?>

စစ်အာဏာ သိမ်းပြီး ကတည်းက ကလေးငယ် ၇၅ ဦးထက်မနည်း အသတ်ခံ ခဲ့ရပြီး ၁၀၀၀ကျော် ဖမ်းဆီး ခံခဲ့ရကြောင်း ကုလ ကျွမ်းကျင်ပညာရှင် များ ထုတ်ပြန်

စစ်အာဏာ သိမ်းပြီး ကတည်းက ကလေးငယ် ၇၅ ဦးထက်မနည်း အသတ်ခံ ခဲ့ရပြီး ၁၀၀၀ကျော် ဖမ်းဆီး ခံခဲ့ရကြောင်း ကုလ ကျွမ်းကျင်ပညာရှင် များ ထုတ်ပြန်


လွန်ခဲ့တဲ့၅လကျော် စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံတွင်းကလေးငယ်ဒါဇင်နဲ့ချီအသတ်ခံခဲ့ရပြီး ရာနဲ့ချီတရားလက်လွတ်ဖမ်းဆီးခံထားရကြောင်း ကုလကျွမ်းကျင်ပညာရှင်တွေကပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းပြီးကတည်းက ကစဥ့်ကလျားအခြေအနေထဲကျရောက်နေခဲ့သလို တရုတ်ကစတင်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် အရေးပေါ်ကျန်းမာရေးအခြေအနေအောက် ရောက်ရှိနေပြီဖြစ် ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ




လွန်ခဲ့တဲ့၅လကျော် စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံတွင်းကလေးငယ်ဒါဇင်နဲ့ချီအသတ်ခံခဲ့ရပြီး ရာနဲ့ချီတရားလက်လွတ်ဖမ်းဆီးခံထားရကြောင်း ကုလကျွမ်းကျင်ပညာရှင်တွေကပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းပြီးကတည်းက ကစဥ့်ကလျားအခြေအနေထဲကျရောက်နေခဲ့သလို တရုတ်ကစတင်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် အရေးပေါ်ကျန်းမာရေးအခြေအနေအောက် ရောက်ရှိနေပြီဖြစ် ပါတယ်။


ဖေဖေါ်ဝါရီ ၁ရက်စစ်အာဏာသိမ်းပြီးကတည်းက ကလေးငယ် ၇၅ဦးထက်မနည်းအသတ်ခံခဲ့ရသလို ခန့်မှန်းခြေ ကလေးငယ် ၁၀၀၀ ခန့်ဖမ်းဆီးခံခဲ့ရကြောင်း ခိုင်မာတဲ့သတင်းအချက်အလက်တွေရရှိထားတယ်လို့ ကုလကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီက သောကြာနေ့က ထုတ်ပြန်ခဲ့ပါတယ်။ “မြန်မာနိုင်ငံက ကလေးငယ်တွေဟာစစ်အာဏာသိမ်းမှုကြောင့် ပိတ်ဆို့ခံထားရတဲ့အခြေအနေထဲကျရောက်နေပြီး အသက်သေဆုံးရတဲ့ကပ်ဘေးအခြေအနေကြီးနဲ့လည်း ရင်ဆိုင်နေရပါတယ်” လို့ ကော်မတီဥက္ကဌ မီကီကိုအိုတာနီက ထုတ်ပြန်ချက်ထဲမှာပြောကြားခဲ့ပါတယ်။


စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူတွေဟာ စစ်အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ရဲ့ရက်စက်တဲ့ တုံ့ပြန်မှုတွေနဲ့ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။ “ကလေးငယ်တွေဟာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ နေ့စဉ် မဆင်မခြင်အကြမ်းဖက်မှုတွေ ပစ်ခတ်သတ်ဖြတ်ခံရမှုတွေနဲ့ တရားလက်လွတ်ဖမ်းဆီးမှုတွေခံနေရပါတယ်” လို့ အိုတာနီကပြောကြားခဲ့ပါတယ်။ “သူတို့တွေဟာ ကလေးတွေကိုသေနတ်တွေနဲ့ချိန်ထားပြီး သူတို့မိဘတွေနဲ့ ဆွေမျိုးသားချင်းတွေလည်း ဒီလိုတူညီတဲ့ဖြစ်ရပ်မျိုးနဲ့ ဆက်ဆံခံရတာကိုမြင်တွေ့ခဲ့ကြတယ်” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။


၁၉၉၁ခုနှစ်မှာ မြန်မာနိုင်ငံကပါဝင်လက်မှတ်ရေးထိုးထားတဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူညီချက်နဲ့ ပတ်သက်ပြီးစောင့်ကြည့်စစ်ဆေးမှုတွေလုပ်ဆောင်နေတဲ့ အမှီအခိုကင်းလွတ်လပ်တဲ့ကျွမ်းကျင်ပညာရှင် ၁၈ဦးနဲ့ ဒီကော်မတီကိုဖွဲ့စည်းထားတာဖြစ်ပါတယ်။ စစ်အာဏာသိမ်းအစိုးရနဲ့ ရဲတပ်ဖွဲ့တွေက ကလေးငယ်တွေကိုသတ်ဖြတ်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ကျွမ်းကျင်ပညာရှင်တွေက ထုတ်ပြန်လိုက်ပြီး တစ်ချို့ကလေးငယ်တွေဟာ သူတို့နေအိမ်မှာတင် အသတ်ခံခဲ့ရတာဖြစ်ကြောင်း သူတို့ကထောက်ပြခဲ့ပါတယ်။ အဲဒီထဲမှာ ရဲတပ်ဖွဲ့တွေက ဝမ်းဗိုက်ကိုသေနတ်နဲ့ပစ်သတ်ခဲ့တဲ့ မန္တလေးမြို့က ၆နှစ်အရွယ် မိန်းကလေးတစ်ဦးပါပါဝင်တယ်လို့ ထုတ်ပြန်ချက်ထဲမှာပြောကြားခဲ့ပါတယ်။


ရဲစခန်းတွေ အကျဉ်းထောင်တွေနဲ့ စစ်ဘက်စစ်ကြောရေးစင်တာတွေမှာ ကလေးငယ်တွေကို ကျယ်ကျယ်ပြန့်ပြန့် တရားလက်လွတ်ဖမ်းဆီးထိန်းသိမ်းမှုတွေကိုလည်း ကျွမ်းကျင်ပညာရှင်တွေက ရှုတ်ချခဲ့ပါတယ်။ စစ်တပ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို စီစဉ်ကူညီပေးခဲ့တဲ့ မန္တလေးတိုင်းက ၅နှစ်အရွယ်မိန်းကလေးရဲ့ဖခင်အပါအဝင် ကလေးငယ်တွေရဲ့မိဘတွေကို မဖမ်းနိုင်ဘူးဆိုရင် စစ်တပ်အာဏာပိုင်တွေက ကလေးငယ်တွေကိုဓားစာခံအဖြစ်ဖမ်းဆီးသွားတဲ့ လုပ်ရပ်တွေကို သူတို့က ထောက်ပြခဲ့ကြပါတယ်။


ဖောက်ခွဲရေးပစ္စည်းတွေလက်ဝယ်ပိုင်ဆိုင်ထားမှုနဲ့ ဖမ်းဆီးစွဲချက်တင်ခံထားရတဲ့ မန္တလေးတိုင်းဒေသ စစ်ကိုင်းမြို့နယ်က ရွာသား၇ဦးထဲမှာ အသက်၁၂နှစ်နဲ့ ၁၅နှစ်အရွယ် အသက်မပြည့်သေးတဲ့ကလေးငယ် နှစ်ဦးပါဝင်နေတာကို Myanmar Now သတင်းဌာနက သောကြာနေ့ကဖော်ပြခဲ့ပါတယ်။ နိုင်ငံတစ်ဝန်းလိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို နှောက်ယှက်ပိတ်ပင်မှုတွေနဲ့ ကျောင်းပညာရေးပိုင်းတွေကို နှောင့်ယှက်မှုတွေရှိနေတာနဲ့ပတ်သက်ပြီး အရမ်းကိုစိုးရိမ်ပူပန်ကြောင်း ကျွမ်းကျင်ပညာရှင်တွေကဆိုပါတယ်။ ကျေးလက်ဒေသတွေက ကလေးငယ်တွေအတွက် သန့်ရှင်းတဲ့သောက်သုံးရေနဲ့ အစားအစာရရှိဖို့လည်း နှောက်ယှက်ဟန့်တားမှုတွေရှိနေကြောင်း သူတို့ကပြောပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေဟာ နိုင်ငံတစ်ဝန်းလုံးကကျောင်းတွေ ဆေးရုံတွေနဲ့ ဘာသာရေးအဆောက်အဦးတွေမှာ ဝင်ရောက်တပ်စွဲသိမ်းယူထားမှုတွေနဲ့ပတ်သက်ပြီး ကုလလူ့အခွင့်အရေးရုံးက ခိုင်မာတဲ့အထောက်အထားတွေ ရရှိထားကြောင်း သူတို့ကထောက်ပြခဲ့ပါတယ်။ “ဒီအကျပ်အတည်းဆက်လက်ဖြစ်ပေါ်နေမယ်ဆိုရင် နောက်မျိုးဆက်ကလေးငယ်တွေဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ပိုင်းတွေ ပညာရေးနဲ့ စီးပွားရေးအကျိုးဆက်ဆိုးကျိုးတွေကို ခံစားရနိုင်ဖွယ်ရှိနေပြီး သူတို့ရဲ့အနာဂတ်ကြံ့ခိုင်ကျန်းမာရေးအပိုင်းကိုပါ ထိခိုက်မှုအကျိုးဆက်တွေရှိလာနိုင်ပါတယ်” လို့ အိုတာနီကသတိပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့ထိ မြန်မာနိုင်ငံကလူ့အခွင့်အရေးဆိုင်ရာစောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများကူညီမှုအသင်း(AAPP) ထုတ်ပြန်ချက်အရ ဖေဖေါ်ဝါရီ၁ရက် စစ်အာဏာသိမ်းပြီးကတည်းက လူပေါင်း ၉၁၂ ဦးထက်မနည်းအသတ်ခံခဲ့ရပြီး ၆၇၇၀ ဖမ်းဆီးခံခဲ့ရသလိုလက်ရှိမှာ ၅၂၇၇ ဦးထိန်းသိမ်းခံရ သို့မဟုတ် ပြစ်ဒဏ်ချမှတ်ခံထားရပြီး ၁၉၆၃ ဦးကိုလည်း လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဝရမ်းထုတ်ထားတယ်လို့ ဖော်ပြထားပါတယ်။
Al Jazeera သတင်းဌာနပါ “75 children killed, 1000 detained since Myanmar coup: UN experts” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။


****************************************************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*