?>

စူရဟ် ဇိုဟာ အကြောင်း သိကောင်းစရာ

စူရဟ် ဇိုဟာ အကြောင်း သိကောင်းစရာ

ဟွဂ်ျဂျသွလ် အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ် မက်စ်အူးဒ်အခ်သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီးဒါရိုကုရ်အာန်၊ကွမ်းမြို့ )) တည်ထောင်သူ ရေးသားသီးကုံးထားသည့် (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ဆိုသည့် ကျမ်းမှ စူရဟ် ဇိုဟာ အကြောင်း ကို အဲဟ်လေ့ဘိုက်(သ) (علیهم السّلام ) သတင်းဌာန ဆိုင်ရာစာဖတ်ချစ်ပရိတ်သတ်များအတွက် ရိုသေစွာ တင်ပြအပ်ပါသည်။

စူရဟ် ဇိုဟာ  အကြောင်း သိကောင်းစရာ

အမည် - ဇိုဟာ

အဓိပ္ပာယ် -အလင်းရောင် ၊တောက်ပ မှု

ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁

ဇိုဟာ ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်

ဇိုဟာ ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၇ ကြိမ်

အစောင် - ၃၀

ရကူအပိုဒ်တော်ပေါင်း - ၁အာယသ်တော်ပေါင်း - ၁၁

စကားလုံးတော်ပေါင်း - ၄၀

အက္ခရာတော်ပေါင်း - ၁၆၅ ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၀ ကြိမ်

ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်

ကျရောက်သည့် အနေအထား - သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း)

ကျရောက်သည့်အမှတ်စဉ် - ၁၂

ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် ဇိုဟာ

ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် အဆွရ်

 

အမည့်ထွင်ရသည့်အကြောင်း - ဤ စူရဟ် ၏ ပထမ အစ အာယသ်သည် ဇိုဟာ ဆိုသည့် စကားလုံး ဖြင့် စထားသည့် အတွက် ကြောင့် ဖြစ်ပါသည်။ ။

 

ထူးခြားသည့်ကြင်အင်လက္ခဏာ - ဤစူရဟ် ကြောင့် ဝဟီ တဖန် ပြန်စခြင်း ဖြစ်ပါသည်။

 

 

အကျိုးအာနိသင် - တမန်တော်မြတ်ကြီး မိုဟမ္မဒ် (صلّی الله علیه وآله ) မိန့်တော်မူသည်။

 

“အကြင်မည်သူမဆို စူရဟ် ဇိုဟာ ၏ သေလာဝသ် ပြုမည် ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သခင်သည် ၎င်း အား ကျေနပ် နှစ်မြို့ တော် မူမည်။ ကျွန်ုပ် ၎င်း အတွက် အသနားခံပေမည် ။ ရှိသမျှ ဖတဆိုးကလေးများ မရှိဆင်းရဲသားများ ၏ အရေအတွက် ထက် ၁၀ ဆ စဝါးဗ် ပေးသနား ခြင်း ခံရမည်။  ”

 

(မဂ်ျမအိုလ်ဗရမ်းန် ကျမ်း ၊ အတွဲ ၁၀ ၊ စာမျက်နှာ ၃၇၉ )

ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M

 

*****************************************************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*