?>

စစ် အစိုးရ ဆန့်ကျင် ရေး ခုခံတွန်းလှန်မှု တွေမှာ ပါဝင်ဖို့ ကမ်းလှမ်းမှု အပေါ် ရိုဟင်ဂျာများ သံသယဝင် နေဆဲ

စစ် အစိုးရ ဆန့်ကျင် ရေး ခုခံတွန်းလှန်မှု တွေမှာ ပါဝင်ဖို့ ကမ်းလှမ်းမှု အပေါ် ရိုဟင်ဂျာများ သံသယဝင် နေဆဲ


မြန်မာစင်ပြိုင်အစိုးရဟာ ရိုဟင်ဂျာတွေကိုသူတို့ရဲ့စစ်အစိုးရဆန့်ကျင်ရေးညွှန်ပေါင်းအဖွဲ့မှာ ပါဝင်လာဖို့ဖိတ်ခေါ်ရင်း ဗုဒ္ဓဘာသာအများစုရှိတဲ့မြန်မာနိုင်ငံမှာ သူတို့တားမြစ်ထားတဲ့အသုံးအနှုံးတွေကို ချိုးဖျက်ပစ်လိုက်ပါတယ်။ ဒါပေမယ့် ဆယ်စုနှစ်နဲ့ချီဖိနှိပ်မှုတွေနဲ့ လူသေဆုံးသည်ထိဖြစ်ခဲ့တဲ့အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးနောက် ကာလရှည်ကြာဖိနှိပ်ခံခဲ့ရတဲ့မွတ်စလင်လူနည်းစုအသိုင်းအဝန်းက လူအများအပြားကတော့ ဒီလိုဖိတ်ခေါ်လာမှုတွေကိုသတိထား သံသယရှိနေကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



မြန်မာစင်ပြိုင်အစိုးရဟာ ရိုဟင်ဂျာတွေကိုသူတို့ရဲ့စစ်အစိုးရဆန့်ကျင်ရေးညွှန်ပေါင်းအဖွဲ့မှာ ပါဝင်လာဖို့ဖိတ်ခေါ်ရင်း ဗုဒ္ဓဘာသာအများစုရှိတဲ့မြန်မာနိုင်ငံမှာ သူတို့တားမြစ်ထားတဲ့အသုံးအနှုံးတွေကို ချိုးဖျက်ပစ်လိုက်ပါတယ်။ ဒါပေမယ့် ဆယ်စုနှစ်နဲ့ချီဖိနှိပ်မှုတွေနဲ့ လူသေဆုံးသည်ထိဖြစ်ခဲ့တဲ့အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးနောက် ကာလရှည်ကြာဖိနှိပ်ခံခဲ့ရတဲ့မွတ်စလင်လူနည်းစုအသိုင်းအဝန်းက လူအများအပြားကတော့ ဒီလိုဖိတ်ခေါ်လာမှုတွေကိုသတိထား သံသယရှိနေကြပါတယ်။


ဒေါ်အောင်ဆန်းစုကြည်အစိုးရကိုဖြုတ်ချပြီး ဖေဖေါ်ဝါရီစစ်အာဏာသိမ်းပြီးကတည်းက ဒီမိုကရေစီအရေးလူထုဆန္ဒပြမှုတွေနဲ့ စစ်တပ်ရဲ့ရက်စက်တဲ့ဖိနှိပ်ဖြိုခွဲမှုတွေကြောင့် မြန်မာနိုင်ငံဟာ ကစဥ့်ကလျားအခြေအနေထဲ ကျရောက်နေခဲ့ပါတယ်။ စစ်အာဏာရှင်အုပ်စိုးမှုအဆုံးသတ်ရေး လက်တွဲပူးပေါင်းသွားဖို့ ပြီးခဲ့တဲ့လတုန်းက NUG အစိုးရက ရိုဟင်ဂျာတွေကိုဖိတ်ခေါ်ခဲ့ပြီး ၂၀၁၇ခုနှစ်မှာ စစ်တပ်ရဲ့အကြမ်းဖက်စစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့ရသူတွေကို ပြန်လည်လက်ခံသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒါ့အပြင် ဆယ်စုနှစ်နဲ့ချီဖိနှိပ်တဲ့ပေါ်လစီတွေကြောင့် ကာလရှည်ကြာနိုင်ငံမဲ့ဖြစ်နေရတဲ့ သူတို့အတွက်နိုင်ငံသားအာမခံချက်ပေးဖို့ကိုပါ ကတိပြုခဲ့ပါတယ်။


ဗုဒ္ဓဘာသာ အများစုနဲ့ ဗမာအများစုလူထုကြား သတိထားစရာအသုံးအနှုံးဖြစ်တဲ့ ရိုဟင်ဂျာလို့သုံးနှုံးမှုဟာအသစ်ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရကတော့ သူတို့ကို ရခိုင်ပြည်မှာနေထိုင်တဲ့မွတ်စလင်များလို့ သုံးနှုံးပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်မြန်မာနိုင်ငံမှာရှိနေဆဲ ရိုဟင်ဂျာတွေထဲမှာတော့ သံသယတွေစွဲနေဆဲဖြစ်ပါတယ်။ သူတို့တွေဟာ ဘင်္ဂလားဒေ့ရှ်ကနေဝင်ရောက်လာသူတွေအဖြစ်ကျယ်ကျယ်ပြန့်ပြန့် အမြင်ခံထားရပြီး နိုင်ငံသားအခွင့်အရေး ငြင်းပယ်ခံထားရသလို လူ့အခွင့်အရေးနဲ့ အခြေခံဝန်ဆောင်မှုတွေတောင်မရရှိပါဘူး။


“ကတိတစ်ခုပေးပြီး နိုင်ငံရပ်ခြားကအားပေးထောက်ခံမှုရယူတယ်ဆိုတာ ငါးစာနဲ့ငါးမျှားနေသလိုပါပဲ” လို့ ဒုက္ခသည်စခန်းတစ်ခုမှာ ဆယ်စုနှစ်တစ်ခုနီးပါးနေထိုင်နေရဆဲ ဝေမာကပြောပါတယ်။ ၂၀၁၂ခုနှစ်တုန်းက ရခိုင်ဗုဒ္ဓဘာသာလူမျိုးစုတွေနဲ့ ပဋိပက္ခတွေအတွင်း သူတို့ရဲ့နေအိမ်တွေမီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာတွေဟာ စစ်တွေမြို့ကနေ ခနော်နီခနော်နဲ့ ချိုင့်ခွက်လမ်းတွေကနေသွားရတဲ့ တဲအိမ်လေးတွေနဲ့ဆောက်လုပ်ထားတဲ့ သက်ကင်ပြင်ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြရပါတယ်။ “ကျွန်မတို့တွေ လူသားဒိုင်း သို့မဟုတ် ခုတုံးလုပ်ခံရတဲ့ပုံမျိုးနဲ့ တည်ရှိနေရမှာကိုစိုးရိမ်ပူပန်မိပါတယ်” လို့ဝေမာကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။
မလေးရှားရောက်နေတဲ့ခင်ပွန်းသည်ဆီကနေ ငွေလွှဲပေးပို့မှုတွေရနေသည့်တိုင် သူမရဲ့ကလေးငယ်တွေအတွက် အထောက်အပံ့ပြုပေးနိုင်ဖို့ ရုန်းကန်နေရတဲ့ ကလေးလေးယောက်မိခင် စန်းရီကလည်း ဒါကိုသဘောတူပါတယ်။ “သူတို့အပေါ်မှာ ကျွန်မတို့ယုံကြည်မှုအားလုံးထားလိုက်လို့မရဘူး အကြောင်းကကျွန်မတို့တွေကာလရှည်ကြာ ဖိနှိပ်မှုတွေခံစားခဲ့ရတာပါ” လို့သူမကပြောကြားခဲ့ပါတယ်။ ပြောင်းလဲ မှုတွေလုပ်ဆောင်ခဲ့ပေမယ့် လည်း အစိုးရအဖွဲ့ဝင် ၃၂ဦးပါဝင်တဲ့ လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှာ ရိုဟင်ဂျာကိုယ်စားလှယ်တစ်ဦးမှမပါဝင်ပါဘူး။


“ကျွန်တော်တို့နေ့ချင်းညချင်းအားလုံးမရနိုင်ဘူးဆိုတာ ကျွန်တော်တို့နားလည်ပါတယ်” လို့ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတစ်ဦးဖြစ်တဲ့ ကိုထွန်းလှက AFP ကိုပြောပါတယ်။ “ဒါပေမယ့်ကျွန်တော်တို့အခြေခံ လူ့အခွင့်အရေးတွေတောင် မရရှိရှိခဲ့ပါဘူး။ ဥပမာအနေနဲ့ လွတ်လပ်စွာသွားလာခွင့် နိုင်ငံသားတစ်ဦးဖြစ်လာခွင့် ကျွန်တော်တို့ရဲ့မူလအိမ်တွေဆီပြန်ခွင့် ဒါတွေတစ်ခုမှမရရှိခဲ့ပါဘူး” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။ ဆိုးရွားရက်စက်တဲ့ဖိနှိပ်မှုတွေကြောင့် အဓ္ဓမပြုကျင့်ခံရ မီးရှို့ခံရ သတ်ဖြတ်ခံရပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်ဆီ သူတို့လူမျိုးစုဝင် ၇သိန်းကျော် ထွက်ပြေးခဲ့ရတဲ့သတင်းတွေကို ဒုက္ခသည်စခန်းကနေတောင်ကြားခဲ့ရကြောင်း သူတို့ကပြောပါတယ်။


ရိုဟင်ဂျာတွေရဲ့အတိဒုက္ခအခြေအနေတွေနဲ့ပတ်သက်ပြီး မြန်မာလူထုကကိုယ်စားစာနာစိတ်ပြသခဲ့ခြင်းမရှိပဲ ဒီအရေးကိစ္စတွေကိုသတင်းဖော်ပြတဲ့ တက်ကြွလှုပ်ရှားသူတွေနဲ့ ဂျာနယ်လစ်တွေဟာ အွန်လိုင်းပေါ်မှာ ခါးခါးသီးသီးဝေဖန်စော်ကား မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ စစ်တပ်ဟာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ စွဲချက်တင်ခံရပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ဗိုလ်ချုပ်တွေကိုကာကွယ်ပေးဖို့ ဟေးဂ်ကိုသွားရောက်ခဲ့ ပါတယ်။ လပိုင်းအကြာမှာပဲ သူတို့ကသူမကိုဖြုတ်ချပြီး စစ်အာဏာသိမ်းခဲ့ပါတယ်။


ရန်ကုန်နဲ့ မန္တလေးလိုမြို့ကြီးတွေမှာ စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေကို စစ်တပ်ကညှာတာခြင်းမရှိပဲ ရက်ရက်စက်စက်ဖိနှိပ်မှုတွေကိုပြသခဲ့ပြီးနောက် သက်ကယ်ပြင်ဒုက္ခသည်စခန်းကလူအများအပြားက ကြောက်ရွံ့ထိတ်လန့်နေရပါတယ်။ “သူတို့လူမျိုးတွေကိုတောင် နှောင့်နှေးခြင်းမရှိပဲရက်ရက်စက်စက်သတ်ဖြတ် ပြနေတယ်ဆိုမှတော့ ကျွန်တော်တို့ကိုပိုပြီးတော့တောင်လုပ်လာမှာပဲ ကျွန်တော်တို့ကိုသူတို့က ဂရုစိုက်တာမဟုတ်ဘူး” လို့ ဒုက္ခသည်စခန်းက နောက်ထပ်ဒေသခံတစ်ဦးဖြစ်တဲ့ ထွန်းလှကပြောပါတယ်။ ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းပြီးနောက် ရက်ပိုင်းအကြာမှာစစ်သားတွေက သက်ကယ်ပြင်ကိုရောက်လာပြီး အစည်းအဝေးတစ်ခုလုပ်ခဲ့ကြောင်း ပထမတော့ လူတွေကိုစိတ်အေးအေးထားဖို့အာမခံပြောကြားနေခဲ့တာ လို့ ဝင်းမောင်ကပြောပါတယ်။ “ဒါပေမယ့်ကျွန်တော်တို့ရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီးမေးတဲ့အခါ ကျွန်တော်တို့ကိုခြိမ်းခြောက်တဲ့နည်းနဲ့ပြောပါတယ်။

ကျွန်တော်တို့ကို ရိုဟင်ဂျာမဟုတ်ပဲ ဘင်္ဂါလီလို့ပြောပါတယ် ကျွန်တော်တို့ကိုပစ်သတ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။


ဆယ်စုနှစ်တစ်ခုနီးပါး သောင်မတင်ရေမကျအခြေအနေနဲ့ သက်ကယ်ပြင်မှာနေခဲ့ရတဲ့သူအများအပြားအတွက် နိုင်ငံရေးအခွင့်အရေးဒုတိယအကြိမ်ရောက်ရှိလာခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့အခွင့်အရေးကိုပေးမယ်ဆိုရင် စစ်တပ်ဖြစ်ဖြစ် NLD ဖြစ်ဖြစ် NUG ဖြစ်ဖြစ် ကျွန်တော်တို့ပူးပေါင်းသွားပါမယ်” လို့ ကိုထွန်းလှကပြောပါတယ်။ “ကျွန်တော်တို့ရဲ့အခွင့်အရေးတွေကိုသာပေးမယ်ဆိုရင် ဘယ်သူနဲ့မဆိုပူးပေါင်းသွားပါမယ်” လို့သူ ကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။ “အရင်တုန်းကအတိုင်းပဲကျွန်မဘဝကိုရှင်သန်ချင်ပါတယ် ဒါကျွန်မရဲ့မျှော်လင့်ချက်ပါ” လို့စန်းရီကပြောပါတယ်။ “ဒါပေမယ့်ကျွန်မတို့ရဲ့မျှော်မှန်းချက်တွေ မျှော်လင့်ချက်တွေဘယ်တော့များမှဖြစ်လာပါ့မလဲ ကျွန်မတို့သေပြီးမှပဲလား” လို့ သူမသက်ပြင်းချညည်းညူလိုက်ပါတယ်။


Bangkok Post သတင်းဌာနပါ “Myanmar’s anti-junta resistance reaches out to wary Rohingya” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာ သို့ဆီလျော်အောင်ပြန်ဆိုသည်။

****************************************************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*