?>

တပ်မတော် စစ် အာဏာသိမ်းမှု နဲ့ပတ်သက်ပြီး ကုလ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရဲ့ ထုတ်ပြန်ချက်

တပ်မတော် စစ် အာဏာသိမ်းမှု နဲ့ပတ်သက်ပြီး ကုလ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရဲ့ ထုတ်ပြန်ချက်

“ဒီကနေ့ အရပ်သားအစိုးရကိုဖယ်ရှားပြီး နိုင်ငံရေးခေါင်းဆောင်တွေ လူ့အခွင့်အရေးကာကွယ်သူတွေ ဂျာနယ်လစ်တွေ တက်ကြွလှုပ်ရှားသူတွေနဲ့ တစ်ခြားသူတွေကို ဥပဒေမဲ့ ထိန်းသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံကအခြေအနေတွေနဲ့ပတ်သက်ပြီး အရမ်းကိုစိုးရိမ်ပူပန်မိပါတယ်။ စစ်တပ်ခေါင်းဆောင်တွေ ရွေးကောက်ပွဲရလဒ်ကိုလေးစားမှုရှိဖို့ အထွေထွေအတွင်းရေးမှူးရဲ့ တိုက်တွန်းချက်ကို ကျွန်မထပ်မံထောက်ခံပြောကြားလိုပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

“ဒီကနေ့ အရပ်သားအစိုးရကိုဖယ်ရှားပြီး နိုင်ငံရေးခေါင်းဆောင်တွေ လူ့အခွင့်အရေးကာကွယ်သူတွေ ဂျာနယ်လစ်တွေ တက်ကြွလှုပ်ရှားသူတွေနဲ့ တစ်ခြားသူတွေကို ဥပဒေမဲ့     ထိန်းသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံကအခြေအနေတွေနဲ့ပတ်သက်ပြီး အရမ်းကိုစိုးရိမ်ပူပန်မိပါတယ်။ စစ်တပ်ခေါင်းဆောင်တွေ ရွေးကောက်ပွဲရလဒ်ကိုလေးစားမှုရှိဖို့ အထွေထွေအတွင်းရေးမှူးရဲ့ တိုက်တွန်းချက်ကို ကျွန်မထပ်မံထောက်ခံပြောကြားလိုပါတယ်။


ရွေးကောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်အမတ်တွေထိန်းသိမ်းခံထားရမှုအပါအဝင် လူပေါင်း ၄၅ဦးထက်မနည်း ထိန်းသိမ်းခံထားရတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီးကျွန်မစိုးရိမ်ပူပန်မိသလို သူတို့ကိုချက်ခြင်းပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။

ဒါ့အပြင် သတင်းထောက်တွေ တိုက်ခိုက်ခံရမှုတွေသတင်းတွေလည်းရှိနေသလို သတင်းအချက်အလက်တွေရရှိမှုတွေ လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်တွေကို တင်းကျပ်သွား မဲ့ အင်တာနက်နဲ့ လူမှုမီဒီယာတွေပေါ်မှာ တင်းကျပ်မှုတွေရှိနေပြီး မြန်မာပြည်သူတွေအတွက် ထိတ်လန့်တုန်လှုပ်စရာအခြေအနေဖြစ်နေပါတယ်။


မြို့တော်နေပြည်တော်က လမ်းတွေပေါ်မှာ လုံခြုံရေးချထားမှုတွေရှိနေသလို တစ်ခြားမြို့တွေရဲ့လမ်းတွေပေါ်မှာလည်း လုံခြုံရေးတွေချထားမှုရှိနေတာကိုမြင်တွေ့ရပါတယ်။ သဘော ထားကွဲလွဲမှုတွေအပေါ်မှာ အကြမ်းဖက်ဖိနှိပ်မှုတွေရှိလာမှာကို အရမ်းကိုကြောက်ရွံနေရတဲ့အခြေအနေတွေရှိနေပါတယ်။

မြန်မာဟာ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ မလိုအပ်ပဲအင်အားအလွန်အကျွံသုံးစွဲမှုတွေရှောင်ကြဉ်ဖို့အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေကို လေးစားလိုက်နာဖို့ လက်မှတ်ရေး ထိုးထား တဲ့နိုင်ငံဆိုတာ စစ်တပ်ခေါင်းဆောင်တွေကို သတိပေးလိုပါတယ်။


ဒီလိုအချိန် အခါမှာ မြန်မာပြည်သူတွေနဲ့ထပ်တူစည်းလုံးညီညွတ်စွာရပ်တည်ဖို့ နိုင်ငံတကာအသိုင်းအဝန်းကိုတိုက်တွန်းပြောကြားလိုသလို စစ်ဘက်အုပ်ချုပ်ရေးကနေ အကူး အပြောင်း ကာလအတွင်း မြန်မာကြိုးပမ်းအားထုတ်ခဲ့တဲ့ လူ့အခွင့်အရေးတိုးတက်မှုတွေနဲ့ နုနယ်တဲ့ဒီမိုကရက်တစ်အရေး ကျိုးပျက်မသွားအောင်တားဆီးဖို့ နိုင်ငံ အားလုံး သူတို့ရဲ့သြဇာအာဏာအရှိန်အဝါနဲ့အတူ အကောင်အထည်ဖော်ဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်။”


United Nations Human Rights Office of The High Commissioner/ ohchr.org ဖော်ပြပါ “Comment by UN High Commissioner for Human Rights Michelle Bachelet on Myanmar” အမည်ဖြင့်ဖော်ပြထားသည့်ထုတ်ပြန်ချက်ကို ညောင်နီရွက်(Myanmar Muslim Media)က မြန်မာ ဘာသာသို့ ဆီလျော်အောင်ပြန်ဆိုသည်။

******************************************
END / 251


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*