?>

စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်မှတိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက်မနည်း သေဆုံး

စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်မှတိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက်မနည်း သေဆုံး

လွိုင်ကော်မှ မိုးဗြဲသို့ အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ညောင်ဝိုင်းရပ်ကွက်အနီးတွင် ကရင်နီပူးပေါင်းတပ်မှတိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက် မနည်းသေဆုံးပြီး အများ အပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း Pekhon−PDF တပ်ရင်း(၂) မှထုတ်ပြန်ထားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


လွိုင်ကော်မှ မိုးဗြဲသို့ အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ညောင်ဝိုင်းရပ်ကွက်အနီးတွင် ကရင်နီပူးပေါင်းတပ်မှတိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက် မနည်းသေဆုံးပြီး အများ အပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း Pekhon−PDF တပ်ရင်း(၂) မှထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကို Pekhon−PDF တပ်ရင်း (၂), MoeBye−PDF, URF, KA, KNDF B03, B011, BO12 နှင့် SSRY ပူးပေါင်းအဖွဲ့တို့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သားအများစုမှာ Sniper ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးခဲ့ခြင်းဖြစ်ကာ Pekhon−PDF တပ်ရင်း (၂) တပ်ခွဲ (၃) မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲမှာ ဇွန်လ ၇ ရက်နေ့ နံနက် ၈:၃၀ မှ ညနေ ၃:၃၀ အထိကြာမြင့်ခဲ့ပြီး လွိုင်ကော်အမြောက်တပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့၍ မိုးဗြဲမြို့ ဈေးကုန်းရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲကာ ပြည်သူ နှစ်ဦး သေဆုံးခဲ့ရကြောင်း ဆိုသည်။

ထို့အပြင် မိုးဗြဲအခြေစိုက် ၄၂၂ တပ်မှလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် လယ်ထွန်ကျေးရွာနှင့် ဆောင် ကန်းကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ယခုလက်ရှိအခြေအနေတွင် မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်၌ စစ်ကောင်စီတပ်မှ ဆက်လက်တပ်စွဲထားပြီး မိုးဗြဲမြို့နေပြည်သူ အများအပြားပိတ်မိနေသေးသည်ဟု သိရသည်။

တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် လွိုင်ကော်-မိုးဗြဲ လမ်းမကြီး ကို ဖြတ်သန်းသွားလာခြင်းမှရှောင်ရှားကြရန် Pekhon−PDF မှ တိုက်တွန်းထုတ်ပြန်ထားသည်။

****************************************************************
END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*