင်သွားဖို့ ဆော်ဒီအနေနဲ့တွန်းအားပေးလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း သူက ထပ်ဖြည့်ပြောကြားခဲ့ ပါတယ်။ ယူအေအီးနဲ့ ဘာရိန်းတို့ လုပ်ဆောင်ခဲ့တဲ့အတိုင်း နောက်ထပ်ပင်လယ်ကွေ့နိုင်ငံတွေ အစ္စရေးနဲ့ဒီလိုတူညီတဲ့ ဆက်ဆံရေး ထူထောင်လာစေဖို့ အမေရိကန်ကကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။ ဒေသတွင်း အစ္စရေး-အာရပ် သံတမန်ဆက်ဆံရေး ထူထောင်မှုတွေရဲ့အကျိုး ဆက်တွေနဲ့ပတ်သက်ပြီး အရှေ့အလယ်ပိုင်း သုတေသီတွေက စိုးရိမ်ပူပန်နေကြပါတယ်။


“ကြည့်ရတာအစ္စရေးဟာ ဒေသတွင်းနိုင်ငံရေးအခြေခိုင်မှုတွေတိုးလာအောင်လုပ်ဆောင်နေသလို ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာဆက်ဆံရေးတွေကိုလည်းတိုးချဲ့လာနေပြီး အာရပ်-အစ္စရေးမဟာမိတ်ဖွဲ့ပြီး အီရန်ကိုဆန့်ကျင်သွားဖို့ရှိနေတာဖြစ်ပါတယ်။” လို့ ဂါဇာကမ်းမြှောင်ရဲ့ အွမ္မာတက္ကသိုလ်ကနိုင်ငံရေးသိပ္ပံဌာနအကြီးအကဲ အန်ဒ်နန် အဘူအမ်မာက ပြောကြားခဲ့ပါတယ်။ အာရပ်-အစ္စရေးသံတမန်ဆက်ဆံရေးထူထောင်မှုတွေဟာ ဒေါ်နယ်ထရန့်အတွက်နောက်တစ်ကြိမ် သမ္မတရွေးကောက်ပွဲမှာ ပြန်အရွေးခံနိုင်ဖို့ကြိုးပမ်း မှု အတွက် အောင်မြင်မှုတစ်ခုပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း ထရန့်ကိုယ်တိုင်က ဆော်ဒီအနေနဲ့အစ္စရေးကို တစ်ချိန်ချိန်မှာအသိ အမှတ်ပြုသွား ဖို့ သူလည်းမျှော်လင့်ထားကြောင်း ပြောကြားခဲ့ဖူးပါတယ်။


Al Jazeera သတင်းဌာနပါ “Pompeo urges Saudi Arabia to normalise ties with Israel” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

################################################################

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*