?>

၃၂ဦးသေဆုံး ပြီး ၁၁၀ကျော် ဒဏ်ရာ ရရှိခဲ့တဲ့ ဘဂ္ဂဒက်မြို့အသေခံ ဗုံးခွဲတိုက်ခိုက်မှုသည် IS လက်ချက်ဖြစ် ကြောင်း ထုတ်ပြန်

၃၂ဦးသေဆုံး ပြီး ၁၁၀ကျော် ဒဏ်ရာ ရရှိခဲ့တဲ့ ဘဂ္ဂဒက်မြို့အသေခံ ဗုံးခွဲတိုက်ခိုက်မှုသည်  IS လက်ချက်ဖြစ်  ကြောင်း ထုတ်ပြန်

၃နှစ်အတွင်း လူသေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ လူ၃၂ဦးသေဆုံးပြီး ၁၁၀ကျော်ဒဏ်ရာရရှိခဲ့တဲ့ ကြာသပတေးနေ့က ဘဂ္ဂဒက်မြို့လယ်လူစည်ကားတဲ့ဈေးမှာ လူနှစ်ဦးရဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း ISIL(ISIS) အဖွဲ့ကကြေငြာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

၃နှစ်အတွင်း လူသေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ လူ၃၂ဦးသေဆုံးပြီး ၁၁၀ကျော်ဒဏ်ရာရရှိခဲ့တဲ့ ကြာသပတေးနေ့က ဘဂ္ဂဒက်မြို့လယ်လူစည်ကားတဲ့ဈေးမှာ လူနှစ်ဦးရဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း ISIL(ISIS) အဖွဲ့ကကြေငြာခဲ့ပါတယ်။


ပထမတိုက်ခိုက်ရေးသမားက ဖျားနာနေတဲ့ပုံနဲ့ မြို့တော်ရဲ့ တာယာရန်ရင်ပြင်ကလူစည်ကားရာဈေးမှာ လူအုပ်ကိုဆွဲဆောင်ခဲ့ပြီးနောက် အသေခံဗုံးခွဲခဲ့တာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ထိခိုက်သေဆုံးသူတွေကိုကူညီဖို့ အခင်းဖြစ်ပွားရာနေရာကိုလူတွေထပ်လာတဲ့အချိန်မှာ ဒုတိယလူက နောက် တစ်ကြိမ် အသေခံဗုံးခွဲခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ၂၀၁၈ ဇန်နဝါရီကတည်းက ဘဂ္ဂဒက်မှာလူနှစ်ဦးနဲ့အသေခံဗုံးခွဲခဲ့တဲ့ဖြစ်ရပ်ပဲဖြစ်ပါတယ်။ ပထမတစ်ကြိမ် တုန်းက ကြာသပတေးနေ့က တိုက်ခိုက်မှု ခံလိုက်ရတဲ့ ရင်ပြင်မှာပဲ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူ၃၅ဦးသေဆုံးပြီး ၉၀ ဒဏ်ရာရရှိခဲ့ပါတယ်။


တစ်နှစ်တာကြာမြင့်ခဲ့ပြီဖြစ်တဲ့ ကိုဗစ်-၁၉ တင်းကျပ်ထားမှုတွေကို ပယ်ဖျက်ခဲ့ပြီးနောက် တစ်ပတ်ရစ်အဝတ်အစားတွေရောင်းတဲ့ လေဟာပြင်ဈေးမှာ လူတွေနဲ့ပြည့်နေခဲ့တာ ဖြစ်ပါ တယ်။လုံခြုံရေးတပ်ဖွဲ့တွေဟာ အခင်းဖြစ်ပွားရာနေရာကိုပိတ်ဆို့လိုက်ကြောင်း အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေတဲ့ AFP သတင်းဌာနရဲ့ ဓာတ်ပုံ သတင်းထောက်က ပြောကြားခဲ့ပါတယ်။


ဒီအသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ရပ်ပြီးနောက် ညလယ်ခေါင်မှာ ISIL က ဒီတိုက်ခိုက်မှုဟာသူတို့လက်ချက်ဖြစ်ကြောင်း သူတို့ရဲ့ဝါဒဖြန့်ချန်နယ်တွေမှာ တင်ခဲ့ပါတယ်။ အီရတ်အစိုးရက သူတို့နယ်မြေတွေအတွင်း ISIL ကိုနှိမ်နင်းနိုင်ခဲ့ပြီလို့ ကြေငြာခဲ့ပေမယ့်လည်း ဒီအဖွဲ့ကအမှန်တကယ် အမြစ်ပြတ်သွားခြင်းမရှိဘူး လို့ အလ်ဂျာဇီးယား သတင်းထောက် စီမိုနာဖိုလ်တိုင်ကပြောကြားခဲ့ပါတယ်။ အိုင်အက်စ်ဟာ သောင်းကျန်းသူအဖွဲ့တစ်ဖွဲ့အဖြစ်တဲတဲလေးရှိနေဆဲဖြစ်ပါတယ်။ မြို့ပြကနေ ကျေးလက်နယ်တွေ ဆီသူတို့ကိုမောင်းထုတ်ခဲ့ပေမယ့်လည်း သူတို့ဟာ ဝေးလံခေါင်ဖျားတဲ့ဒေသတွေက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ကင်းတဲစခန်းတွေကို တိုက်ခိုက်မှုတွေဆက် လက် လုပ်ဆောင်နေ ဆဲဖြစ်တယ် လို့သူမကဆက်လက်ပြောကြားခဲ့ပါတယ်။


အီရတ်နိုင်ငံခြားရေးဝန်ကြီး ဖော့ဒ်ဟူစိန်က အိုင်အက်စ်ရဲ့ခြိမ်းခြောက်မှုတွေရှိနေဆဲဆိုတာ သိထားသလို အီရတ်ဟာလည်း ဒေသတွင်းနဲ့ ပြည်ပနိုင်ငံတွေရဲ့ထောက်ပံ့မှုတွေလို အပ်နေတယ်လို့ သူမကဆိုပါတယ်။ ၂၀၀၃ခုနှစ်မှာ အမေရိကန်ဦးဆောင်တဲ့ကျူးကျော်စစ်ပြီးနောက် ဂိုဏ်းဂဏစွဲသွေးကြောင်းစီးမှုတွေအတွင်း ဒီလိုအကြမ်းဖက်မှုတွေ ဘဂ္ဂဒက်မှာပုံမှန်လိုဖြစ်ပွားနေခဲ့ပါတယ် နောက်ပိုင်း အိုင်အက်စ်အဖွဲ့က အီရတ်နယ်မြေအများပြားကို သိမ်းယူခဲ့ပါတယ်။ သူတို့ကမြို့တော်ကို ပါသိမ်း ယူဖို့ရည်မှန်းခဲ့တာဖြစ်ပါတယ်။


ဒါပေမယ့်လည်း အိုင်အက်စ်အဖွဲ့ရဲ့နယ်မြေတွေ ၂၀၁၇ခုနှစ်မှာရှုံးနိမ့်ခဲ့မှုတွေနဲ့အတူ မြို့မှာအသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ရပ်တွေရှားပါးလာခဲ့ပါတယ်။ ကြာသပတေးနေ့က တိုက်ခိုက်မှုဖြစ်ရပ်ကို သမ္မတဘာရမ်ဆာလက်ဟ်က ရှုတ်ချလိုက်ပြီး နိုင်ငံကိုမတည်မငြိမ်ဖြစ်အောင်လုပ်ဖို့ ရည်ရွယ်တဲ့ဒီသောင်းကျန်းသူတွေကိုအစိုးရက ပြင်းပြင်း ထန်ထန်နှိမ်နင်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ မတ်လလောက်မှာ အီရတ်ကိုလာရောက်ဖို့မျှော်လင့်ထားတဲ့ ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး “အသိဉာဏ်မဲ့တဲ့ရက်စက်တဲ့လုပ်ရပ်”လို့ ရှုတ်ချလိုက်ပါတယ်။ ဒီတိုက်ခိုက်မှုကို အမေရိကန် ကုလသမဂ္ဂ နဲ့ ဥရောပသမဂ္ဂတို့ကလည်း ရှုတ်ချခဲ့ပါတယ်။


အိမ်နီးချင်းအီရန်ကလည်း ဒီတိုက်ခိုက်မှုကိုရှုတ်ချခဲ့ပြီး အကြမ်းဖက်ဝါဒနဲ့အစွန်းရောက်ဝါဒနှိမ်နင်းရေးမှာ အီရတ်ကိုကူညီပေးသွားဖို့ အစိုးရကအသင့်ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဌာနပြောခွင့်ရပုဂ္ဂိုလ် ဆာအိဒ်ခါတစ်ဗ်ဇာဒါဟ်က ပြောကြားခဲ့ပါတယ်။


Al Jazeera သတင်းဌာနပါ “ISIL takes responsibility for deadly Baghdad suicide bombings” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

******************************************
END / 251



လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

پیام رهبر انقلاب به مسلمانان جهان به مناسبت حج 1441 / 2020
We are All Zakzaky
No to deal of the century