?>

တပ်ပျက်နေတဲ့ သာဝ

တပ်ပျက်နေတဲ့ သာဝ

တစ်ချို့က ပြောတယ်၊ ဒီပွဲမှာ သာဝက အသာစီးရနေတယ်တဲ့၊ မနိုင်နိုင်ဘူးတဲ့။
မှန်သလိုလို ရှိပေမယ့် အကုန်လည်း မမှန်ဘူး။
အရှိအတိုင်း သုံးသပ်ရရင် သာဝက ဒိုင်၊ ကိုယ်တွေက ထိုးသား။ သူပေးထားတဲ့ ဘောင်ထဲမှာ ကိုယ်က ဆော့နေရတာ။ သူက သာတယ်။ ဒါက လက်ရှိ အမှန်တရား
ဒါပေမယ့် ထိုးသားလည်း ပေါက်နိုင်ခြေရှိတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တပ်ပျက်နေတဲ့ သာဝ
-------------------
တစ်ချို့က ပြောတယ်၊ ဒီပွဲမှာ သာဝက အသာစီးရနေတယ်တဲ့၊ မနိုင်နိုင်ဘူးတဲ့။
မှန်သလိုလို ရှိပေမယ့် အကုန်လည်း မမှန်ဘူး။
အရှိအတိုင်း သုံးသပ်ရရင် သာဝက ဒိုင်၊ ကိုယ်တွေက ထိုးသား။ သူပေးထားတဲ့ ဘောင်ထဲမှာ ကိုယ်က ဆော့နေရတာ။ သူက သာတယ်။ ဒါက လက်ရှိ အမှန်တရား
ဒါပေမယ့် ထိုးသားလည်း ပေါက်နိုင်ခြေရှိတယ်။
အခု ဒိုင်ကလည်း အတော် အကျပ်ရိုက်နေချိန် ဖြစ်တယ်။
- သပိတ် ဖြိုချင် အလွယ်လေး။ မဖြိုဘူး။
- နေ့ ဖြစ်စေ၊ ည ဖြစ်စေ၊ ဖမ်းချင်အလွယ်လေး၊ မဖမ်းဘူး။
- ဖမ်းပြီးရင်လည်း မလွှတ်ဘဲထားလို့ရတယ်။ ဒါပေမယ့် ပြန်လွှတ်တယ်။
ဘာလို့လဲဆိုတော့ ၂ ချက်ကြောင့်။
၁။ သာဝသည် တရားဝင်မှု legitimacy ကို ရသလောက် ယူဖို့ လိုအပ်နေတယ်။ တစ်ရစ်ချင်း တင်းနေတာကိုကြည့်။ မရတဲ့အဆုံးမှ ဒီထက် ကြမ်းမှာ။ အဲဒီလို ကြမ်းတဲ့ အဆင့်ကို ရောက်ရင်လည်း သာဝအတွက် risk က တစ်အားကြီးသွားပြီ။
ဘာလို့ legitimacy ကို လိုအပ်နေတာလဲဆိုတော့ အလွယ်ဆုံးပြောရရင် စစ်ခုံရုံး ရောက်ပြီးသား မို့လို့။ ရိုကိစ္စမှာ သာဝက လူရမ်းကားဆိုတာ တစ်ကမ္ဘာလုံးက လက်ခံပြီးသား (စောမောင်၊ သန်းရွှေ၊ သိန်းစိန်မှာ ဒါမျိုး ဖိအား မရှိခဲ့ဘူး)။ သာဝက ကြိုးတန်းပေါ် လမ်းလျှောက်နေရတာ။
၂။ တစ်ပြည်လုံး ထိန်းမနိုင် သိမ်းမရ ဖြစ်ပြီး နိုင်ငံတကာမှာ ဖိအားတက်မှာစိုးတယ်။ အဲလို ဖြစ်ခဲ့ရင် ဘာဆက်ဖြစ်မလဲ ဆိုတာ သူလည်း ကြောက်ပုံပေါ်တယ်။
ကျွန်တော်ပြောတဲ့ ဒီအချက် ၂ ချက်ကို လက်မခံရင် ဒေါ်စုကို အချိန်မရွေး သတ်လို့ ရရဲ့သားနဲ့ ဘာကြောင့် မသတ်လဲ စဉ်းစားကြည့်။
ထိုးသားဘက်က ပေါက်နိုင်ခြေရှိတယ်။ ဘာလို့လဲ
A. လူထုက လုံးဝ လက်မခံဘူး။
B. လူထု ညီတယ်။ ကိုယ်တွေတောင် လူထုက ဒီလောက် ဖြစ်လာမယ် မထင်ထားဘူး။ နေ့တိုင်း ဆိုရှယ်မီဒီယာမှာ ကြည့်ကြည့်၊ လမ်းပေါ်ထွက်ကြည့်ကြည့် ကိုယ့်မှာ အံ့ဩပြီး အားရ မိတယ်။
C. အစိုးရဝန်ထမ်း တော်တော်များများ ပါတယ်။ ရဲတစ်ချို့တောင် ပါတယ်။ (ရွှေဝါရောင်တုန်းက ဒီလောက် မပါဘူး) နယ်တစ်ချို့မှာ ရဲတွေက လူထုကို တတ်နိုင်သလောက် မထိချင်ဘူး။ စစ်တပ်က ရဲကို ဖိအားပေးနေရတယ်။ ထွေအုပ်တစ်ချို့လည်း ဒီအတိုင်းပဲ။ ဖိအားပေးခံရတယ်။
D.  နိုင်ငံတကာက ဝန်းရံတယ်။ (တရုတ်နဲ့ ရုရှားကတော့ ထုံးစံအတိုင်းပေါ့) အထူးသဖြင့် အကောင်ကြီးတွေ ဖြစ်တဲ့ UK, US နဲ့ EU အပါအဝင် ဆရာကြီးတွေ။ UK က ကုလ လုံခြုံအစည်းအဝေးမှာ ဥက္ကဌ။ US က မြန်မာ့အရေးကို သူ့ရဲ့ national security လို့ မပြောစဖူး ပြောတယ်။ ဒါဟာ US ဘက်က ပြောရင် တရုတ်ကို သွယ်ဝိုက်ပေးတဲ့ ရာဇသံလည်း ဖြစ်တယ်။ national security လို့ ပြောတာဟာ စီးပွားရေး ပိတ်ဆို့မှုသာမက လိုအပ်ရင် စစ်ရေးအရ လှုပ်ရှားနိုင်အောင် လမ်းကြောင်း ကြိုဖွင့်ထားတာလည်း ဖြစ်တယ်။ ငါတို့လည်း တစ်ဆုံးသွားချင်ရင် သွားမှာနော် လို့ သာဝကို မက်ဆေ့ခ်ျပေးတာလည်း ဖြစ်တယ်။ national security လို့ ပြောတဲ့အတွက် သမ္မတ ဘိုင်ဒင်ဟာ တစ်ချို့ကိစ္စတွေကို လွှတ်တော်ကို ဖြတ်စရာ မလိုတော့ဘူး။ သူ့ Executive ပါဝါကို လျှင်မြန်စွာ သုံးလို့ရတယ်။ national security ကို ခေါင်းစဉ်တပ်ပြီး US မှာဖြစ်မယ့် စစ်မြေပြင်ကို အာဖဂန်ကို ရွှေ့ခဲ့တာလည်း အားလုံးအသိ။ ဒါက US ကိုပဲ ဥပမာပေးတာ။ UK နဲ့ EU ဘက်မှာလည်း ကိုယ်တွေကို သာစေမယ့် ဇာတ်လမ်းတွေ အများကြီး ရှိသေးတယ်။
E. နည်းပညာ စွမ်းပကား
F. လူဦးရေ ပုံသဏ္ဍာန် ပြောင်းလဲမှု (ဥပမာ - ၈၈ က ရန်ကုန် လူဦးရေဟာ ၂ သန်းကျော်ပဲ ရှိတယ်။ အခု ၇ သန်းရှိတယ်။ စစ်တပ်က တစ်ပြည်လုံးပေါင်းရင်တောင် သိန်းဂဏန်း မပိုဘူး။ လူဦးရေ သိပ်သည်းဆလည်း များတော့ ထိန်းဖို့ ခက်တယ်။ မန္တလေးနဲ့ မြို့ကြီးတော်တော်များများ ဒီအတိုင်းပဲ)
G. တိုင်းရင်းသားလက်နက်ကိုင်တစ်ချို့ကလည်း (အားလုံးမဟုတ်) အခြေအနေ ကြည့်နေပုံရတယ်။ လိုအပ်ရင် ဆွဲမှာပဲ။ US ကလည်း စစ်ရေးအရ ဝင်ပြီဆိုရင် သူကိုယ်တိုင် တိုက်မယ့်လမ်းကြောင်းထက် proxy မွေးမယ့် လမ်းကြောင်းကို အရင် စဉ်းစားမှာပဲ။
H. စီးပွားရေး အကျပ်အတည်းလည်း ရှိတယ်။ သဌေးတွေ စီးပွားရေး တွေက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီနဲ့ ပေါင်းဖို့ လက်တွန့်နေကြတယ်။ မတွန့်လို့ မရဘူးလေ။ လူထုနဲ့ နိုင်ငံတကာ ဖိအားက နည်းတာမှ မဟုတ်တာ။ သဌေးတွေက NLD လက်ထက်မှာ အထိုက်အလျောက် stable ဖြစ်တော့ နိုင်ငံခြားဘဏ်တွေမှာလည်း ပိုက်ဆံက ထားထားမိတယ်။ ဟိုက ဘဏ်အကောင့်ကို ချက်ချင်းကောက် freeze လုပ်မှာနဲ့၊ နိုင်ငံတကာက black list လုပ်မှာနဲ့၊ co-investor တွေက လက်တွဲဖြုတ် ထွက်သွားမှာနဲ့၊ ပြည်တွင်းက စားသုံးသူတွေက boycott လုပ်မှာနဲ့ဆိုရင် အီဆိမ့်သွားမှာပေါ့။ သားသမီးနဲ့ ဆွေမျိုးတွေကလည်း နိုင်ငံခြားမှာ ရောက်သူက ရောက်ပြီးသား ဆိုတော့ လန့်တာပေါ့။
I. သဌေးတွေ အပြင် နိုင်ငံရေးသမားနဲ့ မြို့မိမြို့ဖ တစ်ချို့ကလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီနဲ့ ပေါင်းဖို့ လက်တွန့်နေကြတယ်။ တိုင်းနဲ့ ပြည်နယ်တွေမှာ ရာထူးငြင်းဆိုတဲ့သူတွေ ပေါ်လာတယ်။
J. ၈၈ ကထက် စာရင် အခုအချိန်မှာ အရပ်ဖက်အဖွဲ့အစည်းနဲ့ လူမှုစိတ်ဓာတ်ဟာ လူထုကြားထဲမှာ သိသိသာသာ အားကောင်းတိုးတက်လာတာကို တွေ့ရတယ်။ လူမှုရေး အခြေခံ ချိတ်ဆက်ပြီးသား ကွန်ရက်တွေလည်း ရှိနေတယ်။ (formal ကွန်ရက်တွေလည်း ရှိသလို informally ဆက်သွယ် ဆောင်ရွက်နေတဲ့ ကွန်ရက်တွေလည်း အများကြီးပဲ)
K. ၈၈ ကို မမြင်ဘူးတဲ့ မျိုးဆက်ဟာ ၂၀၂၁ ကို မြင်ဖူးသွားပြီ။ ဒါဟာ ကျွန်တော်တို့အတွက် အဆိုးထဲက အကြီးမားဆုံးသော အကောင်းပဲ။ ဒီမျိုးဆက်က ၂၀၂၁ မတိုင်ခင်က သူ့ဘာသာ အေးဆေးနေတာ။ ဂိမ်းဆော့တဲ့သူကဆော့၊ ကိုးရီးယားကား ကြည့်တဲ့သူကကြည့်၊ ဘားတွေ လိုက်ထိုင်တဲ့သူက ထိုင်၊ ဂျင် ဆော့တဲ့သူက ဆော့၊ သွသူ enjoy နေတာ။ သာဝကို မုန်းလှတယ်မဟုတ်ဘူး။ နိုင်ငံရေးလည်း မပြောဘူး။ တော်လှန်ရေးစာအုပ်လည်း မဖတ်ဘူး။ NLD ကိုတောင် အားမရလို့ ထိုင်ဆဲနေတာ။ သာဝ သာ မမိုက်ခဲ့ရင် ကိုယ်တွေ မျိုးဆက်ပြီးရင် သာဝကို မုန်းတဲ့သူက မရှိတော့သလောက်ပဲ။ အခုတော့ သာဝ မိုက်မဲမှုကြောင့် သူ့အတွက် ရန်သူက မျိုးဆက်သစ်တစ်ခု အသစ်ထပ်ရလိုက်တယ်။ ဒီမျိုးဆက်သစ်က သာဝကို ကျွန်တော်တို့ရော၊ သာဝပါ မရင်းနှီးတဲ့ စဉ်းစားပုံတွေ၊ အတွေးအခေါ် ဘောင်အသစ်တွေ၊ နည်းပညာတွေနဲ့ ဆက်လုပ်တော့မှာ။ မပြောကောင်းမဆိုကောင်း ဒီအရေးတော်ပုံကို ကျွန်တော်တို့ အခုချက်ချင်းမနိုင်လည်း သူတို့က ကျွန်တော်တို့ လူအိုလူရွယ်တန်းတွေက ၈၈ အပြီးမှာ အခုထိ ဆက်လုပ်ခဲ့သလို ၂၀၂၁ အပြီးမှာ သူတို့ ဆက်လုပ်တော့မှာ။ (ညဘက် အိပ်မပျော်ဘူးဆိုရင် ဒီတစ်ချက်ကို တွေးလိုက်တာနဲ့တင် စိတ်သက်သာရာ ရတယ်။)
L. သာဝက (ရိုကိစ္စကတည်းက) အစွမ်းကုန် မိုက်ထားတော့ ချောက်ထဲကျလုနီးနီးဖြစ်နေပြီ။ အခုကိစ္စမှာလည်း သာဝရဲ့ အခြေအနေက မူဘောင်မဝင်တော့ဘူး။ ၂၀၀၈ ခြေဥကို လိုက်နာနေသယောင်ပြောနေပေမယ့် ခြေဥကို ကျော်ထားရတယ်။ အင်တာနက်ကို မိနစ်ပိုင်းအတွင်း ပိတ်လို့ ရပေမယ့် မပိတ်ရဲတဲ့ အနေအထားမို့ ဖွင့်ထားတာပေါ့။ (စိတ်ကောင်းရှိလို့မှ မဟုတ်တာ)။ ကြိုက်တဲ့အချိန် ဆရာဝန်တွေနဲ့ CDM ဝန်ထမ်းကို ဝင်ဖမ်းလို့ ရပေမယ့် နဂိုကတည်းက မဆိုစလောက်ကလေး ကျန်တော့တဲ့ legitimacy ကို ငဲ့နေရတာကြောင့် large scale မဖမ်းဘဲ ထားတာပေါ့။ ခြောက်ပြတဲ့ သဘောလောက်ပဲ ဟိုနည်းနည်း ဒီနည်းနည်း အဖမ်းပြနေတာပေါ့။ တအားကြမ်းရင် သူ့ကိုကို တရုတ်နဲ့ ရုရှားကပါ ခပ်ရှောင်ရှောင်နေရတော့မယ် ဆိုတာ သူပေါက်တယ်လေ။ (သာဝက လည်ပြီးသား)
ရှေ့ဆက်တိုးတိုင်း ရှိစုမဲ့စု သူ့ရဲ့ political space ထပ်ကျဉ်းမယ်။
- အင်တာနက် ပိတ်ရင် right to information နဲ့ ငြိမယ်
- သပိတ်ကို ဖြိုခွင်းရင် right to assembly နဲ့ ငြိမယ်
- စွတ်ဖမ်းရင် unlawful arrest  နဲ့ ငြိမယ်
- စွတ်ကြမ်းရင် undue force နဲ့ ငြိမယ်။
ဒါကြောင့် နဂိုကတည်းက crime against humanity ဘွဲ့တံဆိပ်တော်ရ သာဝလည်း စောင့်ကြည့်နေရတာ။ တစ်နည်း ပြောရရင် သာဝက သူရှေ့ဆက်တိုးရင် ရမယ့် benefit နဲ့ risk ကို သတိကြီးစွာ ချိန်နေရတဲ့ အနေအထားမျိုး ရောက်နေပြီ။ ငါတို့က အေးဆေး၊ မင်းတို့ကို ကြိုက်တဲ့အချိန် အမှုန့်ချေလိုက်လို့ရတယ် ဆိုတာ ကိုယ်တွေဘက်ကို ခြိမ်းခြောက်ဖို့ထက် သူ့တပ်ထဲက လူတွေကို အချင်းချင်း အားပေးဖို့ ပြောနေရတာ ဆိုတာ သဘောပေါက်။ (လုပ်ချင်ရင် လုပ်ပြီးနေလောက်ပြီပေါ့။ ကိုယ်တွေကို ဘယ်တုန်းကမှ ငဲ့ကွက်ခဲ့တာမှ မဟုတ်တာ။ သူတို့ နာမှာစိုးလို့။ သိပ်ကြမ်းရင် တပ်ထဲက တစ်ချို့လည်း စိတ်ပျက်ပြီး စိတ်ဝမ်းကွဲနိုင်တာလည်း သူထည့်တွက်တာပေါ့။ စစ်ဆေးတို့၊ စစ်အင်ဂျင်နီယာတို့ ထဲမှာကိုက အာဏာသိမ်းတာကို သဘောမကျတဲ့အကြောင်း ပေါ်တင်ပြောတဲ့သူ အများကြီး)
ရှေ့ဆက်မတိုးဘူး ပြောတာ မဟုတ်ဘူးနော်။ ဘယ်လိုမှ မတတ်သာတဲ့အဆုံးကျရင်တော့ သာဝ ဆက်တိုးပါလိမ့်မယ်။ သူတို့ အချင်းချင်း ပြောသလို ညင်သာတယ်ဆိုတာ ညင်သာချင်လွန်းလို့ မဟုတ်ဘူး။ ကြမ်းဖို့ခက်နေလို့
အဲဒီတော့ သာဝ လောလောဆယ် အလိုချင်ဆုံးက ၂ ခုပဲ။ အဲဒါ အကြောက်တရားနဲ့ ဆူပူမှုပဲ။
1. အကြောက်တရားရအောင် နည်းမျိုးစုံ လုပ်ပြတယ်။ ဖမ်းပြတယ်။ unlawful arrest နဲ့ ဝန်ထပ်မပိချင်တော့ လွှတ်ပေးတယ်။ ထပ်ဖမ်းပြတယ်။ (ကိုယ်တွေကို ကြောက်လည်း ကြောက်စေချင်၊ ဖိအားလည်း ထပ်မလိုချင်တော့ သာဝဗျာများနေတာ) စိတ်ကြိုက် ဖမ်းလို့ရအောင် ဧည့်စာရင်း အပါအဝင် အခြား ဥပဒေတွေ ပြင်တယ်။ ကိုယ်တွေ ကြောက်ပြီးငြိမ်အောင် ဖြည်းဖြည်းချင်းဆော့နေတာ။
2. ဆူပူအကြမ်းဖက်အောင် ဆွတယ်။ ၈၈ က ဆူပူပြီးမှ အာဏာသိမ်းတာ။ အခုက အာဏာသိမ်းပြီးမှ ဆူပူဖို့ သူ့ဘက်က ကြိုးစားနေရတာ။ ဒါကြောင့် နေ့ခင်း ဆန္ဒပြပွဲမှာလည်း ဆွတယ်။ ညဘက် အိပ်ချိန်မှာလည်းဆွတယ်။ ကိုယ်တွေကို အကြမ်းဖက်သမား၊ လူသတ်သမား သိပ်ဖြစ်စေချင်နေတာ (လုံးဝ အဖြစ်မခံနဲ့နော်)
(စကားစပ်မိလို့ ဆက်ပြောရရင် small wins တွေကို အာရုံသိပ်မထားနဲ့။ ရဲကားကို ကြက်ဥနဲ့ သွားမပေါက်နဲ့။ ညဘက်လျှောက်ပြေးနေတဲ့ အူကြောင်ကြားတွေကိုလည်း သိပ်အာရုံ မထားနဲ့။ အလှည့်ကျ ကင်းချထားပြီး အေးဆေးအိပ်၊ အားဖြည့်။ ဒီကောင်တွေ မမိတော့လည်း ဘာမှ မဖြစ်ဘူး။ မိတော့လည်း သိပ်မထူးဘူး။ ဒီကောင်တွေ ဘယ်သူ့လက်ချက်ဆိုတာ နိုင်ငံတကာက သိပြီးသား။ အဆိုးဆုံး ဖြစ်နိုင်ခြေကို ပြောရရင် မီးကွင်းပစ်လို့ လောင်ရင်လည်း တစ်အိမ် နှစ်အိမ်ပဲ။ တစ်ရပ်ကွက်လုံး ကုန်ဖို့ အတော်ခဲယဉ်းမယ်။ အဆိပ်ခပ်ပြီး လူအများကြီးသေအောင် သတ်ဖို့ အတော်ခဲယဉ်းမယ်။ ဒါတွေက psy war တွေ။ ကင်းစောင့်တာ၊ အုပ်စုဖွဲ့ထားတာ အစရှိသဖြင့် ကိုယ့်ဘက်က လုပ်စရာ ရှိတာတွေ လုပ်ထားပြီးရင် ဆိုက်ဝါးတွေကို  အလွန်အမင်း လိုက်ပြီး ဖီးလ်တွေ တက်မနေနဲ့။ တက်နေရင် ကိုယ်ပဲ ခံရမှာ)
ချုပ်ပြောရရင်တော့ မှန်တယ်၊ သာဝက အပေါ်က၊ ကိုယ်တွေက အောက်က။ ဒါပေမယ့် ကိုယ်တွေ စိတ်ဓာတ်ကျစရာ မလိုဘူး။ ဘာလို့လဲ ဆိုတော့ ၂၀၂၁ မှာ လိမ္မာခဲ့မယ်ဆိုရင် အရှင်ထွက် ထွက်လို့ရနေတဲ့ သာဝက သူ့သေတွင်းကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သူ့ဘာသာ တူးထည့်လိုက်ပြီ။
ကိုယ်တွေ ခြေလှမ်းမမှားရင်၊ တောင့်ခံနိုင်ရင် သာဝ တပ်ပျက်ပြီ။
ခြေလှမ်းမမှားရင် ဆိုတာက အကြမ်းမဖက်ဖို့၊ ဥပဒေမဲ့ မဆူပူဖို့ (အကြမ်းဖက်တာနဲ့ သာဝက ကိုယ့်ကို ဖြိုခွင်းဖို့ အကြောင်းပြချက်ရပြီ။ သူတို့က ဒါကို အသည်းအသန်လိုချင်နေတာ)
တောင့်ခံနိုင်ရင် ဆိုတာက CDM ကို ဆက်လုပ်ဖို့။
အနှစ်ချုပ်က ဒါပဲ။
ကိုယ်တွေဘက်က ဘာမှ ထွေထွေထူးထူး ထပ်လုပ်ဖို့ မလိုဘူး။ ဒီအတိုင်း ငြိမ်းငြိမ်းချမ်းချမ်း ဆက်လုပ်နေရုံပဲ။ ဘာလို့လဲဆိုတော ကိုယ်တွေက အကြမ်းမဖက် မဆူပူသရွေ့ သာဝက ရှေ့ဆက်တိုးတိုင်း သူ့မှာ ကျပ်သထက် ကျပ်မှာ မို့ပဲ။ သာဝ အနေအထားက မူဘောင်တွေကို ထပ် မကျော်ဘဲ ရှေ့ဆက် မတိုးနိုင်တဲ့ အနေအထား။ တစ်လှမ်းထပ်တိုးတိုင်း မူဘောင် စည်းမျဉ်းတစ်ခုကို ချိုးဖောက်ကျူးလွန်နေရတယ်။
ထပ်ပြောမယ်နော်
- အကြမ်းမဖက်နဲ့ (အချင်းချင်း ထိန်း)
- CDM အောင်မြင်အောင်လုပ်
ဒီပွဲမှာ ကိုယ်တွေ တောင့်ခံနိုင်ရင်၊ သွေးအေးရင် နိုင်မှာပဲ။ ဘာလို့လဲ ဆိုတော့ ကိုယ်တွေက အောက်က နေပေမယ့် အခုထက်ထိ မူဘောင်ထဲက အေးဆေး။ သာဝက သာ ရွာပြင်မှာ သူ့လောဘနဲ့သူ တစ်ယောက်တည်း တပ်ပျက်နေတာ။
(နှစ်သက်မိတဲ့ သုံးသပ်ချက်မို့လို့ ကူးယူဖော်ပြပါတယ်)

********************************************

END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

پیام رهبر انقلاب به مسلمانان جهان به مناسبت حج 1441 / 2020
We are All Zakzaky
No to deal of the century