?>

တစ်နေ့ကို အလောင်း ၃၀နဲ့၄၀ကြား ကောက်နေရတဲ့ ကိုဗစ်နဲ့ ကွယ်လွန်သူ မြုပ်နှံ့ရေး စေတနာ့ ဝန်ထမ်းများ ဘဝ

တစ်နေ့ကို အလောင်း ၃၀နဲ့၄၀ကြား ကောက်နေရတဲ့ ကိုဗစ်နဲ့ ကွယ်လွန်သူ မြုပ်နှံ့ရေး စေတနာ့ ဝန်ထမ်းများ ဘဝ



စစ်ကောင်စီဦးစီးလည်ပတ်လုပ်ဆောင်နေတဲ့ ဆေးရုံတွေမှာ ဒီမိုကရေစီအရေးထောက်ခံတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ ကင်းမဲ့နေမှုနဲ့အတူ ကိုဗစ်-၁၉ ကူးစက်မှုတွေဟာ နိုင်ငံတစ်ဝန်းမြင့်တက်လာနေခဲ့ပြီး စေတနာ့ဝန်ထမ်းတွေဟာ ကိုဗစ်နဲ့ကွယ်လွန်သူတွေရဲ့ရုပ်အလောင်းတွေကို တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်လံ ကောက်ယူနေကြရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



စစ်ကောင်စီဦးစီးလည်ပတ်လုပ်ဆောင်နေတဲ့ ဆေးရုံတွေမှာ ဒီမိုကရေစီအရေးထောက်ခံတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ ကင်းမဲ့နေမှုနဲ့အတူ ကိုဗစ်-၁၉ ကူးစက်မှုတွေဟာ နိုင်ငံတစ်ဝန်းမြင့်တက်လာနေခဲ့ပြီး စေတနာ့ဝန်ထမ်းတွေဟာ ကိုဗစ်နဲ့ကွယ်လွန်သူတွေရဲ့ရုပ်အလောင်းတွေကို တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်လံ ကောက်ယူနေကြရပါတယ်။


ရန်ကုန်မြို့မှာ ကိုဗစ်နဲ့ကွယ်လွန်သူတွေရဲ့ကျန်ရစ်သူမိသားစုတွေဆီက လှမ်းအကူအညီတောင်းခံမှုတွေနဲ့အတူ မနက်စောစောတိုင်း မသန်းသန်းစိုးရဲ့ဖုန်းကစမြည်လာပါပြီ။ လှမ်းဆက်သွယ်အကူအညီတောင်းသူရဲ့ အမည် လိပ်စာ နဲ့ ဆက်သွယ်ရမဲ့ဖုန်းနံပါတ်တွေကို လယ်ဂျာစာအုပ်ထဲထည့်မှတ်ပြီး သူတို့အိမ်ဆီ အကူအညီပေးရေးအဖွဲ့တစ်ဖွဲ့ စေလွှတ်ပေးပါတယ်။ “ကျွန်မတို့ မနားမနေကူညီပေးနေကြတာပါ” လို့ သူမက သူ့ရဲ့ပရဟိတရုံးမှာ AFP သတင်းဌာနကိုပြောကြားခဲ့ပါတယ်။ “နေ့တိုင်းကျွန်မတို့လူမှုကူညီမှုအသင်းဟာ ကွယ်လွန်သူရုပ်အလောင်း ၃၀ ကနေ ၄၀ကြား ကောက်ယူနေရပါတယ်။ တစ်ခြားလူမှုအသင်းအဖွဲ့တွေလည်း ကျွန်မတို့လိုပဲထင်ပါတယ် လို့သူမကပြောကြားခဲ့ပါတယ်။ တစ်ခါတစ်လေတစ်အိမ်ထဲမှာတင် ရုပ်အလောင်းနှစ်လောင်း ကောက်ခဲ့ရပါတယ်” လို့သူမကဆက်လက်ပြောကြားခဲ့ပါတယ်။


ဖေဖေါ်ဝါရီကတည်းက စစ်အာဏာသိမ်းပြီး အတင်းအဓ္ဓမအာဏာရယူခဲ့တဲ့ စစ်ကောင်စီကို ကာလရှည်ကြာ ဆန့်ကျင်သပိတ်မှောက်မှုတွေကြောင့် နိုင်ငံတစ်ဝန်းဆေးရုံတွေမှာ ဆရာဝန်တွေကော လူနာတွေပါ ကင်းမဲ့နေပါ တယ်။ စစ်အာဏာသိမ်းမှုကိုကျယ်ကျယ်ပြန့်ပြန့်ဒေါသထွက်မှုတွေနဲ့ စစ်တပ်ဦးစီးနေတဲ့ဆေးရုံတွေကနေ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အခြေအနေတွေကြောင့် စေတနာ့ဝန်ထမ်းတွေဟာ တန်ဖိုးရှိ တဲ့အောက်စီဂျင် ရှာဖွေရေး နဲ့ ကွယ်လွန်သူတွေကို မြုပ်နှံ့ရေးအတွက် သုဿာန်တွေဆီ သယ်ယူပို့ဆောင်ပေးနေရပါတယ်။


ပြီးခဲ့တဲ့နှစ်ကိုဗစ်ပထမလှိုင်းတုန်းက စေတနာ့ဝန်ထမ်းဒရိုင်ဘာတစ်ဦးအဖြစ် စတင်အလုပ်လုပ်နေတဲ့ ကိုဆန်းဦးက တစ်နေ့ကို ၁၃နာရီထက်မနည်းအလုပ်လုပ်နေရကြောင်းပြောပါတယ်။ “ကျွန်တော်တို့တွေအရင်က လူနာတွေကိုဆေးရုံတွေဆီပို့ပေးရတာပါ လူနာတွေကိုဘယ်ဆေးရုံသွားချင်လဲလို့ ကျွန်တော်တို့မေးခဲ့တာပါ” လို့သူက AFP ကိုပြောပါတယ်။ “အခုတော့လုံးဝကိုခြားနားသွားပါပြီ ဖုန်းခေါ်တာရတာနဲ့ ဘယ်သုဿာန်ပို့ပေးရမလဲလို့ မေးနေရတဲ့ အခြေအနေဖြစ်နေပြီ” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။


မေလအစောပိုင်းကနေ တစ်နေ့ကို အယောက်၅၀ကနေ စနေနေ့ထိ ကိုဗစ်ကူးစက်ခံရသူ ၅၅၀၀ နီးပါးရှိလာပြီလို့ အာဏာပိုင်တွေကထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်ကူးစက်မှုအရေအတွက်ဟာ ဒီထက်ပိုများနိုင်ကြောင်း သုံးသပ်လေ့လာသူတွေကပြောပါတယ်။ ကိုဗစ်နဲ့ကွယ်လွန်သူတစ်ဦးရဲ့နေအိမ်မှာ ကွယ်လွန်သူရဲ့ရုပ်အလောင်းကို ဆန်းဦးနဲ့ အဖွဲ့ဟာ လူနာထမ်းစင်ပေါ်တင်ပြီးစောင်နဲ့အုပ် ကျဉ်းမြောင်းတဲ့သစ်သားလှေကားကနေ လမ်းလေးထဲဆွဲခေါ်ထုတ်သွားပါတယ်။ လူနာထမ်းစင်ကို ဗင်ကားထဲသယ်ပို့နေချိန်မှာ နောက်တစ်ဦးက ဗုဒ္ဓဘာသာဈာပနာတွေမှာအသုံးပြုတဲ့ မောင်းကိုတီးပါတယ်။


သူတို့တွေကြည်စုသုသာန်ဆီရောက်တဲ့အခါ တစ်ခြားလူနာတင်ကား၈စီးထက်မနည်းဟာလည်း ကိုဗစ်နဲ့ကွယ်လွန်သူတွေကို သဂြိုလ်ဖို့ လာရောက်ပို့ဆောင်ပြီးရောက်ရှိနေပြီးဖြစ်ပါတယ်။ မော်တော်ယာဉ်တစ်ခုမှာဆိုရင် “နာရေးယာဉ်” လို့ စာတမ်းတွေရေးသားထားပါတယ်။


စစ်အာဏာသိမ်းမတိုင်ခင် ကိုဗစ်-၁၉ တုံ့ပြန်ရေးမြန်မာရဲ့ရှေ့တန်းဆေးဘက်ဆိုင်ရာလုပ်သားတွေဟာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြမှုတွေပြီးနောက် စစ်ကောင်စီရဲ့ပစ်မှတ်ထားခြင်းခံခဲ့ရပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးနှံ့ရေးပရိုဂရမ် အကြီးအကဲအပါအဝင် ထိပ်တန်းကျန်းမာရေးတာဝန်ရှိသူတွေဟာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ရာနဲ့ချီတဲ့တစ်ခြားသူတွေဟာ ဖမ်းဆီးခံရမှာကိုရှောင်ရှားဖို့ ထွက်ပြေးတမ်းရှောင်နေကြရပါတယ်။ ပြီးခဲ့တဲ့အပတ်မှာတော့ စစ်အာဏာသိမ်းကောင်စီကိုယ်တိုင် ကိုဗစ်-၁၉တားဆီးကာကွယ်ရေးအတွက် စေတနာ့ဝန်ထမ်းဆရာဝန်တွေ သူနာပြုတွေပြန်လာဖို့ တောင်းဆိုနေရပြီး အခြေအနေကိုထိန်းချုပ်ဖို့ အခက်အခဲတွေနဲ့ရင်ဆိုင်နေရကြောင်း ဝန်ခံပြောကြားလာခဲ့ပါပြီ။ အိမ်နီးချင်းထိုင်းနဲ့ တရုတ်ကနေ အောက်စီဂျင်အထောက်အကူပြုပစ္စည်းကိရိယာတွေရရှိဖို့ အာဏာပိုင်တွေကကြိုးပမ်းနေကြောင်း နိုင်ငံပိုင်သတင်းဌာနက စနေနေ့ကထုတ်ပြန်ခဲ့ပါတယ်။


မြန်မာနိုင်ငံဟာ ကိုဗစ်-၁၉ အကြီးအကျယ်ပြန့်နှံ့တဲ့နိုင်ငံဖြစ်လာဖို့ အန္တရယ်တွေရှိနေပြီလို့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်က ပြီးခဲ့တဲ့အပတ်တုန်းက သတိပေးခဲ့ပါတယ်။ သန်းသန်းစိုးက သူမရဲ့လူမှုအသင်းအဖွဲ့ဝင်နှစ်ဦးလည်း မကြာသေးမီက ကိုဗစ်ကူးစက်ခံခဲ့ရပြီး တစ်ဦးသေဆုံးခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ “သတင်းဆိုးတွေပဲကျွန်မကြားနေရတယ်” လို့ သူမကပြောပါတယ်။ ကိုဗစ်နဲ့သေဆုံးသူမိခင်ကို သဂြိုလ်ဖို့ကြည်စုသုဿာန်ကိုရောက်နေတဲ့ ညီဆီ သူမရုံးခန်းမှာအကူအညီတောင်းဖို့ရောက်နေတဲ့ အစ်ကိုက ဖုန်းလှမ်းဆက်ပြီးသေဆုံးသွားတဲ့သူတို့ဖခင်ကို သယ်လာတဲ့လူနာတင်ကားကိုစောင့်ဖို့ လှမ်းပြောနေ တာကြေကွဲစရာကောင်းပါတယ်။


“သူတို့ကိုနောက်ဆုံးတစ်ကြိမ်လောက်နှုတ်ဆက်တဲ့အနေနဲ့တွေ့ချင်မိတယ်” လို့ သူကငိုကြွေးရင်းဖုန်းထဲကနေ ပြောပါတယ်။ သန်းသန်းစိုးအတွက်တော့ ဒီလိုမြင်ကွင်းမျိုးဟာမထူးခြားတော့ပါဘူး။ “တစ်ခါတစ်လေ ဖုန်းမကိုင်ချင်တော့ဘူး ဖုန်းခေါ်တာတွေကိုပြန်မဖြေချင်တော့ဘူး ကျွန်မရဲ့အလုပ်ကိုမလုပ်ချင်လို့မဟုတ်ပါဘူး ကျွန်မအများကြီးနာကျင်ခံစားရလို့ပါ” လို့သူမကပြောကြားခဲ့ပါတယ်။
Channel News Asia သတင်းဌာနပါ “Dead body carrier: COVID-19 surge overwhelms Myanmar burial volunteers” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။



****************************************************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*