?>

စစ် အစိုးရ ကို ပြင်းထန် တဲ့ အရေး ယူမှုတွေ လုပ်ဆောင်သွား ဖို့ ဂျပန် က မြန်မာ တက်ကြွ လှုပ်ရှား သူများ တောင်းဆို

စစ် အစိုးရ ကို ပြင်းထန် တဲ့ အရေး ယူမှုတွေ လုပ်ဆောင်သွား ဖို့ ဂျပန် က မြန်မာ တက်ကြွ လှုပ်ရှား သူများ တောင်းဆို

မြန်မာနိုင်ငံက သတ်ဖြတ်မှုတွေကိုတားဆီးဖို့ ထိရောက်တဲ့ခြေလှမ်းရပ်တွေနဲ့လုပ်ဆောင်ဖို့ ဂျပန်အစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝန်းကို ဂျပန်ကမြန်မာ တက်ကြွ လှုပ်ရှားသူတွေ ကတောင်းဆိုခဲ့ပြီး မြန်မာစစ်အစိုးရကို ဖိအားပေးဖို့ လက်နက်ရောင်းချမှုတွေကိုပိတ်ပင်တားဆီးသွားဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ



မြန်မာနိုင်ငံက သတ်ဖြတ်မှုတွေကိုတားဆီးဖို့ ထိရောက်တဲ့ခြေလှမ်းရပ်တွေနဲ့လုပ်ဆောင်ဖို့ ဂျပန်အစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝန်းကို ဂျပန်ကမြန်မာ တက်ကြွ လှုပ်ရှားသူတွေ ကတောင်းဆိုခဲ့ပြီး မြန်မာစစ်အစိုးရကို ဖိအားပေးဖို့ လက်နက်ရောင်းချမှုတွေကိုပိတ်ပင်တားဆီးသွားဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။


ပြီးခဲ့တဲ့လ စစ်အာဏာသိမ်းမှုနဲ့ဆက်နွယ်တဲ့ အဖွဲ့တွေနဲ့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်းစီကို အနောက်နိုင်ငံကတွေက အရေးယူပိတ်ဆို့မှုတွေလုပ်ဆောင်ခဲ့ပေမယ့်လည်း နောက်ထပ်ဖိအားပေးမှုတွေ အထူးသဖြင့် ဂျပန်ကပိုမိုဖိအားပေးသွားဖို့ လိုအပ်တယ် လို့တက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။

ဂျပန်နိုင်ငံက မြန်မာနိုင်ငံသားများသမဂ္ဂရဲ့ဘုတ်အဖွဲ့ဒါရိုက်တာတစ်ဦးဖြစ်သူ ကျော်ကျော်စိုးက တိုကျိုအနေနဲ့ သူ့ရဲ့သြဇာကိုအသုံးပြုပြီး ပြည်သူလူထုကို ရက်စက်တဲ့ ဖိနှိပ်မှုတွေလုပ်ဆောင်နေ တဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ တိုက်ရိုက်စကားပြောသွားဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်း ဖက်သတ်ဖြတ် မှုကြောင့် အရပ်သားပြည်သူ ၂၆၁ ဦးထက်မနည်းသေဆုံးခဲ့ပြီးဖြစ်ပါတယ်။


“ဂျပန်အစိုးရမှာ သံတမန်ရေး စီးပွားရေးနဲ့ နိုင်ငံရေးပိုင်း သြဇာအာဏာရှိတယ်လို့ထင်ပါတယ်။ ဂျပန်အစိုးရအနေနဲ့ စစ်ခေါင်းဆောင်တွေနဲ့တိုက်ရိုက်စကားပြောသင့်ပါတယ်” လို့သူကတိုကျိုမြို့က သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ “ထုတ်ပြန်ချက်တွေ မှတ်ချက်တွေပြုနေရုံတင်မကပဲ မြန်မာနိုင်ငံကသတ်ဖြတ်မှုတွေကိုတားဆီးဖို့ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ ဝင်ရောက်ရပါမယ်” လို့ သူကဆက်လက်ပြောကြားခဲ့ပါတယ်။


စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံကအခြေအနေတွေကိုစီစစ်လေ့လာသုံးသပ်ပြီး ဘယ်လိုတုံ့ပြန်သွားမလဲဆိုတာ စဉ်းစားနေကြောင်း ဂျပန်တာဝန်ရှိသူတစ်ဦးက ပြီးခဲ့တဲ့အပတ်ကပြောကြားခဲ့ပါတယ်။ ဂျပန်ဟာ မြန်မာကိုအဓိကအထောက်အပံ့ပြုပေးနေတဲ့ နိုင်ငံဖြစ်ပြီး ကာလရှည်ကြာစီးပွားရေးနဲ့လုပ်ငန်းများ ဆက်စပ် ပတ်သက်မှုတွေ ရှိထားပါတယ်။ ဘယ်လိုပုံစံနဲ့မှ စစ်အစိုးရကိုအသိအမှတ်မပြုသင့်ကြောင်း စစ်အာဏာသိမ်းခေါင်းဆောင်တွေကို အရေးယူမှုတွေဟာ အရမ်းကိုနည်းပါး တဲ့အရေးယူပိတ်ဆို့မှုတွေသာဖြစ်ကြောင်း ဂျပန်နိုင်ငံ မြန်မာရိုဟင်ဂျာအဖွဲ့အစည်းအကြီးအကဲ ဇော်မင်းထွတ်က ပြောကြားခဲ့ပါတယ်။


“ဒါမလုံလောက်သေးဘူးလို့ကျွန်တော်ထင်ပါတယ်။ ပိုမိုပြင်းထန်တဲ့နည်းလမ်းတွေလုပ်ဆောင်သွားဖို့လိုပါတယ် ကုလလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံ ကိုလက်နက်ရောင်းချမှုတွေပိတ်ပင်သွားသင့်ပါတယ်” လို့သူကဆိုပါတယ်။ “၂၀၁၇ခုနှစ်မှာ ရိုဟင်ဂျာတွေကိုလူမျိုးတုံးသတ်ဖြတ်မှုတွေကျူးလွန်ခဲ့တာလည်း ဒီမြန်မာ စစ်တပ်ပဲဖြစ်ပါတယ်” လို့သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။ “လေးနှစ်ကြာပြီးနောက်မှာလည်း သူတို့ဟာ ရန်ကုန် မန္တလေး မတ္ထီလာ နဲ့ နိုင်ငံအနှံ့အပြားမှာ ဒီလို တူညီတဲ့ရက်စက်မှုတွေလုပ်ဆောင်နေပါတယ်” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။


Reuters သတင်းဌာနပါ “Myanmar activists in Japan call for stronger steps against junta” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။


******************************************
END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*